ဒေါ်စုကို ကန့်ကွက်မှု တိုင်းကော်မရှင် အပြီးပြတ်ပယ်ချ

 ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းမှု ကန့်ကွက်လွှာကို ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်မှ ပယ်ချလိုက်ပြီး တချိန်တည်းတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အသိအမှတ်ပြုလိုက်ပြီဟု ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက မဇ္ဈိမကို ပြောသည်။

"အယူခံလွှာကို တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲက ပလပ်လိုက်ပါတယ်။ ကိုယ်စားလှယ် လောင်းတွေကိုလည်း ဒီနေ့ ထုတ်ပြန်ခိုင်းလိုက်ပါပြီ။ ၃:၃ဝ လောက်က အန်ကယ်တို့ ထုတ်ပြန်ခိုင်းလိုက်ပြီ" ဟု ဦးကိုကို က ပြောသည်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်ပြိုင်မည့် ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီ၏ ကိုယ်စားလှယ်လောင်း ဦးတင်ရီ၏ ဒေါ်အောင်ဆန်းစုကြည်အား ကန့်ကွက်လွှာကို တိုင်းရွေးကောက်ပွဲ ကော်မရှင်မှ အင်္ဂါနေ့တွင် ပလပ်လိုက်ခြင်း ဖြစ်သည်။

ယင်းအပြင် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်တွင် ဝင်ရောက်အရွေးခံကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဒေါ်အောင်ဆန်းစုကြည်၊ ကြံ့ခိုင်ရေးပါတီမှ ဒေါက်တာစိုးမင်း၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီမှ ဦးတင်ရီတို့ကိုလည်း ကိုယ်စားလှယ်လောင်းအဖြစ် ရန်ကုန်တိုင်း ရွေးကောက်ပွဲ
ကော်မရှင်က အင်္ဂါနေ့တွင် အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်။

ဦးတင်ရီ၏ ကန့်ကွက်လွှာတွင် ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလန်နိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့်ကဒ် ရရှိထားသူ
ဖြစ်ခြင်း၊ ရရှိသည့် ဆုငွေများကို နိုင်ငံခြားဘဏ်များတွင် အပ်နှံထားခြင်း၊ အိန္ဒိယနိုင်ငံ နယူးဒေလီတွင် နေထိုင်စဉ် အခွန်ငွေများကို မြန်မာသံရုံးသို့ ပေးဆောင်ခြင်းမရှိဘဲ ဗြိတိန်အစိုးရသို့သာ ပေးဆောင်ခြင်းတို့ကြောင့် နိုင်ငံခြားသား အကျိုးကျေးဇူးများကို ခံစားနေသူဖြစ်သည်ဟု စွပ်စွဲထားပြီး ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၂၁ နှင့် ငြိစွန်း
နေခြင်းကြောင့် ကန့်ကွက်ခြင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၁ ပုဒ်မခွဲ (စ) တွင် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်လည်း
ကောင်း၊ တိုင်းတပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေးများ သို့မဟုတ် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူသည် ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိရဟု ဖေါ်ပြထားသည်။

ဦးတင်ရီ၏ အထက်ပါ စွပ်စွဲချက်များများနှင့် ပတ်သက်၍ ခိုင်လုံသည့် သက်သေ အထောက်အထား မရှိခြင်းကြောင့် ကန့်ကွက်မှုကို ပယ်ချလိုက်ခြင်းဖြစ်သည်ဟုလည်း ဦးကိုကိုက မဇ္ဈိမကို ပြောသည်။

"ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယမှာနေခဲ့တုန်းက အခွန်ငွေ မဆောင်ခဲ့ဘူးပေါ့။ အဲဒီလိုမျိုး သူပြောရုံနဲ့တော့ အန်ကယ်တို့က လက်မခံဘူး။ အထောက်အထား အခိုင်အမာ တင်ပြရမယ်။ အဲဒီလိုမျိုး မဆောင်ခဲ့တာကို ဘယ်မှတ်တမ်း မှတ်ရာတွေရှိသလဲ။ သက်ဆိုင်ရာ သံရုံးက စာရွက်စာတမ်း ပြလေ။ သူ ရအောင်ယူပြီး အန်ကယ်တို့ကို တင်လေ။ ဟိုစာစောင်ထဲမှာ ပါတာကိုကူး၊ ဒီက ကြားတာကို ထည့်ရေး၊ ဒါမျိုးဆိုရင်တော့ ခိုင်မာတဲ့ အထောက်အထား မဟုတ်ဘူးလေ။ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ တင်သွင်းဖို့ သူ့မှာ တာဝန်ရှိပါတယ်" ဟု ဦးကိုကိုက
ပြောသည်။

ဦးတင်ရီသည် သူ၏ ကန့်ကွက်လွှာကို ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်ကို တင်သွင်းခဲ့သေးပြီး ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပယ်ချပြီးနောက် အယူခံကို တိုင်း ရွေးကောက်ပွဲကော်မရှင်သို့ ထပ်မံတင်ပြခဲ့ရာ တိုင်းရွေးကောက်ပွဲကော်မရှင်က ယခုကဲ့သို့ ပယ်ချလိုက်ခြင်းဖြစ်သည်။

ဦးတင်ရီ၏ ကန့်ကွက်မှုနှင့် ပတ်သက်၍ တိုင်းရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်သည် ဟု ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ ပုဒ်မ ၂၇၊ ပုဒ်မခွဲ (ခ) တွင် ပြဋ္ဌာန်းထားသည်ကို တိုင်းရွေးကောက်ပွဲ
ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ကိုးကားကာ "ဒါ့ကြောင့် အန်ကယ်တို့က နောက်ထပ်တကြိမ်ကိုတော့ အန်ကယ်တို့က လက်မခံတော့ဘူး။ ရှေ့လုပ်ရမယ့် အလုပ်ကိုပဲ ဆက်လုပ်တော့မယ်။ ဒါနဲ့ အချိန်ကုန်မခံနိုင်တော့ဘူး" ဟု မဇ္ဈိမကို
ပြောသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီကလည်း ဦးတင်ရီ၏ ကန့်ကွက်မှုကို လက်မခံနိုင်ကြောင်း တနင်္ဂနွေနေ့က ကြေညာချက်ထုတ်ပြန်ခဲ့သေးသည်။

"ဒီမိုကရေစီနိုင်ငံကို သွားတဲ့အခါမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်လို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တယောက်ကို ဒီလိုကန့်ကွက်ခြင်းဟာ ပြည်သူလူထု မျှော်လင့်ချက်တွေကိုလည်း ရိုက်ချိုးရာရောက်တယ်။ ဒီမိုကရေစီ အစဉ်အလာ
တွေကိုလည်း ပစ်ပယ်ရာရောက်တယ်။ နိုင်ငံရေး ဖြစ်စဉ်ကြီးကိုလည်း အားနည်းအောင် လုပ်ရာကျတယ်။ ဒါ့ကြောင့် ဒါကို ကျနော်တို့ လက်မခံဘူးလို့ ပြောတာပါ။" ဟု NDF မူဝါဒရေးရာကော်မတီခေါင်းဆောင် ဦးခင်မောင်ဆွေက မဇ္ဈိကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံရန်အတွက် ကရင်တိုင်းရင်းသား အများစုနေထိုင်သည့် ဝါးသင်္ခရွာတွင် သန်းခေါင်စာရင်း ဝင်ထားပြီးဖြစ်သည်။

 “အဲဒီမှာ ပြိုင်မယ်ဆိုတော့ ကော့မှူးကနေပြီးတော့ မဲထည့်ရမယ်လေ။ အန်တီက အဓိကကတော့ အဲဒီရွာကို ရွေးတာ ကတော့ ကရင်တိုင်းရင်းသားတွေရွာမို့လို့ပါ။ အဲတော့လည်း ကရင်တိုင်းရင်းသားတွေနဲ့ ပိုပြီးတော့ နီးနီးကပ်ကပ်
နေနိုင်အောင်လို့ အဲဒီရွာမှာ မဲထည့်ဖို့ ရွေးလိုက်တာပဲ”ဟု သတင်းမီဒီယာများကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆို ခဲ့သည်။

ကော့မှူးမြို့နယ်တွင် လူဦးရေ စုစုပေါင်း ၁၃၅,ဝဝဝ ခန့် ရှိသည့်အနက် ၂ဝ၁ဝ စာရင်းများအရ မဲထည့်နိုင်သူ စုစုပေါင်း အရေအတွက်မှာ ၈၃,ဝဝဝ ခန့် ရှိကြောင်း သိရှိရသည်။
 ချင်းမိုင် (မဇ္ဈိမ)
ဒေါ်စုကို ကန့်ကွက်မှု တိုင်းကော်မရှင် အပြီးပြတ်ပယ်ချ ဒေါ်စုကို ကန့်ကွက်မှု တိုင်းကော်မရှင် အပြီးပြတ်ပယ်ချ Reviewed by သစ်ထူးလွင် on 21:00 Rating: 5

39 comments:

Sunmoon said...

Congratulation Amay Suu.

yelpaing said...

ကောင်းလိုက်တဲ့သတင်းဗျာ။ကြားရတာ မင်္ဂလါပဲ။တင်ရီ ရေမင်းလဲကိုယ်အဆင့် ကိုယ်သိတော့။သူများမြှောက်တိုင်းကနေရရင်တော့ မျောက်ဘဲဖြစ်မှာ။အကြံကုန်ရင်တော့သိန်းအောင်နဲ့ သွားပေါင်း။

aaa said...

မတင်ရီရေ ..
ခင်ဗျားက ကလေးအတွေး ကလေးအရေးလောက်နဲ့ အမေစုကို လာပြီး ယှဉ်ချင်သေးတယ် နော်
အခုခေါ်လိုက်တဲ့ မတင်ရီဆိုတဲ့ နာမည်နဲ့လိုက်အောင် ထမီကိုပဲ ၀တ်ထားတော့ သိလား ?
ရှက်တတ်တယ်ဆိုရင် သေလို့ ရပြီနော်
ခင်ဗျားသေလဲ ငရဲမင်းတောင် လက်ခံချင်မှာ မဟုတ်ဘူး သိလား
ပုတ်စော်နံလွန်းလွန်းလို့လေ.....သားသမီမကောင်းတော့ မိဘခေါင်းတဲ့ ..
အခု ခင်ဗျား မကောင်းတော့ ခင်ဗျားမိဘတွေက မိမဆုံးမ ဖ မဆုံးမ ဆိုတဲ့ စကားလုံးတွေကို အလူးအလဲ ခံရတော့မယ် သိလား ..
ဒီလို ပုံစံနဲ့များ အမတ်လောင်းတဲ့ ..
ခင်ဗျားလိုလူကို ဘယ်သူက မဲပေးမှာလဲ ...

thar.. said...

ဖားတုလို့ ခရု ခုန် အိုင်ပျက်ရုံပဲ ရှိမပေါ့ ငတင်ရီရယ်.။ ဟဲဟဲဟဲဟဲဟဲဟဲ....မင်းဘာတတ်နိုင်သေးလဲ..။ ကလေးတောင်သိတယ်ကွာ..မင်းေ**ာက်ရူး။

Myanmar said...

တင်၇ီကကွာ အစိုး၇ကို တိုက်ခိုက်တာပါ။ ဒါပေမယ့် အချိန်နှောင်းသွားပီကွ။ ဒီလိုလုပ်လို့မ၇တော့ဘူး။ ဘ၀နဲ့၇င်းပီး ဂဠုန်ဦးစော ဇာတ်ခင်းသွားတာဘဲ။ မသေခင် အမှားထပ်မလုပ်နဲ့။ အချိန်မီပြည်သူအကျိုးသယ်ပိုးဘို့စဉ်းစားကွာ။ ငါဒီလိုပြောတာ မင်းကို အထင်ကြီးလျှော့တွက်မိသလိုတောင်ဖြစ်နေမလားဘဲ။ ။

zay said...

ဖားတုလို့ခရုခုံအိုင်ပြတ်ရုံသာရှိတော့မပေါ့ ပုဇွန်ဥိံးနှောက်မတင်ရိံရေအရှက်မရှိတဲ့မျက်နှာနဲ့ဝင်ပြိုင်မနေပါနဲ့တော့ အမေ့ကိုတိုက်မယ်ဆိုရင် တိုင်ကောင်းကောင်းတစ်ခုရှာ ပြိံးရင်ပြေးပြိံးခေါင်းနဲ့တိုက် သေလိုက်တော့ တင်ရိံရေ။ ။

win said...

(လွှတ်တော်မှာတက်ရောက်ပြီး ပြည်သူ့ကိုယ်စားလှယ်လုပ်မယ့်သူက ဘာမှတိကျရေရာတဲ့အထောက်အထားမရှိပဲ) စော်စော်ကားကားအရှက်မရှိ အမေ့ ကိုများဒင်းက အခွန်ငွေမဆောင်ခဲ့ဘူးတဲ့ ကိုယ်အလုပ်ကိုဖြောင့်ဖြောင့်မလုပ်ဘဲသူများကိုအပြစ်လုပ်ရန်ရှာဘို့ကြိုးစားနေတဲ့သူ ဘယ်လိုလုပ် ကိုယ်စားလှယ်ဖြစ်နိုင်မှလဲ၊ လွှတ်တော်ထဲမှာဒီလိုလူမျိုးတွေကင်းဝေးပါစေ။

coco comment said...

တင်ရီ၊ တင်ရီ မင်းဘ၀တော့သွားရှာပီ။

TTMY said...

ွှအရိပ်သုံးပါးနားမလည်...ဂျီသူငယ်ကျားစာဖြစ်
နိုင်ငံအရေးနားမလည်ပဲ..အမတ်လုပ်ချင်သူ..ကန့်ကွက်ကောင်းလို့
ဒုက္ခရောက်လိမ့်မယ်..ကိုယ့်ပါတီကလူတွေအကြောင်းရောသေသေချာချာ
သိရဲ့လားဆိုတာကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ပါအုန်း

King said...

အော်... မတင်ရီ မတင်ရီ၊ သနားစရာဘ၀လေးပါလား၊ ကိုယ့်အဆင့်ကို ကိုယ် မသိပဲနဲ့ သွားလုပ်တဲ့လူ၊ ကိုယ့်ခြေထောက်က တွင်းထဲကို တစ်ဖက်ရောက်နေတာတောင်မှ အရှက်မရှိ လုပ်ရဲတယ်၊ မရှက်ဘူးလား၊

greenjay said...

ခွေးလေးခုန်လို့ ဖုန်မထပါဘူးကွာ။ အထက်က ပြောသလို မတင်ရီရဲ့ ။

Unknown said...

OH ,,,Yeyyyyyyyyyyyyyy...
Bravo!

junight said...

ပြိုင်ဘက်ဆိုတော့ အရင်လိုပဲထင်ပြီး လုပ်ကြည့်တာပေါ့၊သမတကြီးကိုယ်တိုင်
ကအမေစု ကို ရွေးကောက်ပွဲဝင်စေချင်တယ်ဆိုတာ အားလုံးအသိ၊
ကန့်ကွက်သူကရော အများ အတွက်ဘာတွေ အနစ်နာခံဘူးလဲ၊ ပြော
သူ့မိသားစုကိုတောင် လောက်ငအောင် ရှာဖွေ ကျွေးနိုင်ရဲ့လားတော့မသိဘူး
ရှေ့ဆက်ရမည့် စနစ်က ရိုးသားတဲ့သူတွေအတွက်နော်

lickeroo said...

ဟဲ့...ငတင်ရီ...အစောကြီးထဲကနင့်ကိုငါကြည့်နေတာ...နင်ကခလေးအတွေးလောက်ဘဲတွေးတာကိုး...နင့်ဒေသမှာအမေစုလာအရွေးခံတာနင်ရူံးနိမ့်မှာကြောက်လို့မဟုတ်လား...နင်သာစေတနာပါပါပြည်သူအတွက်ဆိုရင်သတ္တိရှိစမ်းပါ....မရှက်ဘူးလား...ယောက်ကျားကြီးတန်မဲ့...ယှဉ်ပြိုင်မူ့သာအဓိကဆိုပြီးရိုးရိုးလေးတွေးလိုက်လေ...တော်တော်ပညာမဲ့တဲ့ကောင်ကြီး....အလကားအထင်ကိုမကြီးဘူး...ခင်ဗျားတို့လိုပါတီကနိုင်သွားလဲနိုင်ငံကောင်းစားလာမှာမဟုတ်ဘူးဆိုတာသိလိုက်ရပီ....

lickeroo said...

အရမ်းဝမ်းသာတဲ့သတင်းဗျာ...ပတ္တမြားမှန်ရင်နွံမနစ်ပါဘူးဗျာ.....ကျေးဇူးတင်ပါတယ်ကိုသစ်ထူးလွင်ရေ...အမြဲတန်းသတင်းဦးသတင်းထူးတွေကြားရတာ...ဒီထက်မကသတင်းဋာနကြီးတိုးတက်ပါစေဗျားးးးးးးးးးးးး

အာကာထက် said...

ဖြစ်မှဖြစ်ရလေ တင်ရီရယ် မလုသင့်လုပ်သင့်တော့နားလည်ပေါ့ ငါတို့ကတော့ နားလည်ပါတယ် လွတ်လပ်ရေးကြိုးပမ်းစဉ်ကတောင် အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းကို မလိုတဲ့သူတွေရှိပါတယ် အဲဒါက တိုင်းတပါးကမက်လုံးတွေနဲ့မြှောက်ပင့်ပေးလို့ဖြစ်သွားတာ။အခုတော့ကွာ
ကိုယ့်နိုင်ငံ ကိုယ့်အုပ်ချူပ်ရေးနဲ့ ကိုတိုင်းပြည်ရေးအတွက် ဒီလိုနေ့မနား ညမနားလုပ်နေတဲ့ခေါင်းဆောင်ကိုများ ကန့်ကွက်ရဲတာ မင်းမှာ ဘယ်သူက ဘယ်လိုမက်လုံးပေးသလဲဆိုတာတော့ ကိုယ်တိုင်ပဲသိမယ်ပေါ့
ဘာတဲ့ မီဒီယာမှာ သတင်းသဲ့သဲ့ကြားလိုက်တယ် တင်ရီက ဘောကဗေဒ ကျောင်းတော်သားဟောင်းလား သ္ခင်စိုးအဖွဲ့ကဆိုလား အလံဖြူလား အလံနီလား အလံကြားလား အလံကြောင်လားတော့မသိဘူးပေါ့ သေချာတာကတော့ နိုင်ငံအမြင်မရှိလို့ လုပ်တာပဲ မင်းလုပ်ရပ်ကြောင့် လွတ်လပ်ရေးသမိုင်းမှာ ပါခဲ့တဲ့မင်းတို့ခေါင်းဆောင်ပါ သိက္ခာကျပါတယ် တင်ရီတယ် မင်းကတော့ဒီတပွဲထဲနဲ့ကိုတသက်စာ နိုင်ငံရေ့းသေပြီ ၀မ်းသာလိုက်တာ၊ အခုခေတ်က ပြည်သူ့ခေတ်၊မီဒီယာခေတ်၊ပွင့်လင်းမြင်သာတဲ့ခေတ်နော်၊မင်းအနေနဲ့လုပ်ရမှာက ဒေါ်အောင်ဆန်းစုကြည်ဝင်ပြိုင်လို့ ကျနော့ကိုယ်စားလှယ်အမည်ကို ပြန်ရုပ်သိမ်းပ်ါတယ်ဆိုရင် မင်းဟာ အလိုလိုနေရင် ငွေလေးငါးသိန်း ဆုံးပေမဲ့ တကယ့်ကို သူများလေးစားမယ့်သူဖြစ်မှာ သဘောထားကြီးတယ်ပေါ့၊ကိုမနိင်မှန်းသိတဲ့အတူကွာအဲ့လိုလုပ်ပါလားညံ့လှချေလား မင်းတောင်အဲလောက်ညံ့ရင် မင်းရဲ့ပါတီဝင်တွေကတော့ ပြောစရာတောင်မလိုတော့ဘူး၊ကျနော့ကိုပေးမဲ့မဲတွေကို အန်တီစုကိုပေးလိုက်ပါလို့ပြောလိုက်စမ်းပါ၊မင်းဘာမဲမှမရပေမဲ့ချော်လဲရောထိုင်ပေါ့ကွာ၊မင်းကတောင်ပြောလို့ရသေးတယ် အန်တီစုက ငါ့ရဲ့မဲတွေပါရလို့နိုင်သွားတယ်ပေါ့ ဟား--ဟား-- ဟား လုပ်တတ်ရင်ပြောတာပါ လေ့လာပါအုံး တင်ရီရေ့--------

khristimatic said...

ဦးကိုကိုက မဇ္ဈိမကို ပြောသည်။

"ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယမှာနေခဲ့တုန်းက အခွန်ငွေ မဆောင်ခဲ့ဘူးပေါ့။ အဲဒီလိုမျိုး သူပြောရုံနဲ့တော့ အန်ကယ်တို့က လက်မခံဘူး။ အထောက်အထား အခိုင်အမာ တင်ပြရမယ်။ အဲဒီလိုမျိုး မဆောင်ခဲ့တာကို ဘယ်မှတ်တမ်း မှတ်ရာတွေရှိသလဲ။ သက်ဆိုင်ရာ သံရုံးက စာရွက်စာတမ်း ပြလေ။ သူ ရအောင်ယူပြီး အန်ကယ်တို့ကို တင်လေ။ ဟိုစာစောင်ထဲမှာ ပါတာကိုကူး၊ ဒီက ကြားတာကို ထည့်ရေး၊ ဒါမျိုးဆိုရင်တော့ ခိုင်မာတဲ့ အထောက်အထား မဟုတ်ဘူးလေ။ ခိုင်မာတဲ့ သက်သေအထောက်အထားတွေ တင်သွင်းဖို့ သူ့မှာ တာဝန်ရှိပါတယ်" ဟု ဦးကိုကိုက
ပြောသည်။

Sunmoon said...

Take care of Second U Saw (Tin Yee).

Mg Khwe said...

ကို သစ်ထူးလွင်ရေ
အဲဒီ တင်ရီ ဆိုတဲ့ လူရဲ့ ဓါတ်ပုံ နဲ့ လိပ်စာကို သေသေချာချာလေး ထည့်ပေးပါဦး။ လမ်းမှာ တွေ့ရင် ရှောင်သွားချင်လို့ပါ။ ၇ွံ့လွန်းလို့။

အောင်ဗလ said...

ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးပါတီမှလူကြီးမင်းများခင်ဗျား.... ဒီကိစ္စကိုသေသေချာချာစစ်ဆေးဖို့လိုနေပါပြီ။
ဦးတင်ရီ၏လုပ်ရပ်ကြောင့် လူကြီးမင်းတို့ပါတီ၏သိက္ခာမှာ
အဖတ်ဆယ်မရလောက်အောင်ကျဆင်းသွားရပြီဖြစ်ပါတယ်။
မရိုးသားမှုတစ်ခုခုပါနေပြီလို့ထင်ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အားကန့်ကွက်သူမှာ
ကြံ့ဖွတ်ပါတီမှမဟုတ်ဘဲ တခြားသူတစ်ဦးဖြစ်နေခြင်းမှာ
အမှန်တရားဖြစ်ဖို့မရှိပါ။
အဖြစ်မှန်ဖော်ထုတ်ပြီး
အများပြည်သူသိရှိနိုင်အောင်ကြေငြာပေးစေချင်ပါတယ်။
ကျေးဇူးပါ။ ။ ။

Philip Kotler said...

အိုရှုပ်ပါတယ် စောက်ရူးတင်ရီကို ပေါက်တူးနဲ့ခြည်ပြီး မြောက်ဦးကိုသာပို့ကွာ အဲ့ကလက်မခံရင် ရွာသာကြီးကိုပြန်ခေါ်ခဲ့ ငါလက်ခံမယ်...

Anonymous said...

မဲ ၈၃၀၀၀ မှာကြိုတင်မဲကလွဲပြီးကျန်တာအမေရလိမ့်မယ်စောင့်ကြည့်..

dnp said...

မတင်ရီရေ....ကြံဖွံ့ကျတော့ ကန်ကွက်လွာမတင်ဘူးလားဗျို့..... နိုင်ငံသား ကြအကျိုးကျေးဇူးများခံစားရသောဆိုပြီးလေ ...........

Anonymous said...

(ဘီလူးခေါင်းလေးနဲ့သီချင်း)...တင်၇ီလေးမို့ကြိတ်ခံစားပါတယ်၊လိမ်တယ်၊ညာတယ်၊ေ၇ွးကောက်ပွဲကိုကစားတယ်၊၊ဘီလူးခေါင်းလေးနဲ့တင်၇ီလေး
ပေါ့ကွယ်၊၊၇င်နာအောင်ကွယ်လုပ်နေသလားဟယ်၊၊တင်၇ီေ၇ဖြစ်နိင်၇င်နင်ကိုချီး ကျွေးချင်တယ်၊၊ခက်တာကငါ့ချီးကနင်နဲ့မတန်တယ်၊ငါ့တော့ကျွေးမိတာမှားပြီ၊၊ဘီလူးခေါင်းလေးနဲ့တင်၇ီလေးပေါ့ကွယ်၊၊ တင်၇ီမင်းဘ၀အတွက်တွေးကာပူမိသည်၊၊

gawleee said...

ဟား..ဟား...ဟား..ဟားးးဟားးးးးးးးးးးးးးးး တင်ရီ..မင်းအဆင့်အတန်းကိုမင်းသိလောက်ပါပြီ..အန်တီစုက တိုင်းသိ/ပြည်သိ/ ကမ္ဘာသိပါ..ကွာ..မင်းကတော့ လမ်းထဲကပဲပြုပ်သည် လောက်ဘဲသိတာ.မင်းအစား ငါရှက်လိုက်တာ ယောက်ကျားတယောက်ရဲ့ တန်ဖိုးတောင်မရှိဘူး.မိန်းမထမိန်နဲ့လည်းမတန်ဘူး..ဂုံနီအိတ်နဲ့ဘဲတန်တယ်

naung said...

CONGRATULATION ပါ..မမတင်ရီရှင့်...။
မမ တင်ရီ.. ရွေးကောက်ပွဲ စည်းရုံးရေးဟောပြောပွဲ စင်မြင့်တွင် ၀တ်ဆင်ရန်
အထူး စပါယ်ရှယ်လ်..ဂုံနီအိတ်ဖြင့်ချုပ်လုပ်ထားသော..ရှေ့ခွဲ နောက်ခွဲ စကတ်ထမိန်..နှင့် ခေါင်းတွင် ပန်ဆင်ရန် နာရေး size ကိုရီးယား ယပ်တောင် လှလှလေးများ (စည်းရန်သားရေကွင်းပါပြီး) ကို SPONSOR
ပေးလိုပါသည်ရှင့်.........။ မမတင်ရီအား အစဉ်အားပေးလျှက်.........။
ဖန်တီးရှင် ဒီဇိုင်နာ.. မာမီသွပ် ။

Tri Asian Taste said...

မကြာမှီ မျိုးတုန်းပျောက်ကွယ် တော့မည့် နောက်ထပ် ပါတီဟာ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ပါတီ ပါဘဲ။ တိုင်ပြည်ကို တိုးတက်အောင် ကယ်မဲ့သူလား ဖျက်မဲ့သူလား ဆိုတာကိုတောင် မခွဲတတ်တဲ့သူက အမတ်လောင်းတဲ့ အဲဒီပါတီ ကြီးပွားဦးမယ်။ အခုအချိန်အထိ ပါတီက သဘောထားမထုပ်ပြန်သေးတာ ငတင်ရီက ပါတီထဲမှာ အကောင်နဲ့ တူတယ်။

kyaw tun naing said...

မတင်ရီ နင့်ကိုပြန်ပြီးတရား မစွဲခံရတာပဲကျေးဇူးတင်နော်...

wzt said...

တင်ရီ....go to hell

babagyi said...

ကိုယ့်ဘ၀ကိုယ်နားမလယ်ဘူးတင်ရီပြန်တရားမစွဲတာကံကောင်း

Violin Angle said...

လမင်းကိုခွေးဟောင်လို့ ရွှေလရောင်ပြောင်မပျက်တယ် ဆိုတာ နင့်ကိုပြောတာ ဦးတင်ရီရဲ့ နင်ဘယ်လိုပြောပြောငါတို့အမေက ပတ္တမြားမှန်တော့နွံမနစ်ဘူးပေါ့ကွယ်

phayoung2009@gmail.com said...

အမေစုကိုများ အခွန်မဆောင်ဘူးတဲ့ တင်ရီ နင်က နင်တို့ ကိုးကွယ်တဲ့ ၀န်ကြီးတွေလိုများ မှတ်နေလား နင် စွပ်စွဲချင်ရင် နင့်အထက် က ၀န်ကြီးတွေ အခွန်မဆောင်တဲ့ အမျိုးကောင်းသားတွေ အများကြီးပဲ သိလား နင်မသိရင် စာရင်းလိုချင်လား လာတောင်း ပေးမယ်...

ယုယ said...

ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီက ဦးတင်ရီဆိုပါလား... ကိုယ့်ပါတီကိုတော့ အားနာဖို့ကောင်းတယ်... (ညီညွတ်ရေးဆိုတဲ့စာသားအဓိပ်ပါယ်ကို ပါတီလူကြီးများမှ အဆိုပါ ဦးတင်ရီအား နားလည် မလည်မေးမြန်းပြီး သွန်သင်ဆုံးမပေးတော်မူ)

tapaungthi said...

အရမ်းကောင်းတဲ့ ကော်မက်တွေပါပဲ
အားလုံး တို့ကိုယ်စားပြောပေးနေသလိုပါပဲနော်
ကော်မက်ရှင်တွေအားလုံးကိုကျေးဇူးတင်သည်..
ဂွတ် ဂွတ် ဂွတ်

Black666 said...

Lu>>> I like your lyrics. very funny.
you are right. ha ha ha.....

Anonymous said...

ကော့မှူးသားများခင်ဗျား။
အမေစုကို မျက်နှာပြောင်တိုက် - တိုက်ခိုက်တဲ့ တင်ရီနဲ့ . . .
အလိုတူအလိုပါဖြစ်တဲ့ သူ့ရဲ့ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ ကို . . . ရွေးကောက်ပွဲမှာ သပိတ်မှောက်ကြပါ။
လုံးဝမဆက်ဆံကြပါနဲ့။
လုံးဝ မဲမပေးကြပါနဲ့။

tharzaw said...

A best news!
ဒါပဲပေါ့ ...

tharzaw said...

ှုIt is a best news for us but a worst news for Tin Ye.

သြတ္တပ္ပ said...

မြင့်မိုရ်တောင် ခေါင်းနဲ့ဆောင့်ဖို့ ကြိုးစားတယ် ဆိုတာ ဒါပဲ။
အရယ်ရဆုံး ဟာသပဲ။ ဘေးကနေပဲ ကြည့်နေတော့မယ်။ သနားလို့... ဒီကော်မန့်တွေသာခင်ဗျားမိသားစုတွေထဲက တစ်ယောက်ယောက်များဖတ်မိမယ်ဆိုယင်... သတ်သေချင်သွားမယ် ရှက်လို့....

Powered by Blogger.