ဗိုလ်ချုပ်မှူးကြီး(ဟောင်း)ဦးသန်းရွှေ ရဲ့  အမိန့်ကို နာခံစရာ မလိုတော့ပါဘူးလို့  ၀န်ကြီးဦးအောင်မင်း ပြောကြား

ဗိုလ်ချုပ်မှူးကြီးအဖြစ် နှစ် ၂၀ နီးပါး တန်ခိုးထွားခဲ့တဲ့ ဦးသန်းရွှေ စာဖတ်နေတယ် လို့ အစိုးရ၀န်ကြီး ဦးအောင်မင်းက ဒီကနေ့ ပြောလိုက်ကြောင်း Reuters သတင်းတပုဒ်မှာ ရေးထားပါတယ်။

နိုင်ငံခြားသတင်းဌာနတခုနဲ့ ပထမဆုံး တွေ့ဆုံမေးမြန်းရာမှာ ၀န်ကြီးက အဲဒီလိုပြောလိုက်တာပါ တဲ့။

"သူ့အိမ်ဘေးမှာ စာကြည့်တိုက် အကြီးကြီး ရှိတယ်။ သူတာဝန်ရှိစဉ်ကာလတုန်းကတော့ စာအုပ်ဖတ်ချိန် မရခဲ့ဘူး။ ခုတော့ ဖတ်နေပါပြီ။ စစ်အုပ်ချုပ်ရေးကနေ ဒီမိုကရေစီကို ငြိမ်းငြိမ်းချမ်းချမ်း အသွင်ကူးပြောင်းနိုင်ခဲ့တာ သူ့ရဲ့ ဦးဆောင်မှုကြောင့်ပါပဲ" တဲ့၊ ၀န်ကြီးက ဆိုတယ်။"ဦးသန်းရွှေက လုံးဝ အနားယူသွားပါပြီ။ သူ့သြဇာ သူ့အမိန့်ကို ကျနော်တို့ နာခံစရာ မလိုတော့ပါဘူး။ အခု လုံးဝကို အဆက်အသွယ် မရှိတော့ပါဘူး"
"သူ ၀င်ပါစရာ မလိုတော့ဘူးလေ။ လက်ရှိအခြေအနေကို အဝေးကနေကြည့်ပြီး သူ ၀မ်းသာကျေနပ်နေမှာပါ" တဲ့။
ဦးအောင်မင်း (ဓာတ်ပုံ - ဧရာဝတီ)

လက်နက်ကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုအခြေအနေကိုလည်း သူက ထည့်ပြောခဲ့ပါတယ်။

အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့
၃ လ အတွင်း အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းပြီးစီးနိုင်လိမ့်မယ်၊
အရပ်သားအစိုးရကို သူပုန်အဖွဲ့တွေက ယုံကြည်မှု ရှိကြတယ်လို့ ဆိုတယ်။

တိုက်ပွဲမှာ ကျဆုံးသွားသူဟာ တိုင်းရင်းသားတပ်ဖွဲ့က ရဲဘော်ပဲ ဖြစ်ဖြစ်၊ စစ်တပ်ကပဲ ဖြစ်ဖြစ် သူတို့အားလုံးဟာ ကျနော်တို့ရဲ့ မိသားစုဝင်တွေပါပဲ တဲ့။

အစိုးရအဖွဲ့ထဲမှာ ပြုပြင်ပြောင်းလဲလိုသူတွေနဲ့ သဘောထားတင်းမာသူတွေကြား ပဋိပက္ခရှိတယ်ဆိုတဲ့ ပြောဆိုခန့်မှန်းချက်တွေကိုတော့ ဦးအောင်မင်းက ပယ်ချတယ်လို့ ဆိုတယ်။

သမ္မတရဲ့ နောက်မှာ အားလုံး တညီတညွတ်တည်း ရှိနေပါတယ် တဲ့။

KIA နဲ့ ချနေကြတဲ့အကြောင်း၊ ထိုးစစ်ရပ်ဖို့
သမ္မတက ကြည်းတပ်ဦးစီးချုပ်ကို အမိန့်ပေးတာတောင် တိုက်ပွဲတွေ မရပ်သေးတဲ့အကြောင်းကိုတော့ ၀န်ကြီးက မှတ်ချက်ပေးဖို့ ငြင်းတယ်လို့ ဆိုတယ်။
ဧရာဝတီ ညွှန်း - http://www.chicagotribune.com/news/sns-rt-us-myanmar-conflictstre81e0wk-20120215,0,230022.story
အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။

နောက်ဆုံးရ သတင်း အပုဒ် (၁၀၀)

 
 

© Myanmar News Now Copyright by Thit Htoo Lwin

Template by သစ်ထူးလွင် နေ့စဉ်သတင်း | နေ့စဉ်ရုပ်ရှင်