ရန်ကုန်မှာ မိုးပျံနဲ့ မြေအောက် ရထားလိုင်း တည်ဆောက်ရေး လေ့လာနေ

ရန်ကုန်မြို့မှာ မိုးပျံရထားနဲ့ မြေအောက် ရထားလိုင်း တည်ဆောက်နိုင်မယ့် အခြေအနေကို အစိုးရက လေ့လာနေတယ်လို့ သိရပါတယ်။
AFP
ရန်ကုန်မြို့လယ်ရှိ ဆူးလေ စေတီတော်ပုံ ဖြစ်ပါသည်။
ဒီကိစ္စနဲ့ ပတ်သက်လို့ ဖြစ်နိုင်မယ့် နည်းလမ်းတွေကို နိုင်ငံတကာ ကုမ္ပဏီတွေနဲ့ ဆွေးနွေး ကြည့်နေတယ်လို့ မီးရထားဝန်ကြီး ဦးအောင်မင်းက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ဒါပေမယ့် နေပြည်တော်မှာတော့ အလားတူ စီမံကိန်းမျိုးဆောင်ရွက်ဖို့ အစီအစဉ်မရှိဘူးလို့လည်း ဦးအောင်မင်းက ပြောပါတယ်။ ရန်ကုန်မှာ တည်ဆောက်ဖို့ စဉ်းစားနေတဲ့ မိုးပျံနဲ့ မြေအောက် ရထားလိုင်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့နဲ့ တရုတ်နိုင်ငံ ဘေဂျင်းမြို့တွေက ပုံစံမျိုး တည်ဆောက်ဖို့ ကြံဆနေတာလို့ ဦးအောင်မင်းက ဆိုပါတယ်။ ဒီရထားလိုင်း စီမံကိန်းကို အမေရိကန်၊ ဂျာမနီ၊ ဂျပန်နဲ့ စင်္ကာပူက ကုမ္ပဏီတွေ စိတ်ဝင်စားနေကြတယ်လို့လည်း သူကပြောပါတယ်။ ဒီအစီအစဉ်ကို ဘယ်တော့လောက်စပြီး အကောင်အထည် ဖေါ်မှာလဲလို့ ရိုက်တာသတင်းထောက်တွေက မေးတဲ့အခါ ဒီကိစ္စဟာ BOT စနစ်လို့ ခေါ်နေကြတဲ့ တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း ဆိုတဲ့ အခြေအနေပေါ်မှာ တည်နေလို့ တည်ဆောက်မယ့် ကုမ္ပဏီတွေ ရှိလာရင် ညှိနှိုင်းဆွေးနွေး လုပ်ကိုင်ခွင့်ပြုမှာဖြစ်ကြောင်း ရထားဝန်ကြီးက ပြန်လည ဖြေကြားသွားပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး အချက်အချာကျတဲ့ ရန်ကုန်မြို့မှာ လူဦးရေ ၆ သန်းလောက်ရှိပြီး တစ်နိုင်ငံလုံး လူဦးရေရဲ့ ၁၀ ပုံ ၁ ပုံနေထိုင်ကြတာ ဖြစ်ပါတယ်။
RFA
ရန်ကုန်မှာ မိုးပျံနဲ့ မြေအောက် ရထားလိုင်း တည်ဆောက်ရေး လေ့လာနေ ရန်ကုန်မှာ မိုးပျံနဲ့ မြေအောက် ရထားလိုင်း တည်ဆောက်ရေး လေ့လာနေ Reviewed by သစ်ထူးလွင် on 11:33 Rating: 5

9 comments:

သူရိယ said...

ဒီလို project ကြီးတွေကိုတော့ ပေါချောင်ကောင်းမလုပ်ကြပါနဲ့။ ကတ္တရာစားတာက လမ်းမှာချိုင့်ခွက်ဖြစ်ရုံလောက်ပါဘဲ။ ဒါမျိုးကတော့ ပြည်သူတွေရဲ့အသယ်အန္တရာယ်ရှိတဲ့ကိစ္စဖြစ်ပါတယ်။
ပြောရရင်မီးတောင်ပျက်လို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ အထဲမှာလူတွေပိတ်မိပြီး အောက်ဆီဂျင်ပြတ်ပြီး ကိစ္စချောသွားနိုင်ပါတယ်။ မိုးပျံဆိုရင်လည်းလေထဲမှာ ကျွတ်ဆင်ကြီးနော်။ ဘယ်သူမှပျံတတ်တာမဟုတ်ဘူး။ ခေတ်မှီအောင်လုပ်တာကိုလုံးဝအားပေးပါတယ်။ သို့သော်သမာသမတ်ရှိကြပါ။ သက်ဆိုင်ရာလူကြီးမင်းတို့ရဲ့ဇကိုကြောက်လို့ပါ။

နဂါးမျက်လုံး said...

Singapore က နေ Beijing အဆင့်တော့ ဖြစ်လာပြီ....
မဆိုးသေးပါဘူးလေ...
လုပ်ဖြစ်ဖို့ပဲ လိုတာပါ....

apyekyaw said...

အကြီးကြီးတွေလျှောက်ပြောနေတယ်....နိုင်ငံတော်ပိုင်သတင်းစာ..စာရွက်ကိုတောင်.Quality ကောင်းကောင်းမထုတ်နိုင်သေးပဲနဲ့များ..ဟင်းးးးးး

tommy said...

မိုပျံ မြေအောက်ရထားဆောက်ဖြစ်ရင်တော့ကောင်းပါတယ် ... ဒါပေမယ့်ပြည်သူလူထုအတွက်အရေတကြီးလိုအပ်တဲ့အခြေခံအဆောက်အအုံတွေကိုအရင်ပီပြင်အောင်လုပ်စေချင်ပါတယ် ... အရည်အသွေးကောင်းတဲ့ လမ်း၊တံတား စနစ် ၊ စွမ်းအင် ၊ ရေမီးစနစ် ၊ မိလ္လာစနစ်၊အမိုက်ပြစ် သိမ်းစနစ် ၊ မြန်နှုန်းမြင့် အင်တာနက်၊ ၅၀၀၀ တန်ဆင်းကဒ် စသဖြင့်ပေါ့ ၊ ဒါတွေအထိုက်အလျေက်ဖြည့်ဆည်းပြီးမှနောက်တစ်ဆင့်အနေနဲ.ဆက်စဉ်းစားစေချင်ပါတယ် ...

ဖိုးတောက် said...

အဲဒီလမ်းတွေလုပ်တာအပြင်.. နေရာတိုင်းမှာ ကားပါကင် သီးသန့်လုပ်ဖို့ လိုမယ်လို့ထင်ပါတယ်.. အဲဒါတွေဆောက်လည်း လမ်းမပေါ် ကားပါကင်လုပ်တာ... လိုင်းကားတွေ ထပ်ရပ်တာ.. ဈေးတက်ရောင်းတာတွေရှိရင် လမ်းက ကြပ်နေဦးမှာပါ...

Wai Yan said...

အစီစဉ်တွေကတော့...ကောင်းပါရဲ့....အရင်ကလူတွေလို....
တံတားတစ်စင်းကို..ကားတစ်စင်း(Landcrusier)စာကျန်အောင်
လုပ်နေလို့ ကတော့....တွေးမိတိုင်းရင်လေးစရာကြီးနော်...
မစီးရဲပါဘူး...နွားလှည်းစီးတာမှကောင်းဦးမယ်...

AUSTIN said...

I like THURIYA comment.Your Absolutely right.

ဘကြီးမောင် said...

ပြောချင်တာပြော..သေချာတာက လမ်းတောင် ကျကျနန မခင်းတတ်သေးတဲ့ မြန်မာပြည်က ဆောက်လုပ်ရေး အဖွဲ့တွေနဲ့ ဆိုရင်တော့ မိုးပျံမြေအောက်လမ်း မသုံးခင် အရင်ဆုံး ကိုကျော်သူကို ကြိုတင်ဆက်သွယ်ထားရမယ့် ပုံပဲ........

murabito said...

pyaw tot sin phan fan mal kyar fan mal , p tot chan hte win tot adaw yay khwyay: kyi pr own phyit nay p

Powered by Blogger.