အဖျောက်ကျေးရွာဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပရိသတ်လူထု ၁၂၀၀၀ ကျော်ကို မိန့်ခွန်းပြော

ယနေ့ ကော့မှူးခရီးစဉ်မှ ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ-NLD)
ကော့မှူး၊ ဖေဖော်ဝါရီ- ၂၁
ကော့မှူးမြို့နယ်သို့ ဒုတိယအကြိမ်မြောက် သွားရောက်သော ဒေါ်အောင်ဆန်းစုကြည်သည် ယခုကော့မှူးမြို့မှ (၉)မိုင်အကွာရှိ ၀ါးဘလောက်သောက် ကျေးရွာသို့ ဦးတည်သွားလျက်ရှိကြောင်း ခရီးစဉ်တွင် လိုက်ပါလျက်ရှိသော 7Day သတင်းထောက်မှ သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူမနေအိမ်မှ နံနက် ၇း၀၀ နာရီတွင် ထွက်ခွာကာ ကော့မှူးမြို့နယ်၊ ဆင်ခြံကျေးရွာသို့ နံနက် ၈း၅၀ ကရောက်ရှိခဲ့ပြီး အောင်ဇမ္ဗူပရဟိတလူငယ်သင်တန်းကျောင်းသို့ ရောက်ရှိကာ ကလေးငယ်များအား အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အဖျောက်ကျေးရွာသို့ ဆက်လက်ထွက်ခွာကာ ကျေးရွာရှိ ရတနာမဏ္ဍိုင်ကျောင်းမှ ဆရာတော် ဦးစန္ဒောဘာသကို ဖူးမြော်ကာ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။ အဖျောက်ကျေးရွာတွင် ဘောလုံးကွင်းရှိ လူထုပရိသတ် ၁၂၀၀၀ ကျော်ကို မိနစ် ၂၀ ကြာ မိန့်ခွန်းပြောကြားခဲ့သည်။
7Day News Journal
 
အဖျောက်ကျေးရွာဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပရိသတ်လူထု ၁၂၀၀၀ ကျော်ကို မိန့်ခွန်းပြော အဖျောက်ကျေးရွာဘောလုံးကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ပရိသတ်လူထု ၁၂၀၀၀ ကျော်ကို မိန့်ခွန်းပြော Reviewed by သစ်ထူးလွင် on 15:56 Rating: 5

2 comments:

twttaygn said...

အောင်မြင်ပါစေ။

ကျော်ထိုက် said...

အမေစု..ကျန်းမာရေး ကို အထူးဂရုစိုက်ပါခင်ဗျာ...အမေစု..နည်းနည်းပိန်သွားသလိုပဲ...စိတ်မကောင်းပါဘူး အမေစု ခင်ဗျာ...အများ အကျိုး တစ်ယောက်ထဲလုပ် နေရတဲ့အတွက် ...အမေ စု သာလျှင် ကျွန်တော်တို့ တိုင်းပြည် ရဲ့ ခေါင်းဆောင် အစစ်ပါ...Actually leader for Myanmar ( Burma )

Powered by Blogger.