ကျိုက်ထီးရိုးဘုရားအနီးတောမီးရက်ဆက်လောင်ကျွမ်းမှုကြောင့် ဒေသခံများ စိုးရိမ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
နှစ်စဉ် ဘုရားဖူးပြည်သူများ အများဆုံး လာရောက်လည်ပတ်လေ့ ရှိသော ကျိုက်ထီးရိုးဘုရား
ရင်ပြင်တော် လမ်းဆုံ၌ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ စတင်ကာ တောမီးလောင်ကျွမ်းမှု ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံများ စိုးရိမ်လျှက် ရှိကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် The Voice Weekly သို့ ဆက်သွယ် ပြောကြားချက်အရ သိရှိရသည်။
အဆိုပါ တောမီး လောင်ကျွမ်းမှုသည် ဖေဖော်ဝါရီ ၂၆ ရက်နေ့မှ စတင်ကာ လောင်ကျွမ်းနေခြင်း ဖြစ်ပြီး တောမီးသည် ကူးစက်ကာ ဆက်တိုက်လောင်ခြင်းများ ဖြစ်ပေါ်နေကြောင်း၊ ကျိုက်ထိုဟိုတယ် အောက်ခြေနားထိ ရောက်ရှိနေပြီး ကျိုက်ထီးရိုးဘုရား တောင်ပေါ်အထိ ရောက်ရှိနိုင်သဖြင့် ဘုရားရင်ပြင်တော်ပေါ်ရှိ ဆိုင်ခန်းရှင်များနှင့် ဒေသခံများ ပစ္စည်းများ ထုတ်ပိုးကာ ရွှေ့ပြောင်းရန် အသင့်ပြင်ဆင် ထားရကြောင်း ကျိုက်ထီးရိုးဘုရား ပေါ်တွင် အလှကုန်ပစ္စည်းများ ရောင်းချသည့် အမျိုးသားတစ်ဦးက ဆိုသည်။
" အပေါ်မှာ မီးသတ်ဖို့ ရေ အဆင်မပြေဘူး ကျိုက်ထိုမီးသတ်က မီးသတ်ကား တစ်စီးတော့ ရောက်လာတယ် အခုအချိန် ထိတော့ လောင်နေတုန်းပဲ " ဟု ၎င်းက ဆိုသည်။
ယင်းမီးလောင်မှုနှင့် ပတ်သတ်၍ ကျိုက်ထိုမီးသတ်သို့ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ တောမီးလောင်မှု အခြေအနေမှာ
မီးငြိမ်းသည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း တာဝန်ကျအရာရှိက ပြန်လည် ဖြေကြားသည်။
The Voice
ကျိုက်ထီးရိုးဘုရားအနီးတောမီးရက်ဆက်လောင်ကျွမ်းမှုကြောင့် ဒေသခံများ စိုးရိမ် ကျိုက်ထီးရိုးဘုရားအနီးတောမီးရက်ဆက်လောင်ကျွမ်းမှုကြောင့်  ဒေသခံများ စိုးရိမ် Reviewed by သစ်ထူးလွင် on 20:58 Rating: 5

4 comments:

Violin Angle said...

မြတ်စွာဘုရား ဘာတွေဖြစ်ကုန်ပြီလဲ မြန်မြန်မီးငြိမ်းပါစေ

shweminthar said...

အဲဒီလိုဖြစ်မယ်လို့ ကြိုတော့တွက်မိသားဟ....ရွှေကြောတွေ့နေပြီဆိုတော့ လဲ..အင်းးးရင်လေးပါတယ်.........နောက်ဆိုရင် ကျိုက်ထီးရိုးကိုတောင်
လွတ်လတ်လပ်လပ်ဖူးရပါ့မလား

Anonymous said...

ဘု၇ား ကယ်ပါ

kyu kyu said...

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ထိမီးမရောက်ရှိဘဲ အားလုံးငြိမ်းပြီး အဆင်ပြေသွားပါစေဘုရား။

Powered by Blogger.