၅၀၀၀ တန်ဖုန်း ခွင့်ပြုပေးရေး ပြည်သူများ၏ လက်မှတ်ပေါင်း တစ်သောင်းကျော် သမ္မတရုံးသို့ ပေးပို့မည်


ရွှေလက်ချောင်းများ သာရေးကူညီမှုအသင်းမှ ဦးဆောင်၍ ငွေကျပ် ၅၀၀၀ တန်ဖုန်းများ ခွင်ပြုပေးရေးအတွက် ပြည်သူများ၏ လက်မှတ်ပေါင်းတစ်သောင်းကျော်ရရှိနေပြီ ဖြစ်သည့်အတွက် ယခုလအတွင်း နိုင်ငံတော်သမ္မတရုံးနှင့် ပြည်သူ့လွှတ်တော်ဥက္ကဌတို့ထံ ပေးပို့သွားမည်ဟု အသင်းဥက္ကဌ စာရေးဆရာ ဗအုပ်ခိုင်ထံမှ သိရှိရသည်။
´´လက်မှတ်တော်တော်များများ ရနေပြီမို့ ပို့တော့မလို့ဘဲ၊ တချို့နယ်က လူတွေက ဖုန်းဆက်ပြီးပြောတယ်။ ဒီလကုန်ထိတော့ စောင့်ပေးပါ ဆိုတာနဲ့၊ ဒီလ ၂၀ရက်နေ့နောက်ဆုံးထားပြီး လက်မှတ်တွေကိုလက်ခံသွားမယ် ဒီလအတွင်းတော့ပို့ သွားမှာပါ´´ဟု အသင်းဥက္ကဌက  the messenger သို့ ပြောသည်။
ယင်းသို့ပေးပို့ရာတွင် စာတိုက်မှ တစ်ဆင့်မဟုတ်ဘဲ၊ နေပြည်တော်သို့ ကိုယ်တိုင်သွားရောက်ပေးပို့သွားမည်ဖြစ်ကာ၊ သမ္မတရုံးသို့ လက်မှတ်မူရင်းများကို ပေးပို့သွားမည်ဖြစ်ပြီး မိတ္တူများကို လက်ခံတစ်စုံထားရှိမည့် အပြင် လွှတ်တော်ကိုယ်စားလှယ်အချို့ထံသို့လည်း ပေးပို့မည်ဟု သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊နေပြည်တော်နှင့် ရန်ကုန်အပါအ၀င် မြန်မာနိုင်ငံဒေသအတော်များများမှ ပြည်သူများ၏ ထောက်ခံချက်လက်မှတ်များအပြင် အစိုးရ၀န်ထမ်းများ၊ စစ်တပ်အဖွဲ့အစည်းများ၊ စာပေနှင့် စာနယ်ဇင်အသိုင်းအ၀န်းမှ ပုဂ္ဂိုလ်များလည်း ပါဝင်ကြောင်း သိရသည်။
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးရေးတွင် ဆက်သွယ်ရေးသည် အရေးကြီးဆုံးနေရာက ပါဝင်ပြီး အာဆီယံအပါအ၀င် ကမ္ဘာ့နိုင်ငံများတွင် လူတန်းစားမရွေး ဖုန်းသုံးစွဲနိုင်သကဲ့သို့ မြန်မာပြည်သူများလည်း တန်းတူခံစားနိုင်ရန်အတွက် ပြည်သူများ၏ကိုယ်စားတောင်းဆိုခြင်း ဖြစ်သည်ဟု စာရေးဆရာ ဗအုပ်ခိုင်က the messenger သို့ ပြောခဲ့သည်။
ငွေကျပ် ၅၀၀၀ တန်ဖုန်းများကို ပြည်သူများကိုင်ဆောင်ခွင့် ရရေးသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ပြည်သူများအပေါ်ထားရှိသည့် စေတနာသာမူတည်သည်ဟု ၂၀၁၂ ခုနှစ်၊ဇန်န၀ါရီလ ၂၉ ရက်တွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ရွှေပြည်တံခွန်ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောကြားခဲ့ပြီး ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှလည်း ပြည်သူများမျှော်လင့်လျက်ရှိသော ငွေ ၅၀၀၀ တန်ဖုန်းများမှာ ဆက်သွယမှုကွန်ရက်ကို စနစ်တကျ တည်ဆောက်ရန် အချိန်များစွာလိုအပ်နေခြင်းနှင့် တည်ဆဲဥပဒေများအရ ကိုက်ညီမှုမရှိခြင်းတို့ကြောင့် လတ်တလောတွင် ချထားပေးရန်ဖြစ်နိုင်ခြေမရှိကြောင်း နိုင်ငံပိုင်သတင်းစာများတွင် တရားဝင်ထုတ်ပြန်ကြေညာခဲ့သည်။

ဇင်မာဝင်းဇံ (မက်စင်ဂျာဂျာနယ်)
၅၀၀၀ တန်ဖုန်း ခွင့်ပြုပေးရေး ပြည်သူများ၏ လက်မှတ်ပေါင်း တစ်သောင်းကျော် သမ္မတရုံးသို့ ပေးပို့မည် ၅၀၀၀ တန်ဖုန်း ခွင့်ပြုပေးရေး ပြည်သူများ၏ လက်မှတ်ပေါင်း တစ်သောင်းကျော် သမ္မတရုံးသို့ ပေးပို့မည် Reviewed by သစ်ထူးလွင် on 19:43 Rating: 5

13 comments:

gawleee said...

SIM CARD တခုကို 5000 နဲ့ 2သန်းလောက်ရောင်းပြီးလူပါပျောက်သွားရင်.ဘယ်သူတာဝန်ယူမလည်း.(မက်စင်ဂျာဂျာနယ်) ကတာဝန်ယူမလား.? အချီကြီးတွေသမနေတဲ့ခောတ်နော်..စဉ်းစားကြပါ..တွေးကြပါ.(ကျုပ်လည်းလိုချင်ပါတယ် 5000)နဲ့...

Naing Naing said...

အလုပ်တစ်ခုလုပ်ပြီဆိုရင်ဒီလောက်တော့ မပေါ့ဆဘူးထင်ပါတယ်။ ရွှေပြည်တံခွန်မှမဟုတ်ပါဘူး SIM Card အလကားပေးမယ့် နိုင်ငံခြား Company တွေလည်းရှိတာပဲ.ဘာလို့ MPT ကလက်မခံတာလဲ.စေတနာရှိရင် (MPT)သူကိုတိုင် ရောင်းလို့ရပါတယ်။ ဒီလောက်ဆိုရင်နားလည်သင့်ပါပြီ.

npt said...

ရ သာ ရပါစေ။ အရင်ရဖို့သာ လိုရင်းပါပဲ။

A Mhan Tha Yar said...

လူတွေက ဦးနှောက်ကို မရှိကြတော့ဘူး တန်ဘိုးနည်းတာကို လူတိုင်းမျှော်လင့်နေကြတာပါဘဲ ဒါပေမယ့် ချင့်ချိန်စဉ်းစားကြည့်ဘို့လိုလာပြီ သူများ ၅၀၀၀ တိုင်း လိုက်ပြီး ၅၀၀၀ နေတာ ဘာမှစဉ်းစားဥာဏ်မရှိကြတော့ဘူး ၅၀၀၀ နဲ့ဖုန်းတစ်လုံးရမယ်ထင်နေတာကတော့ ရူးနေလို့ဘဲနေမယ် လုပ်ပေးမယ်ပြောတဲ့သူကလည်း ရူးနေတာဘဲ ဖြစ်ရမယ် တစ်ကယ်လုပ်ပေးနိုင်တယ်ဆိုရင် ပြည်သူကို လုပ်မယ့် Invesment နဲ့ Technical ချပြရဲရမယ်

A Mhan Tha Yar said...

ရချင်တာ တစ်ခုတည်းကို မကြည့်စေချင်ဘူး ဖြစ်နိုင်တာနဲ့ ဖြစ်သင့်တာတွေကို အားလုံးစဉ်းစားကြည့်စေချင်သေးတယ် အရာရာတိုင်းကို တော့ သူများနိုင်ငံတွေ နဲ့ မယှည်ပါနဲ့ သူများတွေလုပ်နေတာတွေ သူများတွေ ပေးနေတာတွေ လုပ်ပေးနိုင်ဘို့ ကျနော်တို့က ခုမှ ခြေလှမ်းစနေတုန်းပါဘဲ အလျှင်မလိုကြစေချင်ဘူး လိုချင်တာပေါ့ ကျနော်တို့လည်း လိုချင်တာပါဘဲ ခုထိ ဘာတွေလုပ်ပေးခဲ့ပြီးပြီလဲ သေချာစဉ်းစားကြည့်ကြပါ မပေးခဲ့တုန်းကရော ဘာတွေ ရခဲ့ကြလို့လဲ

Killer said...

လုပ်ရင်တော့ ပြည်ပက Company တွေကိုအ၀င်ခံလို့တော့မဖြစ်ပါဘူးဗျာ... သူတို့က SIM Card အလကားပေးပြီ ဖုန်းBill နဲ့ ချမ်းသာသွားလိမ့်မယ်.... ဖြစ်နိုင်ရင် နိုင်ငံပိုင် (MPT) ကပဲ လုပ်စေချင်တယ်.... ရွှေပြည်တံခွန်ဆိုတာ ဘာမှ ငွေအင်အားရှိပုံမရဘူး... သူ့အနောက်မှာ ဘယ်သူရှိလို့ လဲတော့မသိဘူး...

ko-moe said...

Do you know how strong "Shwe Pyi Da Gon" Company in terms of investment, financial capital and technology? I would like to request all citizen not to believe easily to this company and MPT as well.

A Mhan Tha Yar said...

လူတိုင်းလူတိုင်း အမှန်ကို မြင်နေကြပါစေ.....

Anonymous said...

ဘယ်သူတွေ ဘယ်လောက်ချမ်းသာသွားပါစေ..
ပြည်သူတွေ အဆင်ပြေဖို့ အဓိက
၅၀၀၀ တန်ဖုန်း မြန်မြန်ချ.
တောင်းဆိုချင်တယ်ဗျ..

1024 said...

အဲဒါတွေကို သိနေရင် MPT ကလုပ်ပါလား....
Technical အရဖြစ်နိုင်တယ်ဆိုတာ သိနေတာပဲ....
စားထားတာလဲဝနေပြီပဲ တော်လောက်ရောပေါ့ ပြည်သူတွေကို အလည့်ပေးသင့်နေပါပြီ....
အော်...
စားလေစားလေ.... ထပ်စားချင်လေးတော့ မလုပ်သင့်တော့ဘူးပေါ့

aung2 said...

A Mhan Tha Yar......

လူတွေ ကိုရူးနေ/ ဦးနှောက်မရှိကြဘူး လို့ မပြောပါနဲ့

Anonymous said...

အမှန်သယား>>သူများ ၅၀၀၀ တိုင်း လိုက်ပြီး ၅၀၀၀ နေတာ ဘာမှစဉ်းစားဥာဏ်မရှိကြတော့ဘူး ၅၀၀၀ နဲ့ဖုန်းတစ်လုံးရမယ်ထင်နေတာကတော့ ရူးနေလို့ဘဲနေမယ်။

စကားကို ကွဲကွဲပြားပြားပြော အမှန်သယားဆိုတဲ့ မိတ်ဆွေ။ ၅၀၀၀ နဲ့ ဖုန်းဟန်းဆက် မ၀ယ်နိုင်တာလား။ ၅၀၀၀ နဲ့ ဖုန်းဟန်းဆက်ထဲထည့်ပြီးသုံးရတဲ့ ဆင်းကဒ်ကို မ၀ယ်နိုင်တာလား။

နောက်တစ်ခု သူများနိုင်ငံတွေနဲ့မယှဉ်ပဲ ကိုယ့်ဝန်ထမ်းကိုလစာမပေးနိုင်တဲ့ ကမ္ဘောဒီးယားလို အာဆီယံဒေသတွင်း နိုင်ငံငယ်နဲ့ကော ယှဉ်ကြည့်လေ။

ကိုယ့်နာမည် အမှန်တရားကိုတောင် စာလုံးပေါင်းမမှန်တဲ့သူမို့ အမှန်တရားကိုမချဉ်းကပ်နိုင်တာ အံ့တော့မသြဘူး မိတ်ဆွေ။

ဒါပေမယ့် အမှန်တရားဆိုတဲ့စကား အလွဲသုံးစားအလုပ်ခံရတာတွေ့တော့ ၀မ်းတော့နည်းရဲ့။

tertee said...

တို. တိုင်းပြည် က လူတွေ အဲလောက်အမြင်ကျင်းအောင်ဘောင်ခတ်ထားတာ ဘယ်သူ လဲ..ဘယ်စနစ်လဲ.....ပွင်.လင်းမြင်သာ လွတ်လပ်သည်. စနစ် သို.အမြန်ရောက် ပါစေ

Powered by Blogger.