ဒီမိုကရေစီစနစ်ဖြင့် မကိုက်ညီတော့သည့် စည်းမျဉ်း၊ စည်းကမ်းများပယ်ဖျက်ပေးသင့်


ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ပြီး နိုင်ငံတော်သစ်ဆီ လျှောက်လှမ်းနေချိန်တွင် ဒီမိုကရေစီစနစ်ဖြင့် မကိုက်ညီတော့သည့် စည်းမျဉ်း၊ စည်းကမ်းများအား ပယ်ဖျက်ပေးသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောကြားကြသည်။
အများပြည်သူများနှင့် နီးစပ်သောနေရာများတွင် နိုင်ငံရေးနှင့်ပတ်သက်ဆက်နွယ်မှုများ မပြုလုပ်ရန်တားမြစ်ချက်များ၊ နိုင်ငံဝန်ထမ်းများနှင့် ကျောင်းသားများသည် နိုင်ငံရေးကင်းရှင်းရမည်ဆိုသည့်အချက်များ၊ မိတ္တူဆိုင်နှင့် အင်တာနက်ဆိုင်များတွင် နိုင်ငံရေးနှင့် ပတ်သက်သည့်ကိစ္စများမပြုလုပ်ရသည့် အချက်များသည် ဒီမိုကရေစီကျင့်စဉ်နှင့် မကိုက်ညီတော့သဖြင့် ပယ်ဖျက်ပေးရန် လိုကြောင်း ၄င်းတို့က ပြောသည်။
´ဒီကိစ္စက ဥပဒေရယ်လို့မရှိဘူး။ ညွှန်ကြားချက်အမိန့်အနေနဲ့လုပ်ခဲ့တာ၊ နိုင်ငံရေးကို အားလုံက ကြောက်နေတာ၊ စီးပွားရေးသမားကို အာဏာပိုင်က ညွှန်ကြားထားလို့ ဖြစ်နိုင်တယ်။ အခုထိ ဒီညွှန်ကြားချက်က သက်ရောက်နေမယ်ဆိုရင် တာဝန်ရှိသူတွေက ပြန်ရုတ်သိမ်းဖို့လိုတယ်´ဟု မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဦးကျော်လင်းဦးက ပြောသည်။
´ဒါတွေကို တဖြည်းဖြည်းချင်းဖြေလျှော့ပေးရမယ်။ ဒီအကြောင်းအရာတွေက လက်ရှိအခြေအနေနဲ့ မကိုက်ညီတော့ပါဘူး´ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်က ပြောသည်။
မြန်မာနိုင်ငံတွင် အစိုးရသစ်သက်တမ်းဆယ်လအတွင်း ရောက်ရှိလာပြီဖြစ်သော်လည်း အဆိုပါစည်းမျဉ်း၊ စည်းကမ်းများရှိနေဆဲဖြစ်ကာ ပြုပြင်ပြောင်းလဲပေးရန် နိုင်ငံတော်အပိုင်းမှ ဆောင်ရွက်သင့်ပြီး၊ သို့မှသာ ဒီမိုကရေစီလမ်းစဉ်နှင့် ကိုက်ညီမည်ဖြစ်သည်။
´အရင်ပုံစံတွေက မပျောက်သေးဘူး။ ပြည်သူတွေအနေနဲ့ အဲဒီလိုပါတီနိုင်ငံရေးကင်းရှင်းရမယ်ဆိုတဲ့ စနစ်တွေ၊ စည်းမျဉ်းတွေက မရှိသင့်တော့ဘူး၊ အပြည့်အ၀ပြောင်းလဲဖို့ အစိုးရနဲ့လွှတ်တော်အပိုင်းက ထိန်းကျောင်းပေးဖို့လိုတယ်´ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုးဝင်းက ပြောသည်။
မက်စင်ဂျာဂျာနယ်
ဒီမိုကရေစီစနစ်ဖြင့် မကိုက်ညီတော့သည့် စည်းမျဉ်း၊ စည်းကမ်းများပယ်ဖျက်ပေးသင့် ဒီမိုကရေစီစနစ်ဖြင့် မကိုက်ညီတော့သည့် စည်းမျဉ်း၊ စည်းကမ်းများပယ်ဖျက်ပေးသင့် Reviewed by သစ်ထူးလွင် on 19:32 Rating: 5

1 comment:

tun tun said...

ယခုအချိန်ထိ တပ်မတော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဧ။် ၀င်ရောက်ဆွေးနွေး တင်ပြချက်များ ဖတ်ရှူကြားသိရခြင်း မရှိသေးပါ..အရည်အချင်းပြည့်ဝလွန်းသည့် တပ်မတော်မှ အရာရှိများ လွှတ်တော်ထဲသို့ မ၀င်ဘဲ တပ်မတော်တွင်သာ အမှု့ထမ်းဆောင်ခိုင်းသင့်ပါသည်..

Powered by Blogger.