“ပြိုင်တူ တွန်းလျှင်ရွေ့နိုင်သည်” (ရုပ်/သံ)

“ပြိုင်တူ တွန်းလျှင်ရွေ့နိုင်သည်” DVD တေးစီးရီး အယ်လ်ဘမ် အသစ်ကို ယနေ့ ဇန်နဝါရီလ ၁၇ ရက်တွင် နိုင်ငံတကာသို့ စတင် ဖြန့်ချီ လိုက်ကြောင်း
သိရပါသည်။ ဒီအခွေကို ဦးဇော်ဝင်း (နော်ဝေ) နဲ့ စိန်သွား (တေးရေး၊တေးဆို) တို့မှ စီစဉ်တာ ဖြစ်ပြီး သီးလေးသီး အဖွဲ့မှ ကြယ်သီး နှင့် ပန်းသီး တို့ကလည်း
ပါဝင် ကူညီ ပေးထားကြောင်း သိရှိရသည်။ဦးဇော်ဝင်း (နော်ဝေ) ၊ ရာမည ၊ စကားဝါမြေ ဖိုးဇော် ၊ မိုးစက်နီ နှင့် စိန်သွား တို့က တေးသီးချင်းများကို ရေးစပ်
ထားကြပြီး တေးဆိုများ အဖြစ် ကြယ်သီး ၊ စိန်သွား ၊ ရွှေရည်ဝင်း နှင့် မြစံပါယ်ငုံ တို့က သီဆိုထားကြပါသည်။ ဒီတေးစီးရီး အယ်လ်ဘမ်မှာ ပါဝင်တဲ့ သီချင်း
တွေဟာ မြန်မာပြည် ငြိမ်းချမ်းရေးကို အဓိက ရည်ရွယ်ပြီး စပ်ဆို ထားကြကြောင်းလည်း သိရှိရပါသည်။
ဘားမားဗီဂျေ
“ပြိုင်တူ တွန်းလျှင်ရွေ့နိုင်သည်” (ရုပ်/သံ) “ပြိုင်တူ တွန်းလျှင်ရွေ့နိုင်သည်” (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 15:52 Rating: 5

No comments:

Powered by Blogger.