ဝန်ထမ်းလစာ တိုးပေးရန် ကိစ္စကို နောက်မဆုတ်ဟု သူရဦးရွှေမန်းပြော

ဖေဖေါ်ဝါရီ ၂၂၊ ၂၀၁၂ (YPI) မွန်းလွဲ ၁ နာရီ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ၀န်ထမ်းလစာတိုးပေးရန် အဆိုကို ၎င်းအနေဖြင့် နောက်ဆုတ်မည်မဟုတ်ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အဆောက်အဦတွင် ယနေ့နံနက် ၉ နာရီတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွ္ပဲ၌ ပြောကြားလိုက်သည်။
ထို့ပြင် ဖေဖေါ်ဝါရီ ၇ ရက်နေ့ လွှတ်တော်တွင် ပြည်သူ့လွှတ်တော်တွင် ပာကြားသည့် မိန့်ခွန်းထဲမှ စကားလုံး အချို့ ဖြတ်တောက်ခံရကြောင်း ကိုပါ ထည့်သွင်းပြောကြား သွားသည်။
မိန့်ခွန်းထဲတွင် ရဲရဲဝံ့ဝံ့ သတ္တိရှိရှိ လုပ်သင့်တာလုပ်ဖို့ ဆိုသည့်စကားရပ် တွင် သတ္တိ ဆိုသည့် စကားလုံး ဖြတ်တောက်ခံရသည်ဟုလည်း ပြောဆိုသွားကြောင်း YPI - facebook စာမျက်နှာတွင်ဖော်ပြထားပါသည်။ 
အဆိုပါ သတင်းနှင့်ပါတ်သတ်လို့ The Voice Weekly - facebook စာမျက်နှာတွင်လည်းအခုလို ဖော်ပြထား-
ဝန်ထမ်းလစာ တိုးမြှင့်ရေး မဖြစ်မနေဆောင်ရွက်မည်ဟု သူရဦးရွှေမန်း ပြောဆို

ဝန်ထမ်းလစာ တိုးမြှင့်ရေးမှာ ပြည်ထောင်စုလွှတ်တော်၏ တခဲနက်ထောက်ခံချက်ဖြင့် အတည်ပြုထားသော ကိစ္စဖြစ်၍ ယင်းဆုံးဖြတ်ချက်အတိုင်း မဖြစ်မနေလုပ်ဆောင်သွား မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ယနေ့ နံနက်ပိုင်းတွင် ပြောကြားလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ တွင်ကျင်းပသော ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် မီဒီယာများ ကို ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

"လစာတိုးရင် ကုန်ဈေးနှုန်းမြင့်မယ်။ ကုန်ဈေးနှုန်းမြင့်မှာစိုးလို့ လစာမတိုးဘဲနေလို့ရမလား။ လစာတိုးပေမယ့် ကုန်ဈေးနှုန်းမမြင့်အောင်ဘာလုပ်မလဲ။ ဒါကို စဉ်းစားဖို့လိုတယ်။ လစာတိုးတိုး မတိုးတိုး မဖြစ်သင့်တဲ့ကုန်ဈေးနှုန်းဖြစ်နေတဲ့ ကိစ္စကို ဖြေရှင်းပေးဖို့လိုတယ်"ဟု သူရဦးရွှေမန်းက ပြောကြားသည်။

တက်ရောက်လာသူအများစုက လစာတိုးမြှင့်ပေးရေးကို ထောက်ခံခဲ့ကြပြီး ကုန်ဈေးနှုန်း မြင့်တက်လာခြင်းမရှိစေရန်ကိုလည်း ၄င်းတို့၏ အမြင်များကို ပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။
 The Voice Weekly
 
ဝန်ထမ်းလစာ တိုးပေးရန် ကိစ္စကို နောက်မဆုတ်ဟု သူရဦးရွှေမန်းပြော ၀န်ထမ်းလစာ တိုးပေးရန် ကိစ္စကို နောက်မဆုတ်ဟု သူရဦးရွှေမန်းပြော Reviewed by သစ်ထူးလွင် on 16:29 Rating: 5

28 comments:

rambo said...

you an do it long long ago ...........
don't go back to old style again and again....
some MP's are all the same .....
whatever they say yes yes yes
never ever progress
you want to progress ,you must talk and active
positive way please

tharzaw said...

"လစာတိုးရင် ကုန်ဈေးနှုန်းမြင့်မယ်။ ကုန်ဈေးနှုန်းမြင့်မှာစိုးလို့ လစာမတိုးဘဲနေလို့ရမလား။ လစာတိုးပေမယ့် ကုန်ဈေးနှုန်းမမြင့်အောင်ဘာလုပ်မလဲ။ ဒါကို စဉ်းစားဖို့လိုတယ်။ လစာတိုးတိုး မတိုးတိုး မဖြစ်သင့်တဲ့ကုန်ဈေးနှုန်းဖြစ်နေတဲ့ ကိစ္စကို
ဖရှင်းပေးဖို့လိုတယ်"

လစာတိုးသင့်တာပေါ့ဗျာ ..
စစ်ဘက်ကနေအရပ်ဝတ်ပြောင်းပြီး အရာရှိကြီးတွေလုပ်နေ
ကြသူတွေဟာ သမ္မတကြီးအစ (အငယ်ဆုံး)ဦးစီးအရာရှိအဆုံး
လက်ရှိတာဝန်မှာ အမြင့်ဆုံးလစာကိုခံစားနေတာအပြင်
စစ်ဘက်ကပေးတဲ့ ပင်စင်လစာကိုပါခံစားနေကြရာ နှစ်သီးစား
ဖြစ်နေကြပါတယ်။ လက်ရှိဦးစီးအရာရှိလစာဟာ အနိမ့်ဆုံးမှာ
တစ်သိန်းကျော်ရှိပြီး ၎င်းရတဲ့ပင်စင်ဟာ စာရေးကြီးတစ်ဦးရတဲ့
လစာထက်များပါတယ်။ ပြီးတော့ ရာထူးတက်တာတွေလည်း
အင်မတန်မှမြန်ဆန်ကြပါတယ်။
အရပ်ဘက်ဝန်ထမ်းတွေဟာ လစာလည်းနည်း၊
ရာထူးတက်တာလည်းနှေးကွေးတာတွေကို
ခံစားနေကြရပါတယ်။
ပင်စင်လစာမယူဘဲ လက်ရှိလစာဘဲယူလိုက်ရင်
ဝန်ထမ်းတွေလစာတိုးတဲ့ကိစ္စမှာ တစ်ဘက်တစ်လမ်းက
အထောက်အပံ့ဖြစ်မနေဘူးလားခင်ဗျာ ..
ကျေးဇူးတင်ပါတယ်။
Oh! very bad connection.

minnaing said...

သိပ်ကောင်းပါတယ်ဦးရွှေမန်း။ကျေးဇူးတင်ပါတယ်ခင်ဗျား။

Killer said...

တိုက်ပုံဝတ်လိုက်မှ အဲ့ဒိလေသံတွေထွက်လာတယ်... တိုက်ပုံမချွတ်ချင်ပြန်ဘူးထင်တယ်... သူတို့ကောင်းစားဖို့ အသံကောင်းဟစ်တာပါဗျာ... ပြည်သူအတွက်က ၁% ၊ သူတို့က ၉၉%လေ

san san said...

လစာတိုးခြင်း မတိုးခြင်းထက် တတိုင်းပြည်လုံးအနေနဲ့ ကုန်ဈေးနှန်း ကျအောင်လုပ်ပေးနိုင်ပါ က တိုင်းပြည်က ပိုလေးစား အထင်ကြီး အားကိုးတဲ့ ပြည်သူ့ခေါင်းဆောင်ကောင်း ဖြစ်လာမှာပေါ့

Ar Ga said...

ကုန်ဈေးနှုန်းဆိုတာ တကဘာလုံးတက်နေတာပါဗျာ ... တစ်ခုပဲ၇ှိတယ် ဖြစ်သင့် ဖြစ်ထိုက်တဲ့ ဈေးနှုန်း ဖြစ်အောင် ထိန်းပေးနိုင်၇မယ် ။ ဘယ်လိုထိန်း၇မလဲဆိုတာ ပညာ၇ှင် မဟုတ်လို့ မသိနိုင်ပေမယ့် လာဘ်စားမှု ကိုယ်တိုင်က ကုန်ဈေးနှုန်း တက်စေတယ်လို့ ထင်ပါတယ် ။ လယ်သမား လယ်စိုက် တာကအစ ၊ ဟင်းသီး ဟင်း၇ွက် ၊ သားငါး ။ ထုတ်လုပ် သယ်ပိုး ဖြန့်ချီ၊ေ၇ာင်းချ စတဲ့ အဆင့်တွေ အားလုံးမှာ ဟိုလူ့ပေး၊ ဒီလူ့ကမ်း ။ လုပ်၇တာတွေ၊ လိုင်စင်၇ဖို့ လိုက်၇တာတွေ ၊ အားလုံးက အပိုကုန်တာတွေပါ ။ နောက်ဆုံးတော့ စားသုံးသူကပဲ လှိမ့်ခံနေ၇တာပါ ။ ၇န်ကုန်က ကုန်ဈေးနှုန်းက ကဘာမှာ ဈေး အကြီးဆုံး မြို့တစ်မြို့ ဖြစ်ပြီး အစားအသောက် အားလုံးတင်ပို့ နေ၇တဲ့ စကာင်္ပူနိုင်ငံက ဈေးနှုန်း အတိုင်း ဖြစ်နေတာ ကြည့်၇င် သိသာပါတယ်ဗျာ ။ အပိုကုန်ကျ စ၇ိတ်တွေ အ၇မ်းများနေတာ လျှော့ဖို့ ဆို၇င် ၀န်ထမ်းတွေ လာဘ် မစားပဲ အလုပ်လုပ်မှ ၇မှာပါ ။ ဒါကြောင့် လစာ တိုးပေးပြီး လာဘ်စားတဲ့ ၀န်ထမ်း အေ၇းယူမယ်ဆိုတဲ့ ဦးရွှေမန်းကို ထောက်ခံပါတယ် ခင်ဗျား ......

Sunmoon said...

Commodity cost could be higher due to unreasonable transactional costs by the corrupted government bodies.

ရာရာ said...

ဦးတည်ချက်အလွန်ကောင်းပါသည်။ သို့သော် ဧပြီ တစ်ရက်နေ့အထိ ဆက်၍ သတ္တိကောင်းနေဦးမည်လားဆိုသည်ကိုတော့ စောင့်ကြည့်ရပါဦးမည်။ (မကြာမှီ..လာမည်...မျှော်...ဆိုပြီး လေထဲကလာ၍ လေထဲမှာပျောက်သွားတာတွေ အများကြီးမို့ အယုံလွယ်တဲ့အကျင့်လေးလည်းပျောက်သွားခဲ့တာ ခွင့်လွှတ်ပေးပါခင်ဗျား)

Nwe Yin Win said...

လွှတ်တော်ထဲမှာ အာဏာလုနေသလိုဘဲ၊ သမ္မတကိုယ်စားရှင်းပါတယ်ဆိုမှ သူကနောက်မဆုတ်ဖူးဆိုတော့ သမ္မတကို မင်းနောက်ဆုတ်လို့ပြောတာလား၊ တိုးတာတော့ ဝန်ထမ်းအားလုံးကြိုက်တာပေါ့၊ အစထဲကညှိပြိး ပြောကြပါလား
အခုတော့ ရုပ်ပျက်လိုက်တာ။ ဝန်ထမ်းတွေ လဒ်စားတာ ဖြေရှင်းမယ့် အစီအစဉ်တော့ ချမပြဘူး၊ ကုန်ဈေးနုန်း မတက်အောင် ထိမ်းမယ့် အစီအစဉ်မပါဘူး ၊ တိုးဘို့ဘဲ စွတ်ပြောနေတယ်၊ ဒီအတိုင်းတိုးလို့ကတော့ ပလိုင်းပေါက်နဲ့ ဖားကောက်သလိုဖြစ်နေမှာဘဲ၊

thuyawin02 said...

We optimistic what your proposal

စစ်မုန်းသူ said...

မှန်ပါတယ် ။ လစာတိုးခြင်းပေါ်တွင် မူတည်သောကုန်ဈေးနှုန်းထက် ကုန်ဈေးနှုန်းပေါ်တွင် မူတည်သောလစာသာဖြစ်သင့်ပါသည် ။ ယခုအချိန်ခါသည် မြန်မာပြည်စတင်တည်ထောင်သောအချိန်မှစ၍ အုပ်ချုပ်သူမင်းအောက်တွင် ပြည်သူလူထုအတွက် စားဝတ်နေရေး အခက်ခဲဆုံးကာလဖြစ်နေသည်မှာ ယုံမှားသံသယရှိစရာမလိုအောင်ပင် လက်တွေ့ဘ၀တွေက မီးမှောင်းထိုးပြနေပါသည် ။ မျက်စိပွင့် ၊ နားပွင့်လာကြသော ယနေ့ခေတ်တွင် အစစအရာရာ အလျှင်အမြန်တိုးတက်ဖွံ့ဖြိုးနေသော အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်ကြည့်လျှင်ဘဲ မြန်မာပြည်လူတန်းစား၏ ချွတ်ခြုံကျမှုများမှာ ရှင်းကနဲ ၊ လင်းကနဲ ထင်သာမြင်သာရှိနေပါသည် ။ ဖြစ်ပေါ်လာခဲ့တဲ့ အရင်းမြစ်တရားခံကတော့ တိုးပွားလာသောလူဦးရေနှင့်ကာရန်မိသော လုံလောက်သည့်လူမှုဖူလုံရေး မရှိခြင်းပင်ဖြစ်သည် ။ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ရသည်နှင့်အညီ စားဝတ်နေရေးပြေလည်ရန်အတွက် စာရိတ္တကို ခုတုံးလုပ်ရပါတော့သည် ။ ဤသို့ဖြင့်လူမျိုး၏ ဇာတိမာန်ပျက်သုံးကာ အမျိုးမမှန်သော သူခိုးနိုင်ငံ ဖြစ်လာပါတော့သည် ။

Anonymous said...

လစာ မတိုးလဲရပါတယ် . . . လက်ရှိကုန်ဈေးနှုန်းကို ၁၀ ပုံ ၁ ပုံ ပြန်ကျအောင်လုပ်ပေးရင် ၀န်ထမ်းအသိုင်းအ၀ိုင်း တစ်ခုထဲတင် မဟုတ်ပဲ မြန်မာနိုင်ငံသားအားလုံး အကျိုးခံစားခွင့်ရပြီး တစ်တိုင်းပြည်လုံး ဆင်းရဲ နွမ်းပါးမှု့ ကိုပါ လျော့ချပြီးသားဖြစ်သွားမယ် . .တိုင်းပြည်ကြီး တစ်ခုလုံး စည်းပင်ဝဖြိုး သာယာလာမယ် . . .ဥပမာ . . .
ကြက် ၁ ပိဿာ = ၅၀၀ ကျပ်
ဓါတ်ဆီ ၁ ဂါလံ = ၃၀၀ ကျပ်
ဆန်တစ်အိတ် = ၃၀၀၀ ကျပ်
ကန်စွန်းရွက်၁စည်း= ၁၀ ကျပ် . . . ဒီလိုဈေးသာပြန်ရမယ်ဆို တစ်တိုင်းပြည်လုံးပျော်လိုက်ကြမယ့် ဖြစ်ချင်း . . . လစာ မတိုးလဲ လောက်င သွားပါပြီ . . .

d moe said...

ကောင်းပါတယ်... အလုပ်သမားအခွင့်အရေးဆိုင်ရာလေးတွေကိုပါ ဒီထက်ကျယ်ကျယ်ပြန့်ပြန့်လေး လုပ်စေချင်ပါတယ်...မြန်မာ နိုင်ငံသား တစ်ဦးအနေနဲ့  နိုင်ငံတော်ကနေ တကယ်ပေးမယ့် နိုင်ငံသားအခွင့်အရေးတွေကို ခံစားကြည့်ချင်ပါသေးတယ်...

marga said...

ကောင်းတာလုပ်နေတာကိုတော့ ထောက်ခံနေကြမှာပါ
ရှေ့ဆက်ပြီး အကောင်းဆုံးဆိုတာတွေလုပ်နေနိုင်ပါစေ
ဦးရွှေမန်း ခင်ဗျား။

Unknown said...

အထက်က ကွန်မန့် အားလုံးကို ကျွန်တော် ထောက်ခံပါတယ် ခင်ဗျာ..။

La Minn said...

ကုန်ဈေးနှုန်းသာကျအောင်လုပ်ပေးနိုင်ရင်လုပ်ပေးပါ။ ၀န်ထမ်းတွေအတွက်တင်
မဟုတ်ဘဲ အားလုံးအဆင်ပြေသွားမှာပါ။ ကုန်ဈေးနှုန်းကျအောင်မလုပ်ဘဲ လစာလိုက်တိုးနေလို့ကတော့ ဘယ်တော့မှ တိုးနေလို့ပြီးမှာမဟုတ်ပါဘူး။
ဒိထက်အရေးကြီးတာကလစာတိုးလို့လာဘ်စားမှုမပျောက်ပါဘူး။ လာဘ်စားမှုမျိုးစုံရှိနေလို့လည်းအစစစားရိတ်တွေကြီးပြီးကုန်ဈေးနှုန်းတွေတက်နေတာပါ။Clean Governmentသာလုပ်ပါ။ အောက်ခြေအထိရောက်ပါစေ။ ဟန်ရေးတွေပြ
မနေပါနဲ့၊အရှိအရှိအတိုင်းဖြစ်ပါစေ။ ကိုယ့်ဝမ်းနာကိုယ်သိပါ။ ကိုယ့်ပေါင်ကိုယ်လှန်မထောင်းချင်ဘူး။

Unknown said...

haha! r u dreaming???'
;)

ko myo said...

U shwe mann,go ahead to your target.I also think the salary should be more.In parliament,you cannot fail for this case.

kiddykid said...

ဈေးသွားရမှာကို ကြောက်ကြောက်လာတာ!!!!!

the` maung said...

ဝန်ထမ်းလစာတွေတိုးပြီး၊ ၀န်ကြီးတွေ လစာတွေေ၇ှာ့ပြစ်ရမှာ။ ဒါမှမျှတမှာပေါ့၊

အာကာထက် said...

ကြက် ၁ ပိဿာ = ၅၀၀ ကျပ်
ဓါတ်ဆီ ၁ ဂါလံ = ၃၀၀ ကျပ်
ဆန်တစ်အိတ် = ၃၀၀၀ ကျပ်
ကန်စွန်းရွက်၁စည်း= ၁၀ ကျပ် အဲဒါဆိုရင် တော်ကြာဒီလိုဖြေရှင်နေအုံးးမယ်
တနိင်ငံလုံးကြက်တွေမွေးကြဟေ့-ရေနံတွင်းတွေကို လက်နက်ပါတူးကြဟေ့-
တနိင်ငံလုံး စပါးကို ၁၂ ရာသီလုံးစိုက်ကြဟေ့
တနိုင်ငံလုံးကန်စွန်းရွက်ခင်းတွေဖြစ်အောင်လုပ်ဟေ့ဆိုပြီး ကြံ့ဖွံ့ကိုလိုက်ပြီး
ခိုင်းနေပါအုံးမယ်ကိုယ့်ဘော်ဒါရေ့ သူတို့မှာ စီးပွားရေးအမြင် နိုင်ငံရေးအမြင်
ပြည်သူကို ဘယ်လိုကူညီဖြည့်စည်းပေးရမလဲဆိုတဲ့အမြင်မရှိဘူး သူများနိုင်ငံက လာကူညီမယ်ဆိုလဲ ဘာလဲ ကျွန်ဖြစ်မယ်ဆိုတဲ့စကားက မြေ၀ယ်မကျပြောတုန်း ကမ္ဘာကြီးတခုလုံးက အပြန်အလှန် ကူညီဆောင်ရွက်နေတာကိုလဲနားမလည်ဘူး အစဉ်အဆက်လဒ်စားမှုတွေကိုအရေးအယူဘူး နေ၇ာတိုင်းပေ့းနေရတော့ ဈေးတက်မှာပေါ့ ၀ါးတားဂိတို့ စစ်တောင်းတို့ဆိုတာ မြန်မာပြည်မှာပဲ၇ှိတာလေ အနည်းဆုံး ပြည်ပက ကားသွင်းလာတာကိုပဲကြည့် ဘယ်လောက်ပေးရသလဲဆိုတာ သတင်းမှာ မတွေ့ချင်အဆုံးပေါ့ ဒါတောင်မီဒီယာတွေက အခုမှလွတ်လပ်ခါစရှိလို့သိ၇တာ အရင်ကဆို ဘယ်လောက်များထင်တိုင်းကြဲနေသလဲဆိုတာ စဉ်းစားကြည့်တော့၊သမတ အနေနဲ့ လုပ်ရမှာက ဆင်းရဲမွဲတေမှုပပြောက်ရေးထက် လဒ်စားမှုအဆင့် ကမ္ဘာ့ မှတ်တမ်းကနေ ပြေ့ပာက်ရေးကို ဦးစားပေးလုပ်လိုက်စမ်းပါ လွတ်တော် ဥက္ကဌပြောနေပြီ သတ္တိ၇ှိပါ အားနာနေရင်လဲလဒ်စားမှုတမျိုးပါပဲတဲ့ လွတ်တော်ဥက္ကဌနဲ့ သမတ နေရာလဲလိုက်ပါလားဗျာ အဲဒါဆို လူမှန်နေရာမှန်ဖြစ်သွားမယ်

ဇော်ဇော် said...

ဦးရွှေမန်းကြီးကိုထောက်ခံပါတယ် လစာတိုးပြီး ကုန်ဈေးနှုန်းထိန်းညှိခြင်းသည် မှန်ကန်တဲ့လုပ်ဆောင်မှုလို့မြင်ပါသည်...

Killer said...

လစာတိုးပြီဟေ့.... ဒါပေမဲ့ဈေးမသွားနိုင်ဘူးဗျာ... ကုန်ဈေးနှုန်းကပိုတိုးသွားလို့လေ... မရောင်ရာဆီလူးနေတယ်... ကုန်ဈေးနှုန်းသာချစမ်းပါဗျာ...

အောင်ဗလ said...

အားလုံးကိုခြင့်ချိန်ပြီးမှတိုးစေချင်ပါတယ်။
အလုပ်မလုပ်ဘဲ ညာစားပြီးလစာယူနေတဲ့ဝန်ထမ်းညာတွေ
ဌာနတွေမှာပိုနေတဲ့ ၀န်ထမ်းပိုတွေ
တပ်မတော်မှာ မလိုအပ်ဘဲခန့်ထားတဲ့ဗိုလ်ပိုတွေကို
အရင်ဖြုတ်ပေးစေချင်ပါတယ်။
ပြီးတော့မှတဆင့်ချင်းတိုးပေးရင်ပိုကောင်းပါလိမ့်မယ်။
လစာဆိုတာကလည်း
အခွန်ထမ်းပြည်သူတွေရဲ့အခွန်ငွေတွေနဲ့ဘဲပေးရတာမဟုတ်လား။
လစာတိုးပေးဖို့အခွန်တွေတိုးကောက်မယ်ဆိုရင်....................................

hlaing said...

ဝန်ထမ်းတစ်ဦး အနေနဲ့ပြောရရင်တော့ လစာတိုးတာကောင်းပါတယ် ဒါပေမယ့် ကုန်ဈေးနှုန်းမတက်ဘဲ လစာတိုးမယ်ဆိုရင်တော့ အရမ်းကောင်းပါတယ် အောက်ခြေ၀န်ထမ်းအဆင့်လစာဟာ အလုပ်ကြမ်းသမားလစာထက်နည်းပါတယ် အောက်ဆုံးအဆင့်ဝန်ထမ်းလစာဟာ 35000ပဲရှိတဲ့အတွက် မီတာခနှုတ်ရင်ဘာမှမကျန်တော့ပါဘူး၊ နေပြည်တော်မှာနေတဲ့ဝန်ထမ်းအနေနဲ့ပြောရရင် မိသားစုနဲ့ဝေးကွာနေတဲ့အတွက် အသွားအပြန်ကားခဟာလဲမနည်းပါဘူး၊ ၀န်ထမ်းတွေအဆင်ပြေအောင်ထားပေးထားတယ်ဆိုပေမယ့် မိသားစုများတဲ့အောက်ခြေ၀န်ထမ်းတွေကိုငဲ့စေချင်ပါတယ်၊ စစ်တပ်ကပင်စင်ယူတဲ့အရာထမ်းတွေဟာ အရပ်ဖက်ကိုပြောင်းလာရင်အနည်းဆုံးဦးစီးအရာရှိရာထူးကို စယူပြီးဝင်လာကြတဲ့အတွက် အောက်ခြေကတက်မယ့်အရပ်ဖက်ဝန်ထမ်းတွေအတွက်အရမ်းကိုနစ်နာပါတယ်၊

Toe Gyi said...

ကုန်ဈေးနှုန်းကို ကျဆင်းအောင်အလုပ်နိုင်တာ ကုန်ဈေးနှုန်းဆို တာကြီးကို မလွန်ဆန်နိုင်တဲ့ ပုဂ္ဂိုလ်ကြီးကများ သတ်မှတ်ပေး ထားတာလား၊ ဒါမှမဟုတ် တခြားကမ္ဘာ့ဂြိုဟ်က သတ်မှတ်ပေး ထားလို့ ကျဆင်းအောင်မလုပ်နိုင်တာလားဗျာ၊ ဗိုလ်ချုပ်ကြီး တင်ဦး အတွင်းရေးမှူး(၂) တုန်းက အတိုင်းအတာတစ်ခုအထိ ကုန်ဈေးနှုန်းကို ထိန်းထားနိုင်ခဲ့ပါတယ်။ ဘာကြောင့်လဲ?

Unknown said...

ကြက် ၁ ပိဿာ = ၅၀၀ ကျပ်
ဓါတ်ဆီ ၁ ဂါလံ = ၃၀၀ ကျပ်
ဆန်တစ်အိတ် = ၃၀၀၀ ကျပ်
ကန်စွန်းရွက်၁စည်း= ၁၀ ကျပ်
ဖြစ်အောင်လုပ်ဖို့က နှစ် ၅၀ လောက် နောက်ကျနေပါပြီ

Bravo said...

မဆလ အတက်မှာ မှန်တာပြောလို့ အဖမ်းခံရတဲ့ ဗိုလ်ချုပ်တယောက်ရဲ့ အပြောလေး ဒီနေရာမှာ သတိရလို့ လက်ဆင့်ကမ်းပါရစေ။ ဒီနေ့၊ ဒီအစိုးရ လက်ထက် ၁၀/-ကျပ်နဲ့ ထမင်းတနပ်စားရတယ်။ နောက်အစိုးရတက်လို့ ထမင်းတနပ် ၈/-ကျပ်ဖြစ်သွားရင် အဲဒီအစိုးရကို ပြည်သူပိုလိုလားမှာပဲ။ အဲ ၁၂/-ကျပ် ၁၃/-ကျပ်ဖြစ်သွားရင်တော့ မလိုလားဘူးတဲ့။
ွှအဲဒီတော့ လစာတိုးတိုး၊ မတိုးတိုး။ ၁၀၀၀/-ကျပ်ပဲရရ၊ ၁၀၀,၀၀၀/-ကျပ်ပဲပေးပေး၊ တကယ်ပြည်သူလိုလားတာကတော့ ဝင်ငွေနဲ့ စားသောက်စရိတ်ဖူဖူလုံလုံ ဖြစ်မယ်၊ အတန်အတင့်စုဆောင်းမိမယ်ဆိုရင် အကောင်းဆုံးပေါ့။ လစာတိုးဖို့ချည်းတခုထဲအော်မနေပဲ ဖူလုံလောက်ငှဖို့ စဉ်းစားကြပါ။

Powered by Blogger.