တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ အငယ်တန်း၊ အကြီးတန်း ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲကျင်းပ


ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာရေး ဦးစီးဌာန(အောက်မြန်မာပြည်)ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ပညာ ရေးစီမံကိန်းနှင့်   လေ့ကျင့်ရေးဦးစီးဌာန   အောက်ရှိ ပညာရေးကောလိပ်များမှ ကျောင်းသား၊ကျောင်းသူများ ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ အငယ်တန်း၊ အကြီးတန်း ကာယဗလမောင်နဲ့ ကာယအလှမယ်ပြိုင်ပွဲ ကို ဒီဇင်ဘာ(၂၈) ရက်နဲ့(၂၉)ရက်က ရန်ကုန် တက္ကသိုလ်စိန်ရတုခန်းမမှာ ကျင်းပပြုလုပ်ခဲ့ ပါတယ်။

ပြိုင်ပွဲကျင်းပရေးဥက္ကဋ္ဌ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ပါမောက္ခချုပ် ဦးကျော်ရဲထွန်းက   ကျောင်းသား၊ကျောင်းသူ အချင်းချင်း ချစ်ကြည်ရင်းနှီးရေးနဲ့ စစ်မှန် တဲ့ အားကစားစိတ်ဓာတ်အပြည့်အဝနဲ့ အားကစားကိုချစ်မြတ်နိုးလာစေရန်၊ကျန်းမာ ကြံ့ခိုင် သန်စွမ်း ပြီး ထူးချွန်ထက်မြက်တဲ့ နိုင်ငံ့ ဂုဏ်ဆောင် လက်ရွေးစင် အားကစားသမား ကောင်းများ ပေါ်ထွက်လာစေရန်၊ ကာယ၊ ဥာဏ၊စာရိတ္တ တိုးတက်မြင့်မားရေးနဲ့ ကျန်းမာ   ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် ရည်ရွယ် ပါတယ်လို့ ပြောပါတယ်။ ပြိုင်ပွဲကို အဆင့်မြင့် ပညာရေးဦးစီးဌာန (အောက်မြန်မာ ပြည်)ရှိ ကျောင်း (၃၁)ကျောင်းမှ   ကျောင်းသား၊ကျောင်းသူ များဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြပြီး ဆုရရှိတဲ့ ကျောင်းသား၊ကျောင်း သူများကို ဆုများ အသီးသီးပေးအပ်ခဲ့ ကြောင်း သိရပါတယ်။
ထက်လူလူ (ပေါ်ပျူလာဂျာနယ်)

တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ အငယ်တန်း၊ အကြီးတန်း ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲကျင်းပ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ အငယ်တန်း၊ အကြီးတန်း ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲကျင်းပ Reviewed by သစ်ထူးလွင် on 15:58 Rating: 5

No comments:

Powered by Blogger.