လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခြင်း

ကာတွန်း အောင်မော်
လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသားများ လွတ်ငြိမ်းချမ်း သာခွင့်ကို
နိုင်ငံပိုင်ရုပ်သံလိုင်းများနှင့် အက်ဖ်အမ် ရေဒီယိုမှ ၂၀၁၂ ဇန်န၀ါရီလ ၂ ရက်နေ့  ယနေ့ ညနေ ၄ 
နာရီတွင် ကြေငြာသွားပါသည်။
လွတိငြိမ်းချမ်းသာခွင့်မှာ ထောင်ကျနှစ်များကိုသာလျော့ပေးသွားခြင်းဖြစ်ကြောင်းသိရသည်။ 
ထာင်ဒဏ် နှစ် ၂၀ ကျော်သမားတွေက ထောင်ဒဏ် အနှစ် ၂၀၊ ထောင်ဒဏ် အနှစ် ၃၀ ကျော်သမားတွေက ထောင်ဒဏ် အနှစ် ၃၀၊ ထောင်ဒဏ် အနှစ် ၂၀ အောက်က လူတွေက ၄ပုံ၁ပုံ၊ သေဒဏ်သမားတွေကို တကျွန်း လွတ်ငြိမ်းချမ်းသာခွင့်ရမည်ဟု နိုင်ငံပိုင် မီဒီယာများက တရားဝင် ထုတ်ပြန်ကြေညာလိုက်တာ ဖြစ်ပါသည်။
အဆိုပါကြေညာချက်အရ နိုင်ငံတော်သမ္မအမိန့် နဲ့ ဇန်န၀ါရီလ ၃ ရက်နေ့တွင် စတင် လွှတ်ပေးမည်ဖြစ်ကြောင်းသိရသည်။
>>>ယနေ့ ဇန်န၀ါရီလ ၂ ရက်နေ့ ၄း၂၀ နာရီခန့်က MRTV-4 မှ ထုတ်လွှင့်သွားသော Breaking News အရ ....

၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမိန်ကြေငြာစာအမှတ် ၂/၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့်အရ
- သေဒဏ်ကျခံရသူများအား ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသက်မရှိ)၊
- နှစ် ၃၀ အထက် ကျခံနေရသူများ (နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်မပါ) အား နှစ် ၃၀၊
- နှစ် ၂၀ မှ နှစ် ၃၀ အထိ ကျခံနေရသူများအား နှစ် ၂၀၊
- နှစ် ၂၀ အောက် ကျခံနေရသူများအား ယင်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့်ပြုသည်။

ပုံ
သိန်းစိန်
နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

... ဟု ဖော်ပြပါရှိပါသည်။
 
By: သစ်ထူးလွင်
လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခြင်း လွတ်ငြိမ်းချမ်းသာခွင့် ကြေညာခြင်း Reviewed by သစ်ထူးလွင် on 16:22 Rating: 5

23 comments:

sitaung said...

ကတိတည်ပါတယ်နော်... လိုချင်တဲ့သူတွေမပါလို့တော့အော်မနေကြပါနဲ့...
တဖြည်းဖြည်းတော့ဖြစ်လာမှာပေါ့နော်.. စိတ်ရှည်.. သည်းခံရင် လမ်းကြောင်းမှန်
အပေါ်ရောက်လာမှာပါ

anonymous said...

sitaung ရေ။ မင်းရဲ့ မှတ်ချက်ကိုအကြိုက်ဆုံးပဲ။ အကောင်းဆုံးပဲ။ ဖြစ်လာမှာပါ။ အချိန်တော့ပေးပေါ့။ ကိုယ်လိုချင်တာတစ်ခုကို ရဖို့ အချိန်တော့ပေးရမှာပေါ့။ အများကြီးပြုပြင်ရမှာဆိုတော့။ နားလည်ပြီးကိုယ်ချင်းစာတတ်ဖို့ တော့လိုတယ်။ သန်းပေါင်း ၆၀ကျော်လောက်ရှိတဲ့ပြည်သူတွေအတွက်လုပ်ပေးနေရတာဆိုတော့ အချိန်လိုတာပေါ့။

The Wild Rose said...

လွတ်ငြိမ်းချမ်းသာခွင့်မှ မဟုတ်တာ ... လွတ်ငြိမ်းလျော့ပေါ့ပဲ ဖြစ်ချင်ဖြစ်မယ် ... ဒါဆိုရင် ... ပြုပြင်ပြောင်းလဲမှု လိုလားပါတယ် ... ဒီမိုကရေစီ နိုင်ငံသစ်ဆီ ချီတက်နေပါတယ် ဆိုတဲ့ စကားကို မေးခွန်းထုတ်ရတော့မယ် ....
မင်းတို့ ဘာကောင်တွေလဲ ... ဘာဖြစ်လို့ မင်းတို့ မတရားဖမ်းထားတဲ့ သူတွေကို ပြန်လွှတ်ဖို့ ကြောက်နေ တွန့်တိုနေတာလဲ .... မင်းတို့ မတရားဖမ်းဆီး ထောင်ဒဏ်တွေ မတန်တဆချခဲ့တာ ... မဟုတ်ပါဘူးလို့ ဖင်ပိတ် ငြင်းချင်သေးလား .... နိုင်ငံရေးအကျဉ်းသားမဟုတ်ဘူး တည်ဆဲ ဥပဒေတွေ ကျူးလွန်လို့ ဖမ်းတာပါလို့ ရူးပြဦးမယ် ... မင်းတို့က ရှင်းပြလဲ မသိချင်ယောင်ဆောင် နားမလည်ချင် ယောင်ဆောင်နေမဲ့ ကောင်တွေပါကွာ ... အေး တချိန်ကျရင် အဲဒီလိုမျိုး ပြန်မဖြစ်ရပါစေနဲ့လို့ ဆုတောင်းပေါ့ကွာ .... ကိုယ်ချင်းစာနာတတ်တဲ့စိတ် ... အမှားကိုသိမြင် အမှန်ကို ပြင်ချင်တဲ့စိတ်မှ မရှိကြတာ ... မင်းတို့ကောင်တွေပြောရတာ အကုသိုလ်များပါတယ် ... ကြည့်ရတာ အကုသိုလ်က ဆက်ပြီးရနေဦးမဲ့ သဘောပဲ .....

ငြီမ်းသူ said...

အပေါ်က စောက်ရှုးနှစ်ကောင် အတိုင်အဖောက် ညီနေပါလား။ မင်းတို့အသက်ကို မင်းတိုပြန်ကြည့် အုံး( ဖြည်းဖြည်းဆိုတဲ့ စကားပြောလို့ ) နိင်ငံတကာ မှာ ကိုယ့်နိင်ငံ ဘယ်လောက်ပြတ်ကျန် ခဲ့ပြီလဲဆိုတာ သတိထားကြည့်အုံး။ နွားခြေရာခွက် ကို ပင်လယ်ကြီးထင် မနေနဲ့ ၊။

thiha said...

It is not enough to say as a democratic country.we understand that the reform government needs more time to be good and clean government.But the process is still slowing for politic issue.

tg said...

အဓိပ္ပယ် မရှိတဲ့ လွတ်ငြိမ်းချမ်းသာခွင့်လို့ ဆိုချင်ပါတယ် နော်

elino said...

wild rose နဲ့  ငြိမ်းသူကိုထောက်ခံတယ်

Myanmar said...

အန်တီစု လူကဲခတ်မှားသွားပီထင်တယ်။ သူယုံကြည်ပါတယ်ပြောတဲ့သူက အမိန့်တော့ထုတ်ပါတယ် (အခုချက်ချင်း အပစ်၇ပ်တဲ့) ဘယ်မှာ၇ပ်လို့လဲ။ (နိုင်ကျဉ်းတွေလွတ်ပီး အတူလက်တွဲလုပ်မယ်တဲ့) ပီးတော့မလွှတ်ပေးပြန်ဘူး ဘယ်မှာလဲ သမ္မတတစ်ယောက်၇ဲ့ တည်ကြည်မှု။ ။

မီဒီယာ said...

နှိင်ငံရေးအကျဉ်းသာတွေ လွတ်ပေးမလားလွတ်လာမလားလို့ မျော့်လင့်ချက်တွေနဲ့ စောင့်နေခဲ့ဒါ...ခုက လွတ်ငြိမ်းချမ်းသာခွင့်မှ မဟုတ်ဘဲ..ဒါကို ကြည့်ချင်းအားဖြင့်ဒီကောင်တွေ မလိမ့် တပါတ်နဲ့လက်တလုံးခြား တိုင်းပြည်က လူတွေကို လှည့်စားနေဒါဘဲ..ဟိုကောင် ပြောင်ကြီးအင်ဒိုမှာ ပြောသွားတဲ့စကားကိုက ဘ၀င်မကျခဲ့ဘူး တကယ်ကို ကလိမ်ကကျစ်ကောင်ဘဲ..

ပုကလု said...

လွတ်ငြိမ်းအရမ်းပေးလို့ နဂိုကမှ အပြင်မှာ ငတ်ပြတ်နေခဲ့ကြတဲ့ ခိုး၊ဆိုး၊နှိုက် တွေအများကြီးပါလာခဲ့ရင်.... နောက်ဖြစ်လာမယ့် အရေးတွေကို ဘယ်သူက ကာကွယ်ပေး၊ ရှင်းပေးမှာတဲ့လဲ။ မြန်မာပြည်မှာက သက်ကြီးရွယ်အိုတွေနဲ့ မိန်းမတွေ ခလေးတွေပဲ ကျန်ခဲ့ကြတာဆို....။ သန်သန်မာမာလူငယ် လူရွယ်တွေက သူများတိုင်းပြည်မှာ ကျွန်ခံနေကြရတယ်ဆို......

Aung said...

ဘကြီး စိန် ညာတယ်

တင်းတိန် said...

ကလိန်ကကျစ် အစိုးရ ပါလား ဟ ..

Cinderella said...

ကလိမ်ကကျစ်အစိုးရ...နိုင်ငံ‌ရေးအကျဉ်းသား‌တွေကနှစ်ကြီးသမား
‌တွေချည်းဘဲဆို‌တော့..သူတို့မပါ‌အောင်တမင်လက်တလုံးခြား
လုပ်တာ..ဒီ‌လောက်ေ ကြာက်‌နေရင်လဲကိုမင်းကိုနိုင်၊ကိုကြိုကီး၊ကို‌ဌေး
ကြွယ်တို့ဖင်ကို‌နေ့တိုင်းထိုင်ပြီးရှိခိုး‌နေကြ..။အေ ခြာက်ကြီး‌တွေ...။

Hnin Nway said...

မျှော်လင့်နေတဲ့ မိသားစုတွေရဲ့ ဆန္ဒတွေကို ရိုက်ချိုးပြန်ပြီ....စိတ်ပျက်စရာပဲ..

Carlos Vela said...

ဖြစ်လာပါတော့မယ် .. ဖြစ်လာပါတော့မယ်နဲ့ အထဲကလူတွေ အရိုးဆွေးသွားဦးမယ် .. ကြည့်လုပ်ဦးနော်

တင်းတိန် said...

ဟာသ လုပ်နေတာလား ဦးပြောင်ကြိးရယ်..

Anonymous said...

According to this statement....we still can't trust Thein Sein government.They are trying to lie Myanmar peoples and international community.He still have under control of general Than Shwe or someone from army.He was not allowed to do freely as he wish.He must release all political prisoner if he really want to reform the country as a democracy country and write a new history to ease bitter history when they were in army.

hlaingmin said...

အပေါ်က ခွေးမသားနှစ်ကောင် မင်းတို့အဖေတွေကို အခုထိ
လှန်ပေးနေတုန်းလား

hlaingmin said...

ကျုပ်ကတော့ ထိပ်ပြောင်နဲ့အမေစု တွေ့စကတည်းက ဒီတစ်ခါလည်း အမေစု
အချီကြီး အလိမ်ခံရတော့မယ်ထင်တယ်လို့ တွေးထားခဲ့တာ။ အခု
တကယ်ဖြစ်နေပြီ။ ပြည်သူတွေ မျှော်လင့်ထားတာကို စိတ်ချမ်းသာအောင်မှ
လုပ်မပေးတာ။ လိမ်နေတာပဲ။

Thu Ri Ya said...

ဒီအချက်ကိုကြည့်ချင်းအားဖြင့်
မှန်ကန်တဲ့ေ၇ွးကောက်ပွဲဆိုတာ
ဖြစ်နိုင်ပါ့မလားလို့တွေပီး၇င်လေး
မိတယ်

MMM Features said...
This comment has been removed by the author.
Tri Asian Taste said...

မျိုးရိုးကဒီလာတာ သူခိုးကြီးတော့၊ ဓါးပြ။ ဓါးပြကြီးတော့ သူပုန်။ သူပုန်ကြီးတော့ အစိုးရဆိုပေါ့။ ကိုယ့်လူမျိုးကို ပြန်ပေးဆွဲပြီး နိုင်ငံရေးလုပ် တာပေါ့။ အဲဒါကို ပြန်ပေးအစိုးရနဲ့ ပြန်ပေးနိုင်ငံေ၇းလို့ခေါ်ပါတယ်။ အလွယ်ဆုံး နည်းနဲ့ ရေရှည်အာဏာရယူ နည်းဖြစ်ပါတယ်။ ငတုံးများ၊ လောဘသမားများ သုံးနည်းလည်းဖြစ်ပါတယ်။ တနည်းအားဖြင့် မြန်မြန် မသာပေါ်နည်းလည်းဖြစ်ပါတယ်။

nationalism said...

we all myanmar citizen can learn from burmese's clemency order that we all can do criminal (eg .kill people , drug trafficking ) only in myanmar .BUT DON'T EVENT THINK ABOUT POLITIC YOU CAN BE VANISH . HA HA HAAAAAAAAAAAAAA
THIS IS GOOD GOVERMENT ????????????????

Powered by Blogger.