ဖေဖော်ဝါရီ ၁၃ပြီးတော့ နောက်တစ်ရက်

ဖေဖော်ဝါရီ ၁၃ ရက်...
စာရေးသူတို့တစ်မျိုးသားလုံး အလေးအမြတ်ထားသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်
အောင်ဆန်း မွေးဖွားခဲ့သည့်နေ့။ စာရေးသူတို့ နိုင်ငံအတွက် မည်သို့မျှ အစားထိုးမရနိုင်သည့် သားကောင်း
ရတနာတစ်ဦး ပေါ်ထွန်းလာခဲ့သည့်နေ့ဖြစ်ပါသည်။ အင်မတန် ကျက်သရေမင်္ဂလာရှိသောနေ့၊ စာရေး
သူတို့အားလုံး၏ ရင်ထဲတွင် ထာဝစဉ်စွဲမြဲမှတ်တည်ကာ တန်ဖိုးထားရမည့် နေ့ထူးနေ့မြတ်ပင်ဖြစ်ပါ သည်။
    ဖေဖော်ဝါရီဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ ..အစချီ ကဗျာဆရာကြီး]တင်မိုး}၏ ကဗျာလေး
ဖြင့် မူလတန်းအရွယ် ကလေးများအား ဗိုလ်ချုပ်အောင်ဆန်းဖြင့် စတင်ရင်းနှီးစေခဲ့ကြသည်။
    ဗိုလ်ချုပ်အား မြတ်နိုးသည့် စိတ်ပြင်းထန်ပြီး၊ ယုံကြည်မှုအပြည့်ရှိသော နေအိမ်အနည်းငယ် တွင်မူ ခေတ်ကာလအခြေအနေမည်သို့ပင် ရှိခဲ့စေကာမူ ဗိုလ်ချုပ်၏ ဓာတ်ပုံအား အိမ်ဦးခန်းတွင် အမြဲတမ်းချိတ်ဆွဲထားခဲ့ကြပါသည်။ ထိုအိမ်မျိုးတွင် ကြီးပြင်းခဲ့ရသည့် လူငယ်များ၏ ရင်ထဲတွင် ဗိုလ်ချုပ်သည် ကိန်းဝပ်နေမည်ဟု ယုံကြည်ရပါသည်။ ယနေ့လူငယ်အများစု ဗိုလ်ချုပ်အား မေ့လျော့၊ မသိခဲ့ကြခြင်းမှာ လူငယ်များတွင် အပြစ်မရှိဘဲ စာရေးသူတို့ လူကြီးမိဘ၊ ဆရာသမားများတွင်သာ တာဝန်ရှိသည်ကို ၀န်ခံကြရပါမည်။ မိမိတို့၏ အိမ်အသုံးစရိတ်ထဲမှ ငွေကျပ်သုံးထောင်မျှဖြင့် ဗိုလ်ချုပ်
အကြောင်း စာတစ်အုပ်၊ ဓာတ်ပုံတစ်ပုံဝယ်ယူ စုဆောင်းပြီး အိမ်တွင်ထားရှိပေးခြင်းဖြင့် မျိုးဆက်သစ် အားလုံးအတွက် ကောင်းကျိုးတစ်စုံတစ်ရာဖြစ်ထွန်းနိုင်ပါသည်။
    လူမျိုးကိုချစ်သည်။ နိုင်ငံကို တိုးတက်စေချင်သည်။ လွတ်လပ်ပျော်ရွှင်၊ အေးချမ်းခေတ်မီပြီး စည်းကမ်းရှိသော၊ ရိုးသားသော နိုင်ငံသူ နိုင်ငံသားများကိုသာ မြင်တွေ့ချင်သည်။ လူငယ်များကို လူ ကောင်းလူတော်များဖြစ်စေချင်သည်ဆိုသော သူတိုင်းသည် ဗိုလ်ချုပ်အား စံနမူနာပြုကြရပါမည်။ ဗိုလ်ချုပ်၏ စိတ်နေစိတ်ထား၊ အတွေးအခေါ်၊ လုပ်ရည်ကိုင်ရည်နှင့် အချိန်တိုအတွင်း ကြီးမားသော
စွမ်းဆောင်ပေးနိုင်ခဲ့မှုများကို လူငယ်များ၏ ရင်ထဲတွင် ငယ်ရွယ်စဉ်မှစ၍ သံမှိုစွဲသကဲ့သို့ သိရှိနား လည်ထားရန်လိုပါသည်။ ဗိုလ်ချုပ်၏ ပြောဆို၊ နေထိုင်၊ ပြုမူ၊ ၀တ်စားပုံများကအစ လူငယ်များအတွက်
ပေါ်လွင်မြင်သာအောင် မိသားစုအလိုက် လူကြီးမိဘများက စီမံပေးကြရပါမည်။ စာရေးသူ၏ သမီးလေးအား နှစ်နှစ်ခွဲအရွယ်မှစ၍ လေ့ကျင့်ပြသထားရာ မြင်းစီးဗိုလ်ချုပ်ကြေးရုပ်နှင့် ဗိုလ်ချုပ် ဓာတ်ပုံများ ကို မည်သည့်နေရာ၊ မည်သည့် စာအုပ်ထဲမှာ တွေ့တွေ့ ]ဗိုလ်ချုပ်အောင်ဆန်း}ဟု ပြောပြ
တတ်ပါသည်။  ဤသည်ကို ကြည့်ခြင်းအားဖြင့် ကလေးလူငယ်များနှင့် အနီးကပ်နေသူတိုင်းက လေ့ကျင့်ပေးမည်ဆိုလျှင် ဘာမဆိုဖြစ်နိုင်သည်ဟု ယုံကြည်ရပါသည်။
လက်ရှိ အစိုးရသစ်လက် ထက်တွင်ဗိုလ်ချုပ်နှင့်ဆက်စပ်သမျှ ဓာတ်ပုံများ၊ အကြောင်းအရာများမှာငုပ်
လျှိုးပုန်းကွယ်ခဲ့ရသည့် အချိန်ကြာမြင့်ခဲ့မှုကြောင့်လားမသိ  ပလူပျံ
အောင်ပင် ပြန်လည်ပေါ်ထွက်လာခဲ့ပါသည်။ ဗိုလ်ချုပ်ကို အကြောင်းပြု၍ ပုံစံအမျိုးမျိုးဖြင့်နေရာအနှံ့ ရောက်ရှိအောင်   ဖြန့်ဝေကြပါ
သည်။ ဗိုလ်ချုပ်၏ ဓာတ်ပုံများကိုဆိုင်ကြီးဆိုင်ငယ်အသွယ်သွယ် တွင် ခမ်းခမ်းနားနားတင်၍ ရောင်း
ချသည်လည်းရှိပါသည်။  အများအားဖြင့် ဘုရားပွဲ၊ ဇာတ်ပွဲ၊ အလှူမင်္ဂလာပွဲများတွင် ဗိုလ်ချုပ်၏ဗီနိုင်းဓာတ်ပုံများ၊   ပလတ်စတစ်လောင်းထားသော ဓာတ်ပုံများကိုမြေကြီးပေါ်တွင်  ဖျာနှယ်ခင်း၍တစ်မျိုး၊ သစ်ပင်များကို ကြိုးတန်း
ကာသီချိတ်လျက်တစ်ဖုံရောင်းချ နေကြပါသည်။ တစ်ဖက်ကကြည့်လျှင်ကောင်းသည်ဟုဆိုနိုင်သော် လည်း  အခြားတစ်ဖက်ကကြည့် လျှင် တန်ဖိုးကျသည်ဟု အောက် မေ့ရပါသည်။
    ဗိုလ်ချုပ်၏ စတစ်ကာ ဓာတ် ပုံများလည်းဖောဖောသီသီထွက် ရှိလာရာ နေရာအနှံ့တွင် ကပ် ထားကြသည်ကို တွေ့ရပါသည်။ ဗိုလ်ချုပ်၏ဓာတ်ပုံများသည် အား လုံး၏ရှေ့မှောက်၊ အားလုံး၏ ၀န်း ကျင်အနီးအနားတွင် ရောက်ရှိနေ ပြီဖြစ်ပါသည်။ ယနေ့ခေတ်လူ ငယ်များအားလုံး ဗိုလ်ချုပ်ကို ကောင်းစွာမြင်ဖူးသွားကြပြီဖြစ် သည်။ ဗိုလ်ချုပ်ပုံ ရိုက်နှိပ်ထား သော အင်္ကျီများကိုလည်း အလွယ် တကူ ၀ယ်ယူဝတ်ဆင်နိုင်ကြပြီဖြစ် သည်။ လူငယ်များသွားလေရာ တွင် ဗိုလ်ချုပ်သည် အသွင် သဏ္ဌာန်တစ်မျိုးမျိုးဖြင့် လိုက်ပါ လျက်ရှိနေပါပြီ။ ထိုလူငယ်များ၏ ခံယူချက်တွင် ဗိုလ်ချုပ်သည်မည် မျှ အတိုင်းအတာအထိ ပါဝင် သက်ရောက်နေသည်ဆိုသည်က မေးခွန်းထုတ်စရာ  ဖြစ်လာပါ သည်။
    ဗိုလ်ချုပ်ဓာတ်ပုံစတစ်ကာ ကို တက္ကသိုလ်ကျောင်းသားလူ ငယ်အချို့က ဆိုင်ကယ်ရှေ့ပိုင်း နေရာများ၊ ကားရှေ့ပိုင်းနေရာများ တွင် ကပ်ထားကြသည်။ ထိုဆိုင် ကယ်ကို စီးလျက် ထိုတက္ကသိုလ် ကျောင်းသားများသည် ဘီယာ ဆိုင်ရောက်သည်။ အရက်ဆိုင် ရောက်သည်။ မကောင်းသည့်နေ ရာများသို့ရောက်သည်။ တစ်ခါ တစ်ရံ ထိုဆိုင်ကယ်ဖြင့်ပင် တက္က သိုလ်ကျောင်းများအနီး လူစည် ကားရာ နေရာများတွင် ဆိုင်ကယ် ကို စည်းကမ်းမဲ့စီးသည်။ ရှေ့ဘီး ထောင်စီးသည်။ ကားများကို လည်း မြင်သူအလန့်တကြား ငေး ကြည့်ဖြစ်အောင် ပြိုင်ကားသဖွယ် မောင်းနှင်ကြသည်။ ထိုဆိုင်ကယ် ထိုကားအပေါ်မှာ ဗိုလ်ချုပ်၏ ဓာတ်ပုံမှာ ခံ့တည်လျက်ပင်။ ဗိုလ်
ချုပ်ဓာတ်ပုံပါ   အင်္ကျီဝတ်ထား သော လူငယ်က ကျောင်းမတက် ဘဲ ဘိလိယက်ခုံတွင် အချိန်ဖြုန်း နေသည်။ ဗိုလ်ချုပ်ဓာတ်ပုံပါသော့ ချိတ်ကိုင်ထားသူ လူငယ်က သော့ ချိတ်ကို ပစ်မြှောက်ကစားရင်း လမ်းဘေး၌ ကွမ်းထွေးသည်။ သူ တို့အနီးတွင် ဗိုလ်ချုပ်ရှိနေသော် လည်း သူတို့သည် ဗိုလ်ချုပ်အား အမှန်တကယ်မသိသူများဟုသာ မှတ်ယူရပါမည်။
    ဖေဖော်ဝါရီ ၁၄ ရက်။ ချစ် သူများနေ့။ ထိုနေ့သည်ကား စာ ရေးသူတို့နိုင်ငံရှိ လူငယ် များအ တွက် အပျော်ဆုံးနေ့ထူး နေ့မြတ်  ဟု ထင်မှတ်ရပါသည်။ ကျောင်း သား၊ ကျောင်းသူနှင့် လူငယ်အား လုံးနီးပါးမှာ ထိုနေ့အတွက် အချိန် တစ်လမျှကြို၍ ပြင်ဆင်တတ်ကြ သည်။ ထိုနေ့အတွက် အသုံးစရိတ်  ကိုလည်း ကြိုတင်စုဆောင်းထား တတ်ကြသည်။ မြို့ရွာအသီးသီး ရှိ စတိုးဆိုင်များနှင့် အလှပြင်ဆိုင် များ၊ ဓာတ်ပုံဆိုင်များတွင်လည်း ထိုနေ့အတွက် အထူးတလည် ၀န် ဆောင်မှုပေးကာ အခမ်းအနား များ ကျင်းပပေးကြသည်။ ထိုနေ့ အတွက် အမှတ်တရ ပစ္စည်းများ ကိုလည်း မည်မျှပင် တန်ဖိုးကြီးပါ စေ။ ၀ယ်ယူအသုံးပြုကြသည်။ ထို နေ့တစ်ရက်တည်းအတွက် လူငယ် များ၏ အသုံးစရိတ်များကို စု ပေါင်းလိုက်လျှင် ကျေးရွာတစ်ရွာ အတွက် လိုအပ်သော နှစ်ထပ်စာ သင်ဆောင်ကောင်းကောင်း တစ်
ဆောင်    ဆောက်လုပ်ပေးနိုင်
လောက်ပါသည်။
    စာရေးသူ၏ မိတ်ဆွေ တက္က သိုလ် ဆရာ၊ ဆရာမများ၏ ပြော ပြချက်အရ ထိုဖေဖော်ဝါရီ ၁၄ ရက်တွင် ကျောင်းတော်တော် များများ၏ အတန်းအသီးသီးတွင် ကျောင်းလာတက်သည့် ကျောင်း သူ၊ ကျောင်းသားမှာ မူလအရေ အတွက်၏ သုံးပုံတစ်ပုံမျှပင် မရှိ ဟု သိရပါသည်။ ထိုနေ့တွင် ကျူ ရှင်များ၊ ပုဂ္ဂလိကသင်တန်းများ ကို ပိတ်ပေးရသည်ဟု ဆိုပါသည်။ ထိုနေ့တွင် လူငယ်စုံတွဲများမှာ အ ပျော်ကြူးကြသည်။ မိဝေး ဖဝေး တက္ကသိုလ်တက်နေသည့် လူငယ် များမှာ အပြည့်အ၀လွတ်လပ်ကြ သည်။ ထိုနေ့ ထိုရက်တွင် အမှတ် တရအဖြစ် အဖြေပေးကြသည်။ ခန္ဓာကိုယ်ပေးကြသည်။ တည်းခို ခန်းများတွင် အချိန်ဖြုန်းကြသည်။ စားသောက်ဆိုင်များ၊ အပန်းဖြေ နေရာများ၊ ရှုခင်းသာများ၊ ဘုရား ကျောင်းကန်များသို့ သွားရောက် ကာ ထိုနေ့အတွက် အမှတ်တရ များစွာ ပြုလုပ်ကြသည်။ ရက်ရက် ရောရော သုံးစွဲကြသည်။ ထိုရက် ကလေးကုန်ဆုံးသွားမှာကိုပင် နှမြောတသဖြစ်ကြသည်။ ထိုရက် ညအချိန်တွင် အဆောင်လည်း ပြန်မအိပ်၊ တည်းခိုခန်းလည်း မသွားဘဲ လမ်းဘေး ညအမှောင် တွင် အချိန်ကုန်ခံဝံ့သည့် လူငယ် စုံတွဲကျောင်းသား၊ ကျောင်းသူ များအား အံ့ဖွယ်တွေ့ရတတ်ပါ သည်။
    စာရေးသူတို့နိုင်ငံနှင့် တစ် မျိုးသားလုံးအတွက် ဖေဖော်ဝါရီ ၁၃ ရက်မှာ အနှိုင်းမဲ့တန်ဖိုးကြီး မားလှသော ရက်များထဲမှ တစ် ရက်ဖြစ်ပါသည်။ ဖေဖော်ဝါရီ ၁၄ ရက်မှာမူ နိုင်ငံတကာကို အတုခိုး ၍ လူငယ်များ အလေးထားသော ရက်တစ်ရက်ဖြစ်ပါသည်။ မြို့ရွာ တော်တော်များများရှိ လူငယ်များ အကြားတွင် ယနေ့လက်ရှိ တွေ့ နေရသည်မှာ ဖေဖော်ဝါရီ ၁၃ ရက်အတွက်     အထူးအမြတ် အခမ်းအနားလုပ်ဆောင်မှု မတွေ့ ရသလောက်နည်းပါးပြီး ခြောက် ကပ်ကပ်နိုင်လှပါသည်။ ဖေဖော် ၀ါရီ ၁၄ ရက်တွင်မူ   လူငယ်အ ပေါင်း   ရွှင်လန်းတက်-------
ရေးသားသူ-ရွှေဖြိုးမောက် 7Day News Journal
ဖေဖော်ဝါရီ ၁၃ပြီးတော့ နောက်တစ်ရက် ဖေဖော်ဝါရီ ၁၃ပြီးတော့ နောက်တစ်ရက် Reviewed by သစ်ထူးလွင် on 09:02 Rating: 5

4 comments:

chitthu said...

hote par tal..... a yan ko sate ma kg sa yar par pa'..FEB"13 ko tot ma mae thint pa' tine pyay gaung saung twe kyin pa pay thint tal lo htain par tal..... a kyan pyue tar par..

Pe Aung Moe said...

Feb 13 ကိုအထိမ်းအမှတ် နေ့ သတ်မှတ်ပြီး ပြပွဲ တစ်ခုလုပ်ပေးသင့်တယ်...လူငယ်တွေအမှတ်ထားတတ်လာအောင်..အထက်လူကြီးတွေက စိတ်ဝင်စားပုံမရဘူးထင်တယ်...

Myo Maung said...

(၃)ခါထက်မနည်း ဖတ်မိပါတယ် ရှက်တတ်ရင် လဲသေလို့ရတယ် သေသင့်တဲ့သူတွေလည်း တော်တော်များပါတယ် အလားတူဖြစ်ရပ်တွေလည်း တော်တော်များပါတယ်

အောင်တေဇ said...

မြန်မာလူငယ်လေးတွေနဲ့မိန်းကလေးငယ်တွေဘာဖြစ်သွားတယ်မသိဘူးဗျ တလွဲဆံပင်ကောင်းသွားကြတယ် တကယ်တော့ ဖိလစ်ပိုင် မိန်းကလေးတင်မဟုတ်တော့ဘူး မြန်မာမိန်းကလေးတွေပါအလွယ်ပေးနေကြတယ် ကိုယူမယ်သတ်မှတ်ထားတဲ့သူဆိုရင်တော့မပြောလိုပါဘူး ......ကိုးရီးယားကာတွေကြည့်ပြီး သူတို့ဘယ်လိုတိုးတက်အောင်နေသလဲတော့ အတုမယူကြဘူး .....အော်နောက်ဆုံတော့ ပညာရေးကစိတ်ဝင်စားစရာမရှိတော့ နေချင်သလိုနေရင်းကနေဖြစ်ချင်သလိုဖြစ်မှားစိုးတယ် ဗျာ....

Powered by Blogger.