သတ်္တိမရှိခြင်းသည် အဂတိလိုက်စားခြင်းဖြစ်သည်ဟု သူရဦးရွှေမန်းပြောကြား

ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်
သတ္တိရှိဖို့လိုတယ်လို့ ပြောတဲ့ ဦးရွှေမန်း
မြတ်ဇေ၊
ရန်ကုန်၊ ဇန်န၀ါရီ-၂၂
သတ်္တိမရှိခြင်သည် အဂတိလိုက်စားခြင်းဖြစ်သည်ဟု  မိမိထင်ကြေင်း ပြည်သူ့လွှတ်တော်ဥက်္ကဌ သူရရွှေမန်းက ပြောကြားသည်။
ဖေဖော်ဝါရီလ ၂၂ ရက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အ ဆောက်အအုံတွင်ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ်္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်တွေ့ဆုံပွဲတွင် ၄င်းကအထက်ပါအတိုင်းပြောကြား သွားခဲ့ခြင်းဖြစ်သည်။
    ““သတိ္တမရှိဘူးဆိုတာကို မှားရင်လဲမှာမယ်ပေါ့။ ပြောမယ်ဆိုရင်  တော့ သတိ္တမရှိတာဟာလဲ အဂတိ တရားလိုက်စားတာလို့ပဲ ပြောရမှာပဲ။ ဆန်္ဒ၊ ဒေါသ၊ အဘရာ၊ မောဟ။ ပြောလိုက်တယ်ဆိုရင်ပဲ ကိုယ့်ကိုဒုက်္ခ ရောက်မှာကြောက်တယ်ဆိုတာက လဲ ကျွန်တော် အဂတိတစ်ခုလို ထင်မိတယ် ”” ဟု သူရဦးရွှေမန်းက ဆိုသည်။
    လွှတ်တော်ကိုယ်စာ လှယ်များအနေဖြင့် အဂတိကိုဖြစ်စေ သော အပြုအမှုများမဖြစ်စေရန်၊ အလားတူမိမိတို့က ဆောင်ရွက်ပေး လိုက်သောလူများကိုလည်း အဂတိကိုဖြစ်စေသော၊ အဂတိကို ရှေ့ရှုသောအဖြစ်မျိုးမဖြစ်စေရန် မိမိ အနေဖြင့်တိုက်တွန်းလိုကြောင်း၊ သူများကို တိုက်တွန်းသလို မိမိအနေ နဲ့ လဲလုပ်ရမည်သာဖြစ်ကြောင်း ၊ ထိုပြင် မိမိ၏ လူများကို လဲ တိုက်တွန်းထားကြောင်းး ၊ သို့သော် ၄င်းတို့ကြောက်နေဆဲသာဖြစ် ကြောင်း၊ ခေတ်ပြောင်းစနစ်ပြောင်း လာ ပြီဖြစ်ကြောင်း၊ မိမိတို့သည် ပြည်သူများ၏ကိုယ်စားလှယ်များ သာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက်္ကဌ သူရဦးရွှေမန်းကပြောကြား သည်။
    ပြည်သူ့လွှတ်တော် ဥက်္ကဌသူရဦးရွှေမန်းသည် အထက်ပါ အခမ်းအနားတွင် လွှတ်တော်ကိုယ် စားလှယ်များ၊ ပြည်သူများသတိ္တရှိကြ ရန်အတွက် သတိ္တရှိရန်ဆိုသော စကားလုံးကိုဆယ်ကြိမ်ထက်မက ပြောကြားသွားခဲ့သည်။
    ““ကျွန်တော်က လွှတ် တော်ထဲမှာလဲ ရဲရဲဝံ့ဝံ့သတိ္တရှိရှိဆိုတဲ့ စကားလုံးကိုပြောခဲ့ပေးမယ့် သတင်းထဲမှာကျတော့ ရဲရဲဝံ့ဝံ့ဆိုတဲ့ စကားတော့ပါပြီးသတ်္တိဆို တာမပါလာဘူး”” ဟု သူရဦးရွှေမန်း ကလွှတ်တော်အတွင်းဆွေးနွေးခဲ့ သောအချက်အလက်များနှင့် ပတ်သက်ပြီးပြောကြားခဲ့သည်။
    ဆက်လက်ပြီး၎င်းင်းက သတိ္တနှင့် ပတ်သက်သည့် အကြောင်း အရာများကိုပြောကြားရာတွင် သတိ္တမရှိပါကအကုန်ဆုံးရှုံး တက်ကြောင်း၊ သတိ္တသည်မိုက်မဲခြင်းနှင့်မယှဉ်နိုင်သောတာဝန် ကျေပွန်မှုပင်ဖြစ်ကြောင်း၊ လူအများသည် ကောင်းသည်ဟု ပြောခံရခြင်းထက် သတိ္တရှိသည်ဟု ပြောခံရခြင်းကို ပိုမိုနှစ်သက်သည်ကြ ကြောင်း စသဖြင့် သတိ္တရှိခြင်းနှင့် ပတ်သက်သည့် စကားပုံများကိုလဲ ပြောကြားသွားခဲ့သည်။
    အဆိုပါအခမ်းအနား တွင် ပြည်သူ့လွှတ်တော်ဥက်္ကဌ သူရဦးရွှေမန်းက အမှာစကားပြော ကြားသွားခဲ့သည့် အချိန်၌ သတိ္တနှင့် ပတ်သက်သည့် စကားများပြောကြား သွားခြင်းကြောင့် တက်ရောက်လာ သော စီးပွားရေးပညာရှင်များ၊ စီးပွား ရေးလုပ်ငန်းရှင်များနှင့် ဘာသာရပ် ဆိုင်ရာကျွမ်းကျင်ပညာရှင်များက ၎င်းင်းတို့တင်ပြလိုသည့်အကြောင်း အရာနှင့် ပတ်သက်ပြီးပွင့်ပွင့်လင်း လင်း တင်ပြဆွေးနွေးသွားခဲ့ကြသည်။
    ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ်္စရပ် များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်တွေ့ဆုံပွဲတွင် ပြည်သူ့ လွှတ်တော်ဥက်္ကဌသူရဦးရွှေမန်းက ၀န်ထမ်းများလစာထိုးရေးကိစ်္စနှင့် ပတ်သက်ပြီး ပြည်ထောင်စုလွှတ် တော်တွင်တင်ပြဆွေးနွေးခဲ့ခြင်း များကိုထပ်မံရှင်းလင်းပြောကြား သွားခဲ့သည်။
  The Express Times
ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်
သတ္တိရှိဖို့လိုတယ်လို့ ပြောတဲ့ ဦးရွှေမန်း

သတ်္တိမရှိခြင်းသည် အဂတိလိုက်စားခြင်းဖြစ်သည်ဟု သူရဦးရွှေမန်းပြောကြား သတ်္တိမရှိခြင်းသည် အဂတိလိုက်စားခြင်းဖြစ်သည်ဟု သူရဦးရွှေမန်းပြောကြား Reviewed by သစ်ထူးလွင် on 16:55 Rating: 5

28 comments:

bb said...

Aww, poor U Shwe Mann, he is also a victim of sensorship. Any way, I really support what you have said. Bravo!!!

yin win said...

ကောင်းပါတယ်..
အခက်အခဲကြူံနေရတဲ့ကာလမှာ ဆုံးဖြတ်ချက် မှန်ဖို့တော်တော် အရေးကြီးပါတယ်..လွှတ်တော်မှာ တင်ပြလာတဲ့ အဆိုတွေဟာ ပြည်သူတွေ အပေါ်တကယ် စေတနာ ထားလို့ ဆိုရင်တော့ ...လေးစားပါတယ် သူရဦးရွှေမန်း.. လူ့တန်ဖိုး ဟာ သူအသက်ရှင်နေတုန်းက..လူ့အကျိုးပြူလုပ်ငန်းတွေဘယ်လောက်လုပ်ပေးနိုင်ခဲ့သလဲဆိုတာနဲ့တိုင်းတာရတယ်...ဆိုတဲ့အဆိုကို ကျနော်တော်တော် လက်ခံတယ်ဗျာ..

Ar Ga said...

လေးစားပါတယ် ဦးသူ၇ေ၇ွှမန်း ၊ အောင်မြင်ပါစေ .....

အောင်ဗလ said...

ဦးရွှေမန်းခင်ဗျား
အပြောချည်းသက်သက်မဟုတ်ဘဲ
အလုပ်နဲ့ပါသက်သေပြမယ်ဆိုရင်တော့
သာဓု၊ သာဓု ဆက်ပါအုံးမည်။

ko htoo said...

လေးစားပါတယ် ဦးရွှေမန်းခင်ဗျား။ ရှေ့ဆက်ပြီးလဲ တိုင်းပြည်ကောင်းစားရေးကို သတ္တိရှိရှိဆောင်ရွက်ပေးစေလိုပါတယ်။

maungmaung said...

လေးစားပါတယ်

thuyawin02 said...

If u right, we wouldn't hesitate u support u .

Public Servant said...

ကောင်းတာ လုပ်ပေးတဲ့သူ မည်သူ့ကိုမဆို
"ရဲရဲဝံ့ဝံ့သတိ္တရှိရှိ" ထောက်ခံတယ်ဗျာ။

WTN said...

i support thura shwe mann in this as he wants in the government structure and among the citizen of the country to demonstrate true courage and transparency.
thanks to shwe mann and keep going with such good positive things.

marga said...

အောင်မြင်ပါစေလို့ ဆုတောင်းပေးနေရတော့မှာပဲ

Anonymous said...

လွှတ်တော်မှာ တင်သွင်းသမျှ ၊ အဆိုပြုသမျှ သတင်းအချက်အလက်တွေကို ပြည်သူကို အကုန်သိစေချင်တယ် ဆိုရင်တော့ ကျော်ဆန်း နေရာကို လူပြောင်းလိုက်ပါ . . . သတင်းနဲ့ ပြန်ကြားရေးက ကျော်ဆန်း မီဒီယာ ဖြစ်နေလေတော့ သူမကြိုက်တဲ့ စကားလုံးဆို သူက ဖြတ်ပြစ်မှာပဲလေ. . ပြည်သူ့ အတွက် မြန်မာ့အသံ မှမဟုတ်ပဲ . . . ကျော်ဆန်းအတွက် မြန်မာ့အသံ ဖြစ်နေတာ အခုသိပြီမလား လွှတ်တော်ဥက္ကဌ ကြီး . . .သတင်းအမှန်ကို ပြည်သူဆီ အတိအကျ သိစေချင်ရင် ကြည့်သာရှင်းပါတော့လို့  ပြောပါရစေ . . .

ko htoo said...

သူရဦးရွှေမန်းရဲ့သတ္တိကိုတော့မြင်နေရပါပြီဗျာ။ သီပာသူရ ဆိုတဲ့ပုဂ္ဂိုလ်ကြီးရဲ့သတ္တိကိုလည်းမြင်ချင်လှပါဘိ။

GURU MYO said...

ဝန်ကြီးဦးလှထွန်း (ဘဏ္ဍာအခွန်) သာ ဦးရွှေမန်းကြီးရဲ.
ခြေဖျားလောက် သတ်တိ ရှိရင် ဘယ်လောက်ကောင်းမလဲဗျာ၊
အရပ်သားဝန်ကြီးလုပ်စားလာတာအံသွားတွေမရှိတော့ဘူး
ခုထိကြောက်ချီးပန်းနေတုံးပါဘဲ။
အနီးလည်းမမြင်ဘူး၊ အဝေးကျတော့ကန်းနေရှာတယ်။
Short-term Pain နဲ. Long-term Gain
တွေ ကိုမျှတအောင်မမြင်တတ်တဲ့ ဒီလိုပညာမဲ့တဲ့
ဝန်ကြီးမျိုးကို မြန်မြန်မောင်းထုတ်သင့်ပါပြီ။

Roxana M said...

I hope U Shwe Mann (not just him but all the current civil servants) comes to this site and sees what people have to say. From the comments above it clearly points out that people are ready to support you for your persent good deeds rather than lamenting on yout past actions. Comments can be either positive or negative it does not really matter but what important is that these are voices of people.

usoelwinoo said...

I LIKE BEST NEW.

Anonymous said...

ကျေးဇူးတင်ပါသည်.....
ကျန် အစိုးရအဖွဲ့တွေ (ဂွင်သမားတွေ) ကို မကြောက်မရွံ့ သတ္တိရှိရှိ ရင်ထဲက ပြောသည်ဟု ယုံကြည်မိပါသည်....
မှန်ကန် ရင် ကွဲမှာပဲ ဆိုတဲ့ Formula မရှိတော့တာ သေခြာရဲ့လား လို့....

zawana said...

ဦးရွှေမန်း သူရဘွဲ့  နဲ့ ထိုက်တန်ပါပေတယ်

thurakyaw(မန္တလေး)) said...

သူရဦးရွေမန်းပြောခဲတာတွေကိုစဉ်းစားကြည့် ရတာအကောင်း
ဘက်ကိုမြင်ပါတယ် ကြိုက်လည်းကြိုက်ပါတယ်လေးစားပါတယ်
ဘာလို့ လည်းဆိုရင်နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က လွတ်တော်ကအတည်ပြုပြီးတာတွေကို လက်ခံလက်မှတ်ထိုး
တာဆိုတော့  လောလောဆယ်မှာ သူရဦးရွေမန်းရဲ့  လုပ်ပိုင်ခွင့် 
ကနေပြီးတော့ ပြည်သူကို ပွင့် ပွင့် လင်းလင်းချပြတာကို ကျေးဇူး
တင်ပါတယ်ဆိုတာထက်လေးနက်တဲ့ စကားကိုတောင်သုံးပြီး
တော့ ပြောချင်ပါတယ် ဘာလို့ လည်းဆိုတော့ နိုင်ငံတော်ရဲ့ 
အနာဂတ်အရေးတွေကိုပြင်ဆင်ရေးဆွဲနေတာဟာ လွတ်တော်
ဖြစ်နေလို့ ပါ နိုင်ငံအရေးကိုကောင်းအောင်ပြုပြင်ရေးဆွဲနေသူ
တွေအားလုံးနဲ့ နိုင်ငံအရေးကိုကောင်းအောင်ပြုလုပ်နေသူတွေ
အားလုံးကိုအထူးပဲဂုင်္ဏပြုလေးစားအပ်ပါတယ်လို့ ပြောချင်ပါ
ပါတယ်။

tin said...

Are you sure?

Unknown said...

ဒါမှတကယ့် ပြည်သူ့ဘက်တော်သား။ ဒီ ကွန်မန့်တွေကို ဦးရွှေမန်း ဖတ်ကြည့်စေချင်ပါတယ်။

ဦးရွှေမန်း ခင်ဗျား
ရထားသော သူရဘွဲ့ နှင့် အလွန်ထိုက်တန်လှပါသည်။
ပြည်သူအပေါ် ဥက္ကဌ ကြီး ယခုလို စေတနာရှိနေသရွေ့ အမြဲထောက်ခံနေပါမည်။
ပြည်သူ့ အားသာ အကြီးဆုံးဖြစ်ကြောင်း သိစေလိုပါသည်။
လူသေသွားရင် တောင် နာမည် ဘယ်တော့မှ မသေမဲ့ ယခုလုပ်ငန်းစဉ်များကို သတ္တိရှိရှိနှင့် ဆက်လက်လုပ်ဆောင်သွားပါ၊ ပြည်သူလူထုတစ်ရပ်လုံး ဦးရွှေမန်း၏နောက်မှာ ရှိကြပါမည်။

မေတ္တာရှင် said...

လူ့အခွင့်အရေးကို မြတ်နိုးသူ ကြားရသူအပေါင်း ကြေနပ်လောက်ပါတယ်။
ကျွန်တော်တို့ ဗမာတွေ တော်တယ်၊ သိတယ်၊ သတ္တိရှိတယ် ဆိုတာ သမိုင်းများစွာ ရှိပါတယ်။

nationalism said...

let proove it ,don't be air

123456 said...

အပြောကတော့ ရွှေမန်း ။

tharzaw said...

သူရဘွဲ့နှင့်ထိုက်တန်သောဦးရွှေမန်းပါ။ လေးစားပါတယ်။
လက်တွေ့အကောင်အထည်ဖော်ဖို့တော့လိုတာပေါ့။
သတင်းဝန်ကြီးကျော်ဆန်းကိုတော့ ဖြုတ်သင့်ပါတယ်။
အားကစားတင့်ဆန်းရောပေါ့။

Toe Gyi said...

သတ္တိ ဆိုတဲ့ စာသား သတင်းမှာကျန်ခဲ့ ရတာကတော့ သတင်း ထုတ်တဲ့ ပုဂ္ဂိုလ်တွေ အကျင့်ပါနေလို့ပါ သက်ကျားအိုကြီး လက်ထက်က ချန်ခိုင်းတာတွေများတော့ အကျင့်ပါပြီ ချန်ခဲ့တာနဲ့ တူပါတယ်ဗျာ။

အာကာထက် said...

အစိုးအရအဖွဲ့ ၀င်ဝန်ကြီးဆိုတာ ပြည်သူအတွက်အလုပ်အကြွေးပြုရမဲ့ ပြည်သူ့ဝန်ထမ်းဆိုတာကို ပြည်ထောင်စုဝန်ကြီးကျော်ဆန်းတို့တင်ဆန်းတို့မေ့နေပါတယ် ဦးရွေမန်း
သူတို့ကိုသူတို့ အရမ်းတော်လို့တတ်လို့ အထင်နဲ့ ပြည်သူကိုအထက်စီးကနေ လုပ်ချင်တာလုပ်နေပါတယ်ဒီမိုကရေစီစနစ်နဲ့ကျ့င့်စဉ်ဆိုတာ အောက်ကနေ အထက်ကို သွားတာပါ ဒီဝန်ကြီးတွေဟာ ပြည်သူအတွက် အကျိုးမရှိဘူးဆိုရင် ထားမနေပါနဲ့ ဖြုတ်လိုက်ပါ ကြံ့ဖွံ့မှာ တခြားပညာတတ်တွေမရှိကြတော့ဘူးလားခင်ဗျာ ပြည်သူမျက်နှာကိုကြည်ပါ တနင်္လာရီတိုင်း က ၀န်ကြီးချုပ်ခင်ဇော်ကိုအရေးယူလိုက်တာ ပြည်သူတွေ စိတ်ချမ်းသာမဆုံးဖြစ်နေပါတယ် အခုတနင်္လာရီးတိုင်းမှာ ဘာသံမှမကြားရတော့ပါ အဲဒါကိုနမူနာ ယူလိုက်ပါ

La Minn said...

နှိုင်းဆချင့်ချိန်ပြီး သင့်၏မသင့်၏ဆုံးဖြတ်နိုင်တာစွမ်းရည်သတ္တိတစ်မျိုးပါ။
လက်ရှိအခြေအနေကိုမသုံးသပ်ဘဲ မိမိကိုယ်ကျိုး(သို့)ပါတီအကျိုးအတွက်
ရှေ့နောက်မဆင်ခြင်ဘဲ မိုက်ရူးရဲ လူပေါ်လူဇော်လုပ်ပြချင်တာ သတ္တိမဟုတ်ပါ။
(ဆန္ဒ)အလိုလိုက်တာလည်း အဂတိလိုက်စားမှုပဲဖြစ်ပါတယ်။ ကိုယ်(သို့)ပါတီ
အကျိုးအတွက် ၀န်ထမ်းတွေကိုလာဘ်မထိုးပါနဲ့။ အကျင့်ဆက်မဖျက်ပါနဲ့။
ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရောက်ဖို့အားလုံးကြိုးစားနေကြရတုန်းပါ။
သွေးမခွဲပါနဲ့၊ ရန်မတိုက်ပါနဲ့၊ စိတ်ကောင်းထားပါ။

Unknown said...

I think Thura U Shwe Mann know very well what he is speaking about though I like his current reform oriented movement. Parliament is dominated by USDP about 90% majority, there is military MPs to back up and ensure not to happen any deviation from their dictated sham constitution, yet they are shouting they need to be courageous, just to do for the good of people of Myanmar and what military regime fail to do as a duty of a ruling government.I don't think there is much need of courage in implementing what U Shwe Mann suggested as it is quite different to oppose a regime with the backing of military. If there is need of courage, that must be courage to accept the truth that making those reforms for the country will endanger the benefits of elites and their cronies as it will bring democracy to country.Yet that is not real courage as top members of USDP cannot prove that they are 100% uncorrupt and sincere.

Powered by Blogger.