ကျောင်းသားကို တိရိစ္ဆာန်ကဲ့သို့ ကြိုးတုတ်ရိုက်

၁၄ ရက်နေ့လည် ၃ နာရီခွဲ အချိန်မှာ ကျမ မနှင်းပွင့်ဖြူ အသက် ၂၂ နှစ်၊ မှတ်ပုံတင်အမှတ် ၁၂/ သဃက
(နိုင်) ၁၂၁၉၃၆ ရဲ့ နေအိမ်ကို လမ်းထဲမှ ဟူစိန် လာရောက်ပြီး “မကြီးရဲ့ မောင် ပြည့်စုံကို     ကျောင်းအုပ်ဆရာကြီးက ဘောလုံးကန်လို့ ဖမ်းထားတယ်” လို့ လာပြောပါတယ်။

ကျမ မောင်လေးက အသက် ၁၂ နှစ်၊ အထက (၁) သင်္ကန်းကျွန်းမှာ သတ္တမတန်း တက်နေတာပါ။ ကျောင်းအုပ် ဆရာကြီးက အမက (၂၀) သင်္ကန်းကျွန်းမြို့နယ် ကပါ။ သူ့ မူလတန်းကျောင်းဘေးမှ ဘောလုံးသွားကန်လို့ပါ။
ကျမနဲ့ ဟူစိန် လည်း အမက (၂၀) ကို အပြေးရောက်သွားပါတယ်။ ကျောင်းအောက်ရောက်တော့ ကလေး တစ်ယောက်ကို မောင်လေး ဒီမှာ ကောင်လေး တစ်ယောက်ကို ဆရာကြီး ဖမ်းထားတယ်ဆိုလို့ လာတာလို့ မေးတော့၊ အဲဒီကလေး က ဟုတ်တယ် မကြီး သားပြမယ်ဆိုပြီး အပေါ်ထပ်မှာ ဆိုလို့ ကျမ
တစ်ယောက်တည်း အပေါ်ထပ် တက်သွားပါတယ်။ ဟူစိန်က အောက်မှာ ကျန်ခဲ့ပါတယ်။

ကျမ  မောင်လေးကို ၀ရံတာမှာ လက် နောက်ပြန်ပြီး နိုင်လွန်ကြိုးနဲ့ တုတ်ထားတာပါ။ တမံတလင်း ကြမ်းပြင်၊
နောက်မှာ နံရံနဲ့ မီပြီး ကလေးက ခွေခွေလေးဖြစ်နေပါတယ်။ ကျမ ကလေးကို နှိုးပါတယ်။ မနိုးပါဘူး။ ပါးကို အတင်းလှုပ်တော့မှ ကလေးက မျက်ဖြူလှန်ပြီး နိုးလာပါတယ်။

“မကြီး သားကြောက်တယ် ၊ သား ရေသောက်မယ် ၊ ရေဆာတယ်” ပဲပြောနေတယ်။ အနီးနားက အခန်းထဲမှာ မိန်းမ တစ်ယောက်နဲ့ ယောက်ျားတစ်ယောက်ကို ကျမ တွေ့တော့ ရေနည်းနည်း တိုက်ပါလို့ပြောပြီး၊ အဲလ်ပိုင်း ရေသန့်ဘူးလေးထဲမှာ ရေလက်ကျန် ဖင်ကပ်လေးကိုတွေ့လို့ ဆွဲယူလိုက်ပါတယ်။
ကလေးကို ရေ အရင်တိုက်ပြီးမှ ကြိုးဖြေပေးလိုက်ပါတယ်။ သူ့လက်တွေ အရမ်းနာနေပါတယ်။ ကြိုးက နိုင်လွန်ကြိုး နီဖြူ ကြားပါ။ ရှုပ်ယှပ်ခတ်နေအောင် ချည်ထားတာကြောင့် အချိန်အတော်ကြာမှ ပြေသွားပါတယ်။
ကျမ က နင်ကို ဘယ်သူဖမ်းတာလဲ ဘယ်သူကြိုးတုတ်တာလဲ မေးတော့၊ သားပြန်မယ် သားကြောက်တယ်ချည်း ပြောနေတယ်။ သားကို ကျောင်းအုပ်ဆရာကြီး လူနှစ်ယေက်နဲ့ ဖမ်းပြီး ကြိုးတုတ်ထားတာလို့ ပြောပါတယ်။ ကလေးကို နီးရာ ခုံအစိမ်းလေးမှာ ထိုင်ခိုင်းထားပါတယ်။
ကျမက ရေတောင်းယူခဲ့တဲ့ အခန်းသွားပြီး အစ်မ ကျောင်းအုပ်ဆရာကြီးက ဘယ်သူလဲလို့ မေးပါတယ်။ အဲဒီမှာ မိန်းမက ပန်းကန်ဆေးနေပြီး ယောင်္ကျားကအင်္ကျီ လဲနေတာကို ကျမ တွေ့ရပါတယ်။ ကျမ သူနဲ့တွေ့ပြီး ကလေးကို ပြန်ခေါ်တော့၊ အဲဒီမှာ ဦးလေးကြီးက “ငါ ကျောင်းဆရာအုပ်ပဲ၊ ငါ ဖမ်းတာ”လို့ ပြောပါတယ်။
“နင်က ဘာကကောင်မလို့ သူ့ကို ကြိုးကို ဖြေပေးတာရတာလဲ” လို့  ကျမကို ပြောပါတယ်။

ဆရာကြီးလုပ်ထားတာကြည့်ပါအုံး။ ကလေးကို တိရစ္ဆာန်တစ်ကောင်လို ကြိုးနဲ့ တုတ်ထား
စရာလားလို့ ပြန်ပြောတော့၊ သူက “နင်မောင်က မုန့် ခိုးစားတယ်” လို့ ပြောတော့ ကျမမောင်လေးက “ကျနော်
မခိုးစားဘူး ကျနော် မခိုးစားဘူး” လို့ ပြောပါတယ်။

ကျမမောင်လေးကို ပြန်ခေါ်သွားမယ်ဆိုတာ မထည့်ပေးဘူး။ ကျန်မတို့ မောင်နှမကို သူတို့ ခြိမ်းခြောက်ပါတယ်။ ကျမ ကို ၄ ချက် စွပ်စွဲပြီး ရဲစခန်းပို့မယ်လို့ ပြောပါတယ်။ (၁) ခွင့်မပြုဘဲ ကျောင်းထဲဝင်လို ၊ (၂) ရေဘူးကိုယူလို (၃) သူ့ကို ပြန်ပြောလို့၊ (၄) ကြိုးဖြေလို့ ဆိုပြီး ကျမကို ခြိမ်းခြောက်ပါတယ်။
ကျမက ကျောင်းထဲကို အောက်က ကလေးတစ်ယောက်ပို့လို့  ၀င်လာတာ၊ ရေဘူးက ကလေးအတွက် အရေးကြီးလို့ ခွင့်တောင်းပြီးယူတာလို့ သူကိုပြန်ပြောတာ၊ ဆရာကြီးမှန်းမသိလို့ ပြောမိတာပါ၊ ကြိုးဖြေပေးတာ ကလေး လက်တွေညောင်းပြီး လက်ကောက်ဝတ်တွေ နီရဲလို့ ဖြေပေးတာလို့ ကျမ ပြန်ရှင်းတာကို စားမလိုဝါးမလိုနဲ့ ဒေါသတကြီး ကြည့်နေပါတယ်။
“တကယ်လို့  ဒီကလေး ရေမသောက်ရလို့ စက္ကန့်ပိုင်းအတွင်း သေသွားရင် ဘယ်လို လုပ်မလဲ” လို့ မေးတော့ ငါသေအောင် မလုပ်ဘူးတဲ့ နင်ကိုလည်း သွားခွင့်မပြုဘူးတဲ့  အဲဒါဘယ်လိုလုပ်ပေးရမလဲ နင်စဉ်းစားတဲ့။
ကျမ မောင်လေး မျက်ဖြူလှန် ခွေယိုင်ပြီး ကြောက်နေတဲ့  ကျမတို့ မောင်နှမ ဆရာကြီးကို ထိုင်ကန်တော့ပြီး တောင်ပန်းခဲ့ပါတယ်။ အဲဒါကို သူက မကျေနပ်ဘဲ မိဘခေါ်ခဲ့၊ မိဘ လာမှ လွှတ်မယ်လို့ ပြောပါတယ်။ အဲဒါနဲ့ အောက်မှ ကျန်နေခဲ့တဲ့ ဟူစိန်ကို ကျမ အစ်ကိုကို သွားခေါ်လို့ ပြောလိုက်ပါတယ်။ အမေ မသိစေနဲ့လို့လည်း
ပြောလိုက်ပါတယ်။

တအောင့်နေတော့ အစ်ကို ရောက်လာတယ်။ ကျမ က “ကိုကြီး ကလေးကို သူတို့ ကြိုးတုတ်ဖမ်းထားတာ မုန့်ခိုးစားလို့တဲ့ ၊ မောင်လေးက မဟုတ်ဘူးပြောတယ်၊ ဘောလုံးကန်တာတဲ့” ဆိုပြီး ပြောပြလိုက်တယ်။
အဲဒီမှာ ဆရာကြီးက “နင့်မောင်ကို မိဘ ဘယ်မှနေလဲလို့  ငါမေးတယ်။ နင့်မောင်က မြောက်ဒဂုံလိုလို တောင်ဒဂုံလိုလို ဟိုလိုလို ဒီလိုလို ပြောနေတယ်” ဆိုတော့ ကျမက “ကလေးက မိဘသိမှာကို ကြောက်ပြီး ပြောတာပါ၊ ကျမတို့က ဒီနားမှ နေတာ အဲဒီ အဝေးကြီးကနေ ဒီကလေးလေးတွေ လာဆော့မလား” လို့ ပြန်ပြောလိုက်ပါတယ်။
ဘောလုံးကန်တဲ့ သူတွေထဲမှာ ကျမ မောင်လေး က ၁၂ နစ် အကြီးဆုံးပါ၊ ၈ နှစ် ၉ နှစ် ကလေးတွေလည်း ပါတယ်။ ဒီမှာလာဆော့တဲ့ ကလေးတွေအကုန်လုံးက ဒီသမာဓိရပ်ကွက်ထဲက ဆိုတာ လူတိုင်းသိတယ်။ အစ်ကိုကိုလည်း ဆရာကြီးက မင်းညီက ပုံမှန်ဟုတ်ဘူးတဲ့ မျက်လုံးတွေက စိတ်မှကောင်းရဲ့လား၊ ကလေးကို စိတ်မနှံဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ပြောပါတယ်။ ကလေးကလန့်ပြီး မျက်ဖြူလန်နေတာ။ အစ်ကိုကိုလည်း တောင်းပန်လိုက်အုံးပြောတော့ အစ်ကိုက ဆရာကြီးကို တောင်းပန်းပါတယ်။
ကျောင်းအုပ်ဆရာကြီးက ကျမတို့ လိပ်စာကိုတောင်းပြီး နောင်ဒီလို့ ဖြစ်ရင် မလွယ်ဘူးတဲ့  စခန်းပို့မယ်လို့ ထပ်ပြောတယ်။ ကလေးက ရဲစခန်းဆိုတဲ့ အသံကြားပြီး ကြောက်လန့် နေတယ်။ မကြီး တောင်းပန်လိုက် သားကြောက်တယ်လို့  ပြောပါတယ်။ ကျမတို့ တောင်းပန်းခဲ့ပြီး မောင်နှမတွေ ငိုယိုပြီးပြန်လာခဲ့ပါတယ်။
ကလေးက လမ်းမလျှောက်လို့ မရအောင် ပျော့ခွေနေတယ်။ လက်မှာလည်း ကြိုးအရာကြီးတွေ ထင်းနေတာ။ အစ်ကိုက ချီပြီး စက်ဘီးနဲ့ အိမ်ပြန်ခေါ်လာခဲ့ပါတယ်။ မိဘ မသိအောင် အိပ်ခန်းထဲ ကုတင်ပေါ်မှာ လှဲခိုင်းထားရတယ်။
နောက် ၁၀ မိနစ်လောက် ကြာမှာ အဒေါ်( အမေ့ ညီမ ) ရောက်လာတယ်။ ကလေးက ခြေလက်တွေ အေးနေတယ်။ နင်တို့  ဆေးရုံတင်လို့ ပြောပါတယ်။ ငါ အဲဒီကျောင်းအုပ်ကြီးကို သွားတွေ့မယ်လို့ ပြောပါတယ်။ ဒေါ်ကြီးက ကလေးကို ဆေးရုံးအရင်တင်မယ်ဆိုပြီး ညနေ ၄ နာရီ ၁၀ မိနစ် လောက်မှပဲ ဆေးရုံ တင်လိုက်ပါတယ်။
အရေးပေါ် အခြေနေဖြစ်သွားပါတယ်။ ကလေးက နိုးလိုက် မေ့မျောသွားလိုက် ဆေးရုံမှာ ဖြစ်နေပါတယ်။ မျက်ဖြူလှန်ပြီး ခြေဖျား လက်ဖျားတွေ အေးနေတယ်။ သူသတိရတဲ့ အချိန်မှာ သားကြောက်တယ်ချည်းပဲ ပြောနေသည်။
“မောင်လေးကို ဘယ်သူ ကြိုးတုတ်ပြီးဖမ်းတာလဲ” လို့ မေးတော့
“သားကိုကျောင်းအုပ် ဆရာကြီးက ကျောင်းစောင့် ဦးလေးကြီး နစ်ယောက်ကို လွှတ်ပြီး ကျောင်းထဲမှာ ဘောလုံးကန်မယ်လို့ လိမ်ပြီးခေါ်တယ်။ သားတို့ အချင်းချင်း ကစားနေတာ သူတို့နှစ်ယောက် ၀င်ပါမယ်ဆိုပြီး ညှပ်ဖမ်းတာ ကျန်တဲ့ ကလေးလေးတွေကတော့ ထွက်ပြေးတယ်။ သားတို့ က ၉ နာရီခွဲလောက်က ကစားနေတာ၊ အိမ်ပြန်ကာနီး ၁၁ နာရီ ကျော်လောက်မှ ဖမ်းတာ”

အတူကစားတဲ့ ကလေးတစ်ယောက်က ပြောတယ်။ မကြီးမောင်ကို ကျောင်းကလူကြီးနှစ်ဦး ဖမ်းပြီး
အပေါ်ထပ် ခေါ်သွားတာ တွေ့လိုက်တယ်။ သားပုဆိုးကျန်ခဲ့လို့ သွားယူတော့ ကျောင်းအုပ်ကြီးက
သူ့ကို လက်သီးနဲ့ ထိုးနေတယ်။ ကြိမ်လုံးနဲ လည်း ရိုက်တာ တွေ့တယ်”

ကလေးတွေ ကျောင်းပိတ်ရက် လမ်းထဲမှာ ဘောလုံးကန်လို့ မရလို့၊အနီးနားက ကျောင်းနားမှာ ဘောလုံး သွားကစားတာပါ။ နားငြီးလို့ မကစားစေချင်ရင် ကောင်းကောင်းမွန်မွန် မဆုံးမဘဲ၊ အခုလို့ ရက်ရက်စက်စက်
ပြုလုပ်ခဲ့တာပါ။ ညဘက် ရဲစခန်းကိုသွားပြီး အကြောင်းကြားခဲ့ပါတယ်။

နောက်တနေ့  တနင်္ဂနွေနေ့မှာ အထက (၁) သင်္ကန်ကျွန်းမှ ကျောင်းအုပ်ကြီး၊ မြို့ နယ်ပညာရေးမှူးကြီးနဲ့ 
ကြိုးတုတ်ပြီးရိုက်တဲ့ အမက (၂၀ ) ကျောင်းအုပ်ကြီးက မနက်ပိုင်းမှာ ကျမနဲ့ အဒေါ်ကို ခေါ်တွေ့ပါတယ်။ ပညာရေးမှူးရုံးကို အကြောင်းမကြားဘဲ ရဲစခန်းကို အကြောင်းကြားလို့ ဆူပါတယ်။

အဒေါ်ကတော့ ကျောင်းပိတ်ရက် ဖြစ်နေလို့ မလာတာလို့ ပြောပါတယ်။ ကျောင်းအုပ်ကြီးက
သူမလုပ်ဘူးလို့ ငြင်းပြီး ကျမတို့ကို တရားစွဲမယ်လို့လည်း ခြိမ်းခြောက်ပါတယ်။ ကလေးကိုတော့
တနင်္လာနေ့ အထိ သင်္ကန်းကျွန်း စံပြဆေးရုံ ကလေးဆောင်မှာ ဆက်တင်ထားပါတယ်။

နှင်းပွင့်ဖြူ (သင်္ကန်းကျွန်း) 
မောက္ခမဂ္ဂဇင်း
ကျောင်းသားကို တိရိစ္ဆာန်ကဲ့သို့ ကြိုးတုတ်ရိုက် ကျောင်းသားကို တိရိစ္ဆာန်ကဲ့သို့ ကြိုးတုတ်ရိုက် Reviewed by သစ်ထူးလွင် on 09:49 Rating: 5

32 comments:

persiaprince said...

တော်တော်လေး ရက်စက်ပါတယ် ဗျားဒီအမှူကဘယ်လိုနဲ့ ပြီးသွားတော့မှာလား ဆက်ပြီးအရေးယူမှုတွေကိုလုပ်ဖို့ရှိသေးလား

bay bay said...

VERY BAD CHARACTER. HE THOUGH,... HE IS SO BIG POWER IN MYANMAR. MUST BE INFORM POLICE BETTER THIS CAUSE.

thethtetsone said...

စိတ်မမှန်ဘူးထင်ပ...ကလေးတစ်ယောက်ကို ဆုံးမတာများ...ကျွဲရိုက်နွားရိုက် ရိုက်ရတယ်လို့ ...မိဘတောင် အလွန်အကျွံနှိပ်စက်ဆုံးမတာမျိုးဆို တရားစွဲလို့ ရတယ်...အရေးယူမှာကောဟုတ်ကြရဲ့ လားမသိ....ဟူးးးး

zawzawlay said...

ကျနော်ကတော...အ၇င်းမ၇ုံးအောင်...ပညာတပ်..ကျောင်းအုပ်ကြီးသမီး..တို.၇ပ်ကွက်ထဲ..ထုတ်စည်းလာတိုး၇င်...စွဲလိုးလိုက်မှာ...

kominmin.ko2010 said...

ဆ၇ာ / ဆ၇ာမ ဆီုတဲ. ဂုဏ်သီက္ခာ ကီုတောင် မထီန်းသီန်းနီူင်တဲ. ပညာေ၇း ၀န်ထမ်းတွေကီု အထီေ၇ာက်ဆုံး ပြင်းပြင်းထန်ထန် အေ၇းယူသင်တယ် ------------

Anonymous said...

ဒီကိစ္စက ဘာအရေးယူမှုမှမရှိပဲ ဒီအတိုင်း ပြီးသွားခဲ့ရင် အဲဒီကျောင်းအုပ်ကြီးဟာ တခြားကလေးတွေကိုလဲ နှိပ်စက်နေအုန်းမှာပါပဲ... တစ်ခုခုတော့ အရေးယူသင့်ပါတယ်...

Crezy Art said...

ဟုတ် မဟုတ်တော့ မသိရ...မမြင်ရလို့ပါ..ဒါပေမဲ့ ဒီလိုအပြုအမူမျိုးကတော့ (လုံးဝ) ကို မဖြစ်မဖြစ်ထိုက်ဘူးလို့ ထင်ပါတယ်....တိရစ္ဆာန်စိတ်ရျိနေလို့ ပေါက်
နေလို့သာ အဲလိုလုပ်တာဖြစ်လိမ့်မယ်.....

koko said...

I don't belive .this is story only.

Anonymous said...

လူမဆန်ဘဲစိတ်ရိုင်းဝင်ပြီး ကလေးငယ်တွေဆုံးမတာ ဒီကျောင်းအုပ်က ပုံမှန်တော့လုံးဝမဖြစ်နိင်ဘူး၊ နိင်ထက်စည်းနင်းပြုမူဆက်ဆံတက်တဲ့လူ
တစ်ယောက်ဖြစ်လိမ့်မယ်။ ခင်ဗျားကြီးဒီလိုပုံစံ ကလေးတွေကိုဆုံးမနေရင်
အကြမ်းဖက်နှိပ်ဆက်တယ်လို့ယူဆရမယ်။ မူကောစိတ်ကောပြောင်းပါ၊
ခက်ညံညံ အတွေးခေါ်တွေသုံးပြီး အသုံးမကျတဲ့စိတ်ဓါတ်နဲ့မဆုံးမသင့်ဘူး
ထင်တယ်၊ရပ်တန်းကရပ်ပေးပါ၊အနိင်မကျင့်ပါနဲ့။(သတိပေးခြင်းဖြစ်သည်)

Mesua Ferrea said...

အလုပ်ကဖြုတ်ပစ်ရမှာ မိုက်ရိုင်းလွန်းတယ် ဘယ်လိုဆရာလဲမသိ အောက်တန်းစားဆရာ

Mesua Ferrea said...

အလုပ်ကဖြုတ်ပစ်ရမှာ မိုက်ရိုင်းလွန်းတယ် ဘယ်လိုဆရာလဲမသိ အောက်တန်းစားဆရာ

nyinyi said...

ဆက်လက်ပြီးတော့ အရေးယူစေချင်ပါတယ်..
ဒါမှ နောက်နောင်ကို ဒီလိုမျိုးတွေထပ်မဖြစ်တော့မှာပေါ့

ရာရာ said...

အဲ့ဒီကိုကိုဆိုတဲ့တစ်ယောက်က တစ်ကယ့်ကို အဆိုးမြင်သမားပဲဟ..
ဟိုမှာကောမက်ရေးလိုက်ရင်လည်းဆန့်ကျင်ဖက်..ဒီမှာကောမက်ရေးလိုက်ရင်လည်း တခြားဖက်၊..ဒီကောင်လည်း ခပ်ကြောင်ကြောင်ပဲဖြစ်မှာပါ..နေပါဦး..ငါပြောဦးမယ်..မင်းပြောသလိုပုံပြင်ဆိုရင်ဒီကလေးရဲ့ပုံတွေမှတ်ပုံတင်နံပါတ်တွေက မင်းပထွေး (ဆောရီး..နည်းနည်းများသွားတယ်..)မင်းဖေဖေလေးက ထွင်ပြီးထည့်ထားတာလားဟ..

arrkarkyaw said...

တာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက်အရေးယူသင့်ပါတယ်။ ကလေးသူငယ်စောင့်လျှောက်ရေးဥပဒေနဲ့လဲ မလွတ်ကင်းပါဘူး။ တကယ် ဥပဒေကိုချိုးဖောက်တဲ့ ကလေးဆိုရင်လဲ ကလေးကအသက်18နှစ်မပြည့်ရင် နိုင်ငံတော်ကတောင် ဖမ်းဆီးခွင့်မရှိပါဘူး။ ဒါကဥပဒေအရပါ။ ကျွန်တော်တို့တိုင်းပြည်မှာဒီလိုဆရာဆရာမတွေ ရှိလာတာ တိုင်းပြည်အတွက်အများကြီးဆုံးရှုံးနိုင်ပါတယ်။ ကျွန်တော့ညီရဲ့ ဖြစ်ရပ်လေးနဲ့ဆင်တူပါတယ်။ ညီလေးက အ.လ.က(၄)လှိုင် (ကျားကျောင်း)ကပါ။ သူ့ဆရာမက သူ့ကျူရှင်မှာတက်ခိုင်ပါတယ်။ ညီလေးက ကျူရှင်ဖိုးမတက်နိုင်ကြောင်း ဆရာမကို အကျိုးအကြောင်းပြောပြတော့လဲ။ဆရာမက ပြသနာရှာပါတယ်။ နောက်အဲဒီဆရာမဆီမှာ တက်တဲ့ကျောင်းသားတွေက ရန်စတဲ့အထိ ဖြစ်လာပါတယ်။ နောက် ကလေးကကျောင်းကိုမသွားရဲတော့ပါဘူး။ ကလေးကျောင်းကို မလာတဲ့ကိစ္စကိုလဲ မိဘညီအစ်ကို မောင်နှမတွေကို အကြောင်းမကြားပါဘူး။ နောက်တော့ သူ့ဆရာမက ကလေးကိုတစ်နှစ်အောက်လိုက်ပြီ စာမလိုက်နိုင်လို့၊ ကျောင်းခေါ်ချိန်မမှန်လို့် ဆိုပြီး တစ်နှစ်အောက်လိုက်ပါတယ်။ ကျွန်တော်ကလဲ တာဝန်နဲ့ ခရီးသွားရတာများတော့ ဦးလေးကိုယ်တိုင်လိုက်ပြီးတောင်းပန်တာတောင် ဆရာမက ခါးခါးသီးသီး ငြင်းလွှတ်လိုက်ပါတယ်။ ကျွန်တော့်ညီက ရေကြောင်းသိပ်ပံတကချင်တာလို့ ကျွန်တော့ကို အမြဲပြောပါတယ်။ ကျွန်တော့အနေနဲ့ ဆရာ၊ဆရာမများကို မစော်ကားပါ။ ဆရာဆိုတာ ဘုရားနဲ့တဂိုဏ်းထဲပါဆိုတာကို ကျွန်တော်တို့ ဗုဒ္ဒဘာသာဝင် တစ်ဦးအနေနဲ့ ပိုပြီးသိပါတယ်။ ဒေ၀ဒတ်ကို ဆရာတင်မိတဲ့ တပည့်လိုဖြစ်မှာဆိုးလို့ ဒီစာလေးရေးလိုက်ရပါတယ်။ ကျွန်တော့်ညီလေးကတော်တော့ကို စိတ်ဓါတ်ကျပြီး ငိုနေပါတယ်။ ကျွန်တော်တို့တိုင်းပြည်အတွက်ရော တိုင်းပြည်အနာဂတ်အတွက် မျိုးဆက်သစ်များအတွက်ရော အရမ်းကို နစ်နာပါတယ်။ ကျွန်တော်ခုလို တင်ပြတာဟာ ကျွန်တော်ရဲ့ညီလေးလို ရည်မှန်းချက်နဲ့ ကလေးမျိုးတွေဒုနဲ့ဒေး ဘယ်လောက်ခံနေရမလဲလို့ စဉ်းစားမိပြီး ရေးဖြစ်လိုက်တာပါ။ ဒီအဖြစ်အပျက်ကတကယ်ပါ။ တိုင်ပြန်ရင်လဲ ကလေးရဲ့အနာဂတ် မကောင်းမှာဆိုးလို့ မတိုင်ရဲတာပါ။ နိုင်ငံတော်ရဲ့ ပညာရေးတိုးတက်စေလိုတဲ့ရည်ရွယ်ချက်ကြောင့် တင်ပြလိုက်ပါတယ်။ ကျွန်တော့်ရဲ့ကွန်မန့်လေးကို Share ပေးစေလိုပါတယ်ခင်ဗျား။

လေးစားစွာဖြင့်
ကိုဦး(အညာမြေ)

Nay Tun said...

We have good president, U Thein Sein. He has ear and eye. I believe him. He will take action in seriously.

Bunny said...

ဒီလိုလူတွေရှိနေလို့ တိုင်းပြည်က မတိုးတက်တာ..... အဲလို ယုတ်မာ အာဏာပြချင်တဲ့ စိတ်တွေကို လုံးဝဖျက်ဆီးရှင်းလင်းလိုက်မှ ဘဲဖြစ်မှာ....ဒီမိုကရေစီသာ ရလို့ကတော့ ....အဲ လူမဆန်တဲ့ ကျောင်းအုပ်ဆရာကြီး သေပြီသာမှတ်....

as said...

စေတနာအရာမထင် အမှုဆင်သောမိသားစု
---------------------------

(၂၇.၁.၂၀၁၂)နေ့တွင်တင်ခဲ့သော မနှင်းပွင့်ဖြူ(သင်္ဃန်းကျွန်း)၏ ရေးသားချက်သည် တစ်ဖက်သက် စွပ်စွဲခြင်းများသာဖြစ်ပါသည်။ ကလေးမှာယခင်ကပင် ကျောင်းခြံစည်းရိုး ကျော်တတ်ပြီး မုန့်များခိုးစားနေသည်ကို ပတ်ဝန်းကျင်မှ သိရှိပါသည်။ ဆရာ့စေတနာဖြင့် အုပ်ချုပ်ရေးမှူးရုံး မအပ်ပဲ နောက်နောင်မပြုလုပ်မိစေရန် မိဘများထံအပ်နှံရန် မေးမြန်းရာတွင် နေရပ်လိပ်စာအမှန်မပြောသဖြင့် အချိန်ကြာမြင့်သွားခြင်းဖြစ်သည်။ ကလေးကျောင်းမှ လမ်းလျှောက်ပြန်ထွက်ခြင်းကို ပတ်ဝန်းကျင်မှအားလုံးအသိပင်ဖြစ်ပါသည်။ အိမ်ပြန်ရောက်မှ မေ့လဲပြီးဆေးရုံတင်ခြင်း၊ ဆရာကြီးမှရိုက်နှက်သည်ဟု ပြောဆိုခြင်းများမှာ မိသားစုကြောင့်လိမ်လ်ာထွက်ဆိုပြော ခြင်းဖြစ်သည်။ ဆရာကြီးမှ လူမှုရေးအရသွားရောက်တွေ့ဆုံသော်လည်း မိသားစုများမှ ဆရာ့ဂုဏ်သိက္ခာထိပါးစေသည့်အထိ ရင့်သီးရင်းပြစွာပြောဆိုခဲ့ပါသည်။ အမှုဆင်ပြီး အမှုဖွင့်ခဲ့ပြီး ထောင်ကျအောင်ချမည်ဟုကြွေးကြော် နေကြပါသည်။ကလေးမှာလည်းလိမ်လည်ထွက်ဆိုသဖြင့် ဆရာဒုက္ခရောက်တော့မည်ကို မိဘတစ်ဦးအနေဖြင့် သနားမိပါသည်။ ဆရာသည်ကျောင်းသားတိုင်းအား စေတနာဖြင့်သာဆုံးမကြပါသည်။ မင်းတုန်းမင်းနှင့်ငါးခြောက်ပြား ဥပမာကိုသိသင့်ကြပါသည်။



နောက်ဆုံးအနေဖြင့်မြန်မာပြည်တလွှားတွင် ဆရာများ၏ဂုဏ်သိက္ခာကို ထုတ်ဖော်ပြီး အာစရိယဆရာများအား ပူဇော်နေသည်ကို ထိခိုက်ညစ်နွမ်းစေရန် အမှုဆင်ခြင်းသည် လွန်စွာမှဆိုသွမ်းသော လုပ်ရပ်ဖြစ်ပါသည်။



ချင့်ချိန်ပြီးမှ ယုံကြည်ကြပါဟု မေတ္တာရပ်ခံပါရစေ။



(ဖြစ်ရပ်မှန် သိသောမိဘတစ်ဦး)

as said...

စေတနာအရာမထင် အမှုဆင်သောမိသားစု
---------------------------
(၂၇.၁.၂၀၁၂)နေ့တွင်တင်ခဲ့သော မနှင်းပွင့်ဖြူ(သင်္ဃန်းကျွန်း)၏ ရေးသားချက်သည် တစ်ဖက်သက် စွပ်စွဲခြင်းများသာဖြစ်ပါသည်။ ကလေးမှာယခင်ကပင် ကျောင်းခြံစည်းရိုး ကျော်တတ်ပြီး မုန့်များခိုးစားနေသည်ကို ပတ်ဝန်းကျင်မှ သိရှိပါသည်။ ဆရာ့စေတနာဖြင့် အုပ်ချုပ်ရေးမှူးရုံး မအပ်ပဲ နောက်နောင်မပြုလုပ်မိစေရန် မိဘများထံအပ်နှံရန် မေးမြန်းရာတွင် နေရပ်လိပ်စာအမှန်မပြောသဖြင့် အချိန်ကြာမြင့်သွားခြင်းဖြစ်သည်။ ကလေးကျောင်းမှ လမ်းလျှောက်ပြန်ထွက်ခြင်းကို ပတ်ဝန်းကျင်မှအားလုံးအသိပင်ဖြစ်ပါသည်။ အိမ်ပြန်ရောက်မှ မေ့လဲပြီးဆေးရုံတင်ခြင်း၊ ဆရာကြီးမှရိုက်နှက်သည်ဟု ပြောဆိုခြင်းများမှာ မိသားစုကြောင့်လိမ်လ်ာထွက်ဆိုပြော ခြင်းဖြစ်သည်။ ဆရာကြီးမှ လူမှုရေးအရသွားရောက်တွေ့ဆုံသော်လည်း မိသားစုများမှ ဆရာ့ဂုဏ်သိက္ခာထိပါးစေသည့်အထိ ရင့်သီးရင်းပြစွာပြောဆိုခဲ့ပါသည်။ အမှုဆင်ပြီး အမှုဖွင့်ခဲ့ပြီး ထောင်ကျအောင်ချမည်ဟုကြွေးကြော် နေကြပါသည်။ကလေးမှာလည်းလိမ်လည်ထွက်ဆိုသဖြင့် ဆရာဒုက္ခရောက်တော့မည်ကို မိဘတစ်ဦးအနေဖြင့် သနားမိပါသည်။ ဆရာသည်ကျောင်းသားတိုင်းအား စေတနာဖြင့်သာဆုံးမကြပါသည်။ မင်းတုန်းမင်းနှင့်ငါးခြောက်ပြား ဥပမာကိုသိသင့်ကြပါသည်။



နောက်ဆုံးအနေဖြင့်မြန်မာပြည်တလွှားတွင် ဆရာများ၏ဂုဏ်သိက္ခာကို ထုတ်ဖော်ပြီး အာစရိယဆရာများအား ပူဇော်နေသည်ကို ထိခိုက်ညစ်နွမ်းစေရန် အမှုဆင်ခြင်းသည် လွန်စွာမှဆိုသွမ်းသော လုပ်ရပ်ဖြစ်ပါသည်။



ချင့်ချိန်ပြီးမှ ယုံကြည်ကြပါဟု မေတ္တာရပ်ခံပါရစေ။



(ဖြစ်ရပ်မှန် သိသောမိဘတစ်ဦး)

as said...

ကျွန်တော်ပထမဆုံးပြောချင်တာကတော့ အဖြစ်မှန်ကိုသိမှ ဝေဖန်မှုတွေကိုပိုင်းခြားနိုင်မှာဖြစ်ပါတယ်။ အဖြစ်မှန်ကိုမသိပဲ ဝေဖန်ကြမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ အရာတွေဖြစ်လာနိုင်ပါတယ်။ ဆရာတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို အမှန်အမှားမသိပဲနဲ့ တစ်ဖက်သတ်ပြောနေတာက ၀ဇီကံမြောက်ပါတယ်။
ဆရာကြီးက၁၂နှစ်အရွယ်ကျောင်းသားလေးကို လက်သီးနဲ့ထိုးတယ်ဆိုတာ ကြားဖူးကြလားခင်ဗျာ။ ဘယ်လိုဆရာမျိုးကမှမလုပ်ပါဘူး။ အခုကသာမာန်ဆရာမဟုတ်ပဲ ကျောင်းအုပ်ဆရာကြီးလေ။အကယ်လို့ ဆရာကြီးက တစ်ကယ်ပဲကလေးကိုထိုးတယ်ထားပါဦး လူကြီးတစ်ယောက်ရဲ့ လက်သီးကြောင့်ကလေးဟာ အနည်းဆုံးမျက်နှာမှာ ဖူးယောင်နေမှာပါ။တုတ်နဲ့ ရိုက်တယ်ဆိုရင်လဲ ခြေထောက်သို့မဟုတ် လက်မှာ အရာတွေထင်ကျန်နေမှာပါ။ အခုဟာက ဘာသက်သေမှ မရှိပဲနဲ့ ဟိုပြောဒီပြော စကားတွေနဲ့ ပြဿနာကိုကြီးအောင်လုပ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။

as said...

ကျွန်တော်ပထမဆုံးပြောချင်တာကတော့ အဖြစ်မှန်ကိုသိမှ ဝေဖန်မှုတွေကိုပိုင်းခြားနိုင်မှာဖြစ်ပါတယ်။ အဖြစ်မှန်ကိုမသိပဲ ဝေဖန်ကြမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ အရာတွေဖြစ်လာနိုင်ပါတယ်။ ဆရာတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို အမှန်အမှားမသိပဲနဲ့ တစ်ဖက်သတ်ပြောနေတာက ၀ဇီကံမြောက်ပါတယ်။
ဆရာကြီးက၁၂နှစ်အရွယ်ကျောင်းသားလေးကို လက်သီးနဲ့ထိုးတယ်ဆိုတာ ကြားဖူးကြလားခင်ဗျာ။ ဘယ်လိုဆရာမျိုးကမှမလုပ်ပါဘူး။ အခုကသာမာန်ဆရာမဟုတ်ပဲ ကျောင်းအုပ်ဆရာကြီးလေ။အကယ်လို့ ဆရာကြီးက တစ်ကယ်ပဲကလေးကိုထိုးတယ်ထားပါဦး လူကြီးတစ်ယောက်ရဲ့ လက်သီးကြောင့်ကလေးဟာ အနည်းဆုံးမျက်နှာမှာ ဖူးယောင်နေမှာပါ။တုတ်နဲ့ ရိုက်တယ်ဆိုရင်လဲ ခြေထောက်သို့မဟုတ် လက်မှာ အရာတွေထင်ကျန်နေမှာပါ။ အခုဟာက ဘာသက်သေမှ မရှိပဲနဲ့ ဟိုပြောဒီပြော စကားတွေနဲ့ ပြဿနာကိုကြီးအောင်လုပ်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။

as said...

(၁၈.၁.၂၀၁၂)နေ့က ကျွန်တော်ကုလားဘုရားနားက လက္ဘက်ရည်ဆိုင်မှာ ထိုင်နေတုန်း ဆရာကြီးကိုစက်ဘီးနဲ့တွေ့လိုက်တယ်. အဲ့နောက်မှာ လူလေးယောက်က စက်ဘီးကိုဝင်ဆွဲပြီး မိုက်မိုက်ရိုင်းရိုင်း ပြင်းပြင်းထန်ထန်ပြောဆိုနေပါတယ်။ လူလယ်ခေါင်မှာ ဆရာတစ်ယောက်ကိုပြောနေပုံက ဘယ်လိုမှမြင်မကောင်းပါဘူးဗျာ။ ပြီးတော့အားလုံးပြန်သွားတော့ ဘေးကလူတွေကိုကျွန်တော်မေးကြည့်တော့ အဲ့လူလေးယောက်ထဲကတစ်ယောက်က ကောင်လေးနဲ့ဦးလေးတော်စပ်တယ်လို့ ကျွန်တော်သိရပါတယ်။ ဒါကတော့ကျွန်တော်ကိုယ်တိုင် မြင်တွေ့ရတဲ့မြင်ကွင်းကိုအားလုံးသိအောင် ပြောပြတာပါ။ ကျွန်တော်ပြောချင်တာကတော့ ဆရာကြီးမှန်တယ် မှားတယ်ဆိုတာ ကျွန်တော်မပြောပါဘူး။ ဒါပေမယ့်အဖြစ်မှန်ကို မသိပဲနဲ့ တစ်ဖက်သတ်စကားကို နားယောင်ပြီး ဆရာတစ်ယောက်ကို မိုက်မိုက်ရိုင်းရိုင်းပြောတာ မသင့်တော်လို့ကျွန်တော် မေတ္တာရပ်ခံတာပါ။
ကျွန်တော်နောက်ဆုံးပြောချင်တာက ကျွန်တော်တို့စာဖတ်သူတို့အားလုံးသာ ဆရာတစ်ယောက်နေရာမှာဆိုရင် ဒီ၁၂နှစ်အရွယ်ကလေးတစ်ယောက်ကို လက်သီးနဲ့ထိုးပါ့မလား??????????

zinzine said...

တစ်ခုလောက်အကြံပေးချင်ပါတယ်ဗျာ။။။။
သတင်းဖြစ်ပြီးရောဆိုတာမျိုးတွေမလုပ်ကြပါနဲ့ ဒီလိုသတင်းမျိုးတွေ ဆောင်းပါးမျိုးတွေကို လူငယ်တွေ ကျောင်းသူ ကျောင်းသား အရွယ်တွေဖတ်မိရင် သူတို့ရင်ထဲမှာ မှန်တယ်မှားတယ် သေချာမဆုံးဖြတ်ပဲ
ဆရာကို ပြစ်မှားတဲ့စိတ် စော်ကားတဲ့စိတ်တွေ ဖြစ်ကုန်မှာပါ။..
ခင်ဗျားတို့ သတင်းတစ်ခု သူ့ထက်ငါတင်တာလည်းတင်တာပေါ့.
မိမ်ပြုမူလိုက်တာလေးတစ်ခုရဲ့ နောက်မှာ အကျိုးဆက်တွေက ကောင်းတာဘယ်လောက်လဲ မကောင်းတာဘယ်လောက်ရှိလဲ ဒါလေးတော့ သေချာတွေးတော စဉ်းစားကြပါအုံးဗျာ.. မြန်မာမျိုးဆက်သစ်လူငယ်လေးများလည်း သတင်းဆိုတိုင်းမယုံကြပါနဲ့
အရာရာကို စဉ်းစားချင့်ချိန် နားလည်တတ်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ် .. ကိုနဲ့မဆိုင်ဆိုတဲ့စိတ်ထား ရင်ထဲမထားတတ်သူ တစ်ဦး...

Anonymous said...

ဘယ်သူမှ မယုံ၇ပါလား ဟ၇ို့ ဒီမိုကေ၇စီေ၇ ကြောက်လာပီ

Unknown said...

မြန်မာလူမျိုးများဖြစ်တဲ့ လူအများစု တွေက (ကျနော် အပါဝင်) များသောအားဖြင့် အကြောင်းအရာ ကိစ္စ ဘယ်အရာမဆို ချင့်ချိန်ပြီး မစဉ်းစားဘူး... ပြောသမျှ ကြားသမျှ..ယုံတတ်လွယ်တယ်.. ဆရာ ဆိုတာ အနန္ဒော အနန္ဒ ငါးပါးမှာ တစ်ပါး အပါဝင် ဖြစ်တဲ့အတွက်.. ဘယ်နည်းနဲ့ မှ ပြစ်မှား ကောင်းတာ မဟုတ်ပါဘူးဗျာ။ ကျနော်က ဘယ်သတင်း မှ အခုလို့ ဝေဖန်ပြီး မပြောတတ်ဘူးဗျ.. စာဖတ်တာတော့ ဝါသနာ ပါတယ်.. အခု ကြားရတာ နားမချမ်းသာလို့ပါဗျာ။ ဘယ်အရာမဆို ဖြစ်နိုင်တဲ့ အရာမှန်သမျှ ဖြတ်တတ်တာ အမှန်ပဲ.. ဖြစ်သင့် မဖြစ်သင့်.. ဟုတ် မဟုတ်.. သေချာပြီလား။ အကုသိုလ် အဖြစ် မခံပါနဲ့ လို့ အခြေအနေ ကို စောင့်ကြည့်ပါလို့ မေတ္တာ ရပ်ခံ ပါတယ်....အားလုံးကို လေးစားပါတယ်။

မေ said...

အခု အဖြစ်အပျက်ကို အဖြစ်မှန် မသိပါဘူး..ငယ်ငယ်တုန်းက ကျောင်းတတ်တုန်းကတော့ အတန်းပိုင်ဆရာမဆီမှာ ကျုရှင်မတက်ရင် ပြသနာ အရှာခံရဖူးပြီး အမှတ်များလည်း အရမ်းလျော့ခံရဖူးပါတယ်။ အဖြေတူရင်တောင် တွက်နည်းမတူလို့ဆိုပြီး တစ်ပုဒ်လုံး အမှတ်မပေးတာ အထိ ဖြစ်ခဲ့ရပါတယ်။ မိဘက လက်လုပ်လက်စားများမို့ အတန်းပိုင်ကို မဖားနိုင်လည်းသိမ်ငယ်ခံရဖူးပါတယ်။ဒါပေမယ့် ကျမ ကိုယ့်ဘာသာ မခံချင်စိတ်နဲ့ ကြိုးစားခဲ့တာ အခု Doctor တစ်ယောက်ဖြစ်နေပါပြီ။ကျမအလှည့်မှာတော့ ပိုက်ဆံတ်နိုင်တဲ့လူနာရော၊ မတတ်နိုင်တဲ့ လူနာရော အားလုံးကိုစေတနာထားပါတယ်။ ဆရာ၊ဆရာမများကြောင့် ဒီအခြေအနေကို ရောက်ခဲ့တာပါ။ ကောင်းတဲ့ ဆရာ၊ ဆရာမများ ရှိသကဲ့သို့ တစ်ချို့လည်း ....ကျမ အဖြစ်လေးကို တင်ပြတာပါ။ကျောင်းသား အချင်းချင်းစာနာလို့ပါ..မည်သူ့ကိုမှ မရည်ရွယ်ပါ..

JPN said...

သတင်းတစ်ခုဖတ်ရင် ခံစားချက်ထက် ပညာနဲ. ချင်.ချိန်ပြီးမှ ဆုံးဖြတ်ပြောဆိုကြတာ ပိုအဆင်ပြေမယ်လို.ထင်ပါတယ်ဗျာ။

paparazi said...

ိဒါ မျိုးဆို တာချင့်ချိန် ဆုံးဖြတ်ကြပါ တကယ်ဖြစ်တာဆိုရင်လည်းထိထိ ရောက်ရောက် ရေးယူသင့်ပါတယ်တကယ်ခံရတာဆိုရင်ဒီအတိုင်းကြီးပီးသွားတာတော့မဖြစ်သင့်ပါဘူး လုံးဝလဲလက်မခံသင့်ပါ ဘူး

pyae zone said...

တပည်.ကိုအဲ့လောက်ရိုက်ရလား။လွန်လွန်းပါတယ်။သူ့မှာသားသမီးမရှိဘူးလား။ တကယ်ကိုထိထိရောက်ရောက်အရေး ယူသင့်ပါတယ်။ ပီး ပီးရောမလုပ်သင့်ပါဘူး။ ကြားရသလောက်ဆိုရင်အဲ့ဆရာကြီး ကအမူးသမား လို့တောင်ပြော နေကြ ပါတယ်.ကလေးအတွက်တကယ်စိတ်မကောင်းစရာပါ။ အရေးယူပါ လို့တောင်းဆိုပါတယ်။ပြင်းပြင်းထန်ထန်ပါ။

knight said...

ဒီကိစ္စမှာတော့သတင်းမီဒီယာတွေမှာလည်း ဖော်ပြခဲ့ပါတယ်
ဆရာကြီးနဲ့တွေ့ဖို့ကြိုးစားတဲ့သတင်းထောက်တွေကို တွေ့ခွင့်မပေးပါဘူး
မိဘတွေနဲ့ပဲဆက်သွယ်မေးမြန်းလို့ရပါတယ်တဲ့။
တကယ်မဟုတ်ရင် ကျကျနနမီဒီယာနဲ့တွေ့ရှင်းပေါ့ဗျ။
အဲဒီကျောင်းကဆရာမတွေစကားအရဆိုရင်လည်း အရမ်းသောက်ပုံရတယ်လို့မှန်းဆရပါတယ်
ဒီလိုရူးကြောင်ကြောင်လူတွေသာ ကလေးငယ်တွေကိုသင်ကြားအုပ်ချုပ်နေရင်ခက်ရချည်ရဲ့။
ထိထိရောက်ရောက် စုံစမ်းအရေးယူသင့်ပါတယ်

myolay793 said...

အင်း .....
အစ်ကိုတို့ပြောသလိုပါပဲ...
မြန်မာလူမျိုးအချင်းချင်းတွေ ရိုင်းလွန်းတယ်၊ အဲလိုသာဆိုရင်တော့ ဆရာ့ကျင့်ဝတ်ကို နည်းနည်းထပ်ပြင်ရတော့မယ်။ စာနာကျပါဦး ဆရာနဲ့တပည့် ကိုယ့်သားသမီးတွေလို ပြုစုစောင့်ရှောက်ဖို့ကောင်းပါတယ်။
အင်းနည်းနည်းမှားသွားတယ် ဆရာဆိုတာ ဆရာလိုနေမှ ဆရာလို့သတ်မှတ်တာ ... ဆရာ့လောက်ဆရာတောင် မဆရာပါဘူးဆရာရယ်
ကျေးဇူးတင်ပါတယ် ပြောချင်ရာပြောလို့ပြီးပါပြီ လုပ်ထားနှင့်ကြဦးပေါ့ ပဋိတ္စ သမုပ္ပတ်ကလည်တယ် ကမ္ဘာကြီးကလည်တယ် ၀ဋ်လည်း.............တယ်နော် ဆရာမဟုတ်ပါသဖြင့် သိပ်မတတ်ပါ ...
တစ်ကယ်ပြီးပါပြီ ...

thinzaroo said...

as ဆိုတဲ့လူကိုတစ်ခု ပြောချင်ပါတယ်၊ မင်းလည်းဒီဖြစ်စဉ်ကိုသေချာသိတာမဟုတ်ဘဲနှင့်ဆရာကြီးဘက်ကပဲ့ပြောမနေနဲ့ ကလေးရဲ့ ဦးလေးတွေက ဆရာကြီးကိုဝိုင်းရိုက်တယ်ဆိုကတည်းက ရှင်းနေပြီပဲ့ ဘယ်သူမှအကြောင်းမဲ့သက်သက်ရန်မရှာကြဘူး ကလေးဘက်ကနာလို့ ဒီလိုလုပ်ကြတာပေါ့၊ တစ်ရပ်ကွက်လုံးဝိုင်းမရိုက်လို့တော်သေးတယ်မှတ်။

အာကာထက် said...

ခံရသူလဲမကောင်း ပြုလုပ်သူလဲမကောင်း အဖြစ်မျိုးမဖြစ်အောင်
သတင်းဌာန မီဒီယာတွေနဲ့ တွေ့လိုက်ပါလား ကျောင်းဆရာရယ် တဖက်ကလဲ မှတ်ပုံတင်နံပါတ်နဲ့တောင်တင်ပြနေပြီပဲ ရှင်းလိုက်စမ်းပါ လွယ်တာကိုခက်အောင်မလုပ်ပါနဲ့ ခေတ်တွေပြောင်းကုန်ပါပြီ

Powered by Blogger.