ပြည်သူ့ဝန်ထမ်းများအား အဆင်ပြေလျှင် အနိမ့်ဆုံး ပျမ်းမျှတစ်လကျပ်တစ်သိန်းနှုန်းပေးရန် လွှတ်တော်ဥက္ကဋ္ဌသ၀ဏ်လွှာပို့

ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း
နေပြည်တော်၊ ဖေဖော်ဝါရီ- ၂၁

နိုင်ငံတော်တွင် ငွေကြေးလုံလောက်အဆင်ပြေလျှင် ပြည်သူ့ဝန်ထမ်းများအား အနိမ့်ဆုံးပျမ်းမျှ တစ်လကျပ်တစ်သိန်းနှုန်းဝန်းကျင်ဖြင့် လုပ်ခလစာတိုးမြှင့်ပေးသင့်သည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်ထောင်စုလွှတ်တော် နာယကထံသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ထည့်သွင်းထားသည်။

ထိုအတိုးနှုန်းအတိုင်း သတ်မှတ်ထားပါက ထိုက်သင့်သော အခွန်နှုတ်လျှင်ပင် တစ်လကျပ်ရှစ်သောင်း၊ ကျပ်ကိုးသောင်းရရှိမည်ဖြစ်ကြောင်း သ၀ဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။ ငွေကြေးလုံလောက်အဆင်မပြေသေးပါကလည်း ဖြစ်နိုင်သလောက် တိုးမြှင့်ပေးသင့်သည်ဟု ပါဝင်သည်။

လစာတိုးမြှင့်ရန်အတွက် ပြည်ထောင်စုလွှတ်တော်သို့တင်ပြလာသည့် စီမံကိန်းများ၊ လုပ်ငန်းပရောဂျက်များနှင့်  လောလောဆယ် ဆောင်ရွက်ရန် မသင့်သေးသော စီမံကိန်းလုပ်ငန်းများကို ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ခွင့်ပြုခြင်းများ ပြုလုပ်ရမည်ဖြစ်သည်။

ယင်းစီမံကိန်းများအတွက် ဥပမာပေးရာတွင် စက်မှုဖွံ့ဖြိုးရေးစီမံကိန်းနှင့် နေပြည်တော်ဖွံ့ဖြိုးရေးစီမံကိန်းတို့ကို ဥပမာပေး ပြောကြားသွားသည်။
ဆက်လက်စိစစ်ပါက အခြားစီမံကိန်းများလည်းရှိနိုင်သည်ဟု သ၀ဏ်လွှာတွင် ပါဝင်သည်။

7Day News Journal
ပြည်သူ့ဝန်ထမ်းများအား အဆင်ပြေလျှင် အနိမ့်ဆုံး ပျမ်းမျှတစ်လကျပ်တစ်သိန်းနှုန်းပေးရန် လွှတ်တော်ဥက္ကဋ္ဌသ၀ဏ်လွှာပို့ ပြည်သူ့ဝန်ထမ်းများအား အဆင်ပြေလျှင် အနိမ့်ဆုံး ပျမ်းမျှတစ်လကျပ်တစ်သိန်းနှုန်းပေးရန် လွှတ်တော်ဥက္ကဋ္ဌသ၀ဏ်လွှာပို့ Reviewed by သစ်ထူးလွင် on 15:45 Rating: 5

11 comments:

Anonymous said...

ကြိုဆိုပါတယ်ဗျား ဦးရွှေမန်းရဲ့ စေတနာကို ယုံကြည်လေးစားပါတယ်ခင်ဗျား။

twttaygn said...

အမြန်တိုးပေးပါရန် ထောက်ခံပါသည်။

Anonymous said...

အဆင်ပြေလျှင်တဲ့ .........

WTN said...

Increment of salary for government employees for the basic workers is a priority to be carried out for nation building. Other things are 2nd, 3rd,....priority.
So I strongly agree and support the statement proposed by Thura Shwe Mann.
So government should do this immediately.

nwe win said...

အလွန်ကောင်းသောသတင်းဖြစ်ပါသည်။ လစာတိုးပြီးပါက လာဘ်ပေးလာဘ် ယူမှုများနှင့် ပစ္စည်းဝယ်ယူခြင်း စီမံကိန်းတည်ဆောက်ခြင်း နှင့် ကားပြင်ခြင်း များတွင် %ဖြင့် တိုင်းပြည်ဘဏ္ဍာကို ခိုးနေသော၊ မိမိခံစားရမည့် မော်တော်ယာဉ် အရေ အတွက်များထက်ပိုယူပြီး တိုင်းပြည်ပိုက်ဆံများဖြင့် စက်သုံးဆီများ ဝယ်ယူ၍ သား၊ သမီးများအသုံးပြုရန် နှင့် ကိုယ်ရေးကိုယ်တာကိစ္စများ အသုံးပြီး စိတ်ထင်တိုင်းကြဲနေသော ဝန်ကြီးများ၊ ဒုတိယဝန်ကြီး များ၊ညွှန်ချုပ်များ(ဥပမာ စီမံ/စီးပွား ဝန်ကြီး ဦးတင်နိုင်သိန်းဆိုလျင် မိမိ ခံစားရမည် ကားအပြင် ဝန်ကြီးဌာနပိုင်ကား(7)စီးယူ၍ တိုင်းပြည်ဘဏ္ဍာ ငွေဖြုန်းတီးနေခြင်း၊ ၎င်းပိုင် သရက်ခြံ အလုပ်သမားများလုပ်ခနှင့် ဖုန်းခများ အိမ်သုံးရန်အတွက် ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာနမှ လစဉ် ကျပ်(10)သိန်းနှင့် (15)သိန်းကြားအား ထောက်ပံ့ပေးရခြင်း၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ချုပ် ဦးတင်ထူးမှာလည်း ယာဉ်များပြင်ဆင်ရာတွင် ပြင်ဆင်စရိတ်၏ 10%ရယူခြင်း၊ မာစီးဒီးကား အပိုပစ္စည်းများဝယ်ယူခြင်းနှင့် ဘက္ထရီတာယာများဝယ်ယူရာတွင် တန်ဖိုး၏5%ရယူခြင်း၊ အဆောက်အဦများ ဆောက်လုပ်ရာတွင် တန်ဖိုး၏3%ရယူခြင်းများကို ပြုလုပ်ပြီး တိုင်းပြည်ဘဏ္ဍာကို ဖြုန်းတီးလျက် ရှိခြင်း) နှင့် စစ်ဘက်ဆိုင်ရာ အကြီးအကဲများ၊ GEတပ်မှပုဂ္ဂိုလ်များလမ်းတွင်လူမြင်မကောင်းပိုက်ဆံ တောင်းနေသော မော်တော်ပီကယ်များကို ပြတ်ပြတ်သားသား ထိထိရောက်ရောက် အရေးယူသင့်ပါကြောင်း သစ်ထူးလွင်မှ တဆင့် ပြည်သူ့ လွှတ်တော် ဥက္ကဌကြီးထံ တင်ပြပေးစေလိုပါသည်။ဒီမှာတင်ပြရင် စာတွေက အောက် ခြေတင် ပျောက်သွားပါသည်။

soe myat said...

ဦးရွှေမန်းကို ကျေးဇူးအထူးတင်ပါတယ်

momo said...

နေပြည်တော်ဖွံဖြိုးေ၇း စီမံကိန်းဟာ ၇ပ်ဆိုင်းသင့်ပါတယ် ပိုပြီးနိင်ငံအတွက်အကျိုးများမဲ့ စီမံကိန်း တခုခုနဲ့ အစားထိုးသင့်ပါတယ် ဥပမာ ဟိုတည်များ တည်ဆောက်သင့်ပါတယ်

United States of Myanmar said...

I believe you and U Thein Sein than other senators

maxdiego said...

တိုးမဲ့တိုး လောက်လောက်ငှငှ ဖြစ်အောင်တိုးပါဗျို့ ...မပာုတ်၇င်မတိုးတာပဲကောင်းတယ်...ဒီကုန်ဈေးနှုန်းနဲ့  ဂျပ်အေး သူ့ မေရိုက်နေတာပဲ အဖတ်တင်လိမ့်မယ်...၁၀၀၀၀၀ နဲ့  က လူတစ်ယောက်အတွက်ပဲ စားလို့ ၇မှာ.တစ်အိမ်သားလုံးစားလို့ ၇မှာ မပာုတ်ဖူး ...လစာတိုးမဲ့သတင်းတွေကို သေချာမှ ဖြန့် ဝေသင့်တယ်..မပာုတ်၇င် ကုန်ဈေး နှုန်းတွေ က လစာတိုးဖို့ ဘယ်ဆီနေမယ်မှန်းမသိဘူး သူတို့ က အ၇င် တက်နေကြပြီ...အဲဒါတွေလည်းသေချာစဉ်းစားပြီး လုပ်ပါဗျို့ ...ဖင်မနိင်ပဲ ပဲကြီးပာင်းမစားကြပါနဲ့ ...ကြားနေတာတွေက အကောင်းတွေကြည့်ပဲ ဘာမှမဖြစ်လာသေးတာ ဆိုးတယ်...တကယ်လုပ်၇င် တကယ်ကျေးဇူးတင်ဖို့ ဝန်မလေးပါဘူး...စေတနာလေးထည့်ပြီး ဥာဏ်လေး နဲ့ လုပ်ကြပါလို့  ကျောင်းသားတစ်ယောက်အနေနဲ့ ပြောချင်ပါတယ်...
အကုန်လုံးက ပေါ်ပင်တွေကြည့်ပဲလုပ်နေကြတယ်...သေသေချာချာစနစ်တကျမ၇ှိဘူး...အခုလည်း စည်းကမ်းမဲ့လမ်းဖြတ်ကူးသူတွေ ကို ဖမ်းတယ်..သေ၂ ချာ ၂ လုပ်လားဆိုတော့ မလုပ်ပြန်ဘူး..ဖမ်းတဲ့နေ၇ာဖမ်းတယ်.မဖမ်းတဲ့နေ၇ာကျတော့ မဖမ်းတော့ပြန်ဘူး...ကဲဘာထူးမှာလဲ...အဲတော့ ပာိုးတုန်းကတည်းက စွဲငြိနေတဲ့ အကျင့်ဆိုးတွေကို လွယ်၂ နဲ့ ဖျောက်ဖို့ ဆိုတာ ဒီလို နည်းတွေနဲ့ လုပ်နေလို့ တော့ လုံးဝအ၇ာထင်မယ် မထင်ဘူး...ကိုသစ်ေ၇ ဆောင်းပါးလေးတွေနဲ့ သမ္မတကြီးကြားအောင်လုပ်ပေးပါဗျို့ ...ကျုပ်တို့ မြန်မာတွေစိတ်ဓါတ်တွေမြင့်မားပြီး နိုင်ငံကြီးသားပီသ လာအောင် လက်တစ်ဆုပ်စာလောက်မှ မ၇ှိတဲ့ ထိုင်းနိုင်ငံလို၊မလေး၇ှားလို နိုင်ငံသားတွေ၇ဲ့ လူပါးဝ နေတာတွေကို မခံချင်လွန်းလို့ ပါ...

san san said...

တကယ်တော့ လစာတိုးခြင်း မတိုးခြင်း ဟာအဓိကမဟုတ်ဘူး။ကုန်ဈေးနှန်းက အဓိက လစာတိုးပြီးကုန်ဈေးနှန်းတိုးလာရင် အရင်လိုဘဲ သူတိုး ကိုတိုးဘဲ ဖြစ်မှာ။အဓိက ကုန်ဈေးနှန်း ကျအောင် လုပ်ရမှာ။အစိုးရ ဟာ ဝန်ထမ်းတွေရဲ့ လိုအပ်ချက် ဖြစ်တဲ့ အိမ်နဲ့ အခြေခံ စားကုန်တွေကိုထောက်ပံ့သင့်တယ်။အိမ်ကိုလဲ နှစ်ရှည်နဲ့ရောင်းပေးသင့်တယ်။အဖိုးနည်းအိမ်ယာတွေလိုပေးသင့်တယ်။ကုန်ဈေးနှန်းကျရင် နိုင်ငံသားတွေ အားလုံးအဆင်ပြေတယ်။

tharzaw said...

စစ်ဘက်ကနေ အရပ်ဝတ်ပြောင်းပြီး ဌာနဆိုင်ရာအသီးသီးမှာ
အဆင့်မြင့်အရာရှိကြီးတွေ လုပ်နေကြတဲ့သူတွေဟာ
လက်ရှိဌာနရဲ့ အမြင့်ဆုံးလစာလည်းစား၊
စစ်ဘက်ကပေးတဲ့ပင်စင်လည်းစား နှစ်သီးစားလုပ်နေကြတယ်။
နောက်ပြီးတော့ ရာထူးတွေလည်းအတိုးမြန်ကြတယ်။
ဒါဟာ နိုင်ငံတော်ရဲ့ ငွေကြေးကို အလွဲသုံးစားလုပ်နေသလိုပါပဲ။
တစ်ယောက်ထည်းနဲ့ နှစ်ယောက်စာယူနေကြတယ်။
အရပ်သားဝန်ထမ်းတွေကတော့ဖြင့် လစာလည်းနဲ
ရာထူးအတက်လည်းနှေး စတဲ့မညီမျှမှုတွေရှိနေကြပါတယ်။
လက်ရှိ အမှန်တကယ်ဖြစ်နေတဲ့ ဖြစ်ပျက်မှုပါ။
ဒါတွေကိုလည်းစီစစ်ပြီး ရှင်းထုတ်နိုင်လျင် လစာတိုးပေးမှုမှာ
တစ်ဘက်တစ်လမ်းက အထောက်အကူရမှာပါ။
(ကျွန်တော့ရဲ့မဖြစ်စလောက်အတွေးလေးပါ၊
ကျေးဇူးတင်ပါတယ်။)

Powered by Blogger.