သုံးလအတွင်း လက်နက်ကိုင် အဖွဲ့အားလုံးနဲ့ အပစ်ရပ်နိုင်မည် မျှော်လင့်

လာမယ့် သုံးလအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီတဲ့ အဆင့်ကို ရောက်လိမ့်မယ်လို့ မျှော်မှန်းထားကြောင်း မီးရထားဝန်ကြီး ဦးအောင်မင်းက ရိုက်တာသတင်းဌာနကို ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်တွင် အစိုးရနှင့် KNU တို့ အပစ်ရပ်ရေး ဆွေးနွေးအပြီး သတင်းထောက်များအား မီးရထားဝန်ကြီး ဦးအောင်မင်းက ရှင်းလင်းပြောကြားနေစဉ်။
ပဋိပက္ခဖြစ်ပွားနေတဲ့ နယ်မြေတွေမှာ ရေရှည် တည်တံ့ခိုင်မြဲတဲ့ နိုင်ငံရေးအရ ဖြေရှင်းမှုတွေနဲ့အတူ စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လန်းလာရေးဟာ လက်တစ်ကမ်းမှာသာ ရှိပါတော့တယ်လို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ၀န်ကြီး ဦးအောင်မင်းက ပြောပါတယ်။ အခုထိ လူမျိုးစု လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ထဲက ၉ ဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။ ကချင်လွတ်မြောက်ရေး တပ်မတော် KIA အပါအ၀င် ကျန် ၆ ဖွဲ့နဲ့ မကြာခင် လပိုင်းတွေအတွင်း လက်မှတ် ရေးထိုးနိုင်လိမ့်မယ်လို့ မျှော်လင့်ရကြောင်း၊ ကရင်နီ တိုးတက်ရေးပါတီ KNPP နဲ့ လာမယ့် မတ်လ ၁ ရက်မှာ လက်မှတ်ထိုးမှာဖြစ်ပြီး တခြားအဖွဲ့ငယ် ၅ ဖွဲ့ကလည်း လက်နက်စွန့်ဖို့ အသင့်ဖြစ်နေပြီ ဖြစ်ကြောင်း ဦးအောင်မင်းက ပြောပါတယ်။ အဲဒီ ပြောကြားချက်တွေ အပြည့်အစုံကို အာအက်ဖ်အေ ဦးသစ်ဆင်းက တင်ပြထားပါတယ်။
RFA
သုံးလအတွင်း လက်နက်ကိုင် အဖွဲ့အားလုံးနဲ့ အပစ်ရပ်နိုင်မည် မျှော်လင့် သုံးလအတွင်း လက်နက်ကိုင် အဖွဲ့အားလုံးနဲ့ အပစ်ရပ်နိုင်မည် မျှော်လင့် Reviewed by သစ်ထူးလွင် on 11:32 Rating: 5

1 comment:

သူရိယ said...

ဦးအောင်မင်း KIA ရဲ့အညှာကိုရှာမတွေ့သေးဘူးထင်တယ်။ "ဝ" တွေတုံးကတော့ ဆွေးနွေးလို့အဆင်မပြေတော့ သူတို့ပိုင်တဲ့ yangon airways ကိုဖျက်သိမ်းပြစ်ခဲ့တယ်။ "ဝ" တွေကလည်းယုံကြည်ချက်ထက် မြန်မာပြည်ထဲမှာတရားဝင်စီးပွားရှာပြီး လုပ်ပိုင်ခွင့်တွေရနေတာကိုပိုအရသာတွေ့သွားတော့ အစိုးရနဲ့ပြေလည်ချင်မှာပေါ့။ အခုတော့ဘယ်လိုသဘောတူလဲတော့မသိဘူး yangon airways ပြန်လုပ်နေပါပြီ။ air bagan ကိုပြောင်းသွားတဲ့ ဝန်ထမ်းတွေကိုတောင် လျှော်ပေးပြီးပြန်ခေါ်လိုက်တာပါ။ နှစ်ဦးနှစ်ဖက် win win situation နဲ့တိုင်းရင်းသားတွေစည်းလုံးညီညွတ်ကြတာကောင်းပါတယ်။ ဗိုလ်ခင်ညွန့်ခေတ်ကလို ငြိမ်းချမ်းရေးဆိုတာနဲ့ စွတ်ကြောက်နေရတာမျိုးလည်းမဖြစ်သင့်သလိုမြန်မာက တိုင်းရင်းသားတွေကို မတရားအနိုင်ကျင့်တာမျိုးလည်းမဖြစ်စေချင်ပါဘူး။ တကယ်တော့ငြိမ်းချမ်းရေးဆွေးနွေးတဲ့သူက ဒေါ်အောင်ဆန်းစုကြည်တို့လို အများကလေးစားယုံကြည်တဲ့ သမာသမတ်ရှိတဲ့လူမျိုးဆိုရင်တော့ပိုကောင်းတာပေါ့ဗျာ။ တစ်ဖက်နဲ့တစ်ဖက်သံသယတွေနဲပြီးခရီးတွင်တာပေါ့။

Powered by Blogger.