အရှိန်ပြင်း ပြိုင်ကား သုံးဆင့် ဝင်တိုက် ကားမောင်း ဒဏ်ရာရ အဖော်ဖြစ်သူ သေဆုံး

နံနက်တစ်နာရီခန့်က မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းပေါ်တွင် တောင်မှ မြောက်သို့ အရှိန်ပြင်းစွာ မောင်းနှင် လာသည့် ပြိုင်ကားတစ်စင်းသည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးတွင် ရပ်ထားသော ပါဂျဲရိုးကား၊ ပလက်ဖောင်းပေါ်ရှိ ရေတမာပင်များနှင့် ဖွင့်လှစ်ရန် ပြင်ဆင်ထားသော ဆောက်လုပ်ရေးပစ္စည်းအရောင်း ဆိုင်တစ်ဆိုင်အား ဝင်ရောက်တိုက်မိခဲ့ပြီး ယာဉ်မောင်းသူမှာ ပြင်းထန်စွာ ဒဏ်ရာရရှိကာ အဖော်ဖြစ်သူမှာအခင်းဖြစ်ပွားရာနေရာတွင်  ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားရာနေရာမှာ ကမ္ဘာအေးဘုရားရှေ့ မျက်နှာချင်းဆိုင်ရှိ အမှတ်၅၆၉ တွင် ဖွင့်လှစ်ရန် ပြင်ဆင်ထားသည့် ၂၄နာရီ မီနီမတ် ရှေ့တွင် ရပ်နားထားသည့် ၈ စ- ၂၈၈၈ ပါဂျဲရိုးကားအား အရင်ဦးဆုံး ဝင်တိုက်မိကာ၊ ထိုမှ တဆင့် ပလက်ဖောင်းပေါ်တွင် အလှစိုက်ထားသည့် ရေတမာပင်များကို ဆက်လက်တိုက်မိပြီး၊ လဝန်းသစ် ဆောက်လုပ်ရေးပစ္စည်းဆိုင် မျက်နှာစာအား ထပ်ဆင့်ကာ တိုက်မိခြင်း ဖြစ်ကြောင်း သိရသည်။ ယင်း၂၄နာရီ မီနီမတ်နှင့် လဝန်းသစ် ဆောက်လုပ်ရေးပစ္စည်းဆိုင်တို့မှာ ဇန်နဝါရီ၃၁ရက်တွင် ဖွင့်လှစ်ရန် ပြင်ဆင်ထားသည့် ဆိုင်ခန်းသစ်များ ဖြစ်ကြောင်းကို လဝန်းသစ် ဆောက်လုပ်ရေး ပစ္စည်းဆိုင်ပိုင်ရှင် မတင်ဇာလှိုင်က ပြောပြသည်။

” တကယ်က ၂၈ရက်မှာ ဖွင့်ဖို့ လုပ်ထားပြီးမှ အဲဒီရက်က ၁၀ ဂဏန်း (ဘူ) ဖြစ်နေလို့ ၃၁ရက်ကို ရွေ့ထားတာ။ ဒီနေ့သာ ဖွင့်ဖြစ် လို့ ဖိတ်စာတွေ ဝေထားပြီးရင် သွားပြီ။ အခု ဆိုင်ရှေ့က မျက်နှာစာ ပျက်စီးသွားတာရယ်၊ နံရံပြိုသွားတာရယ်၊ အထဲက ဘိုထိုင်အိမ်သာကမုတ်နှစ်လုံး ကွဲသွားတယ်။ အဲဒီဟာနဲ့တင် သိန်း၅ဝဖိုးလောက် ရှိနေပါပြီ။ အထဲက ပစ္စည်းတွေ ဘယ်လောက် ပျက်စီးသွား တယ်ဆိုတာကိုတော့ ဝင်မကြည့်ရသေးလို့ မသိရသေးပါဘူး” ဟု ယင်းက ဆိုသည်။

ပျက်စီးသွားသည့် ၂၄နာရီ မီနီမတ်မှ ပါဂျဲရိုးကားနှင့် ပတ်သက်၍ ပြောပြရာတွင် ”သူတို့ဆိုင်ကလည်း ကျွန်မတို့နဲ့ အတူတူ ၃၁ရက်မှာ ဆိုင်ဖွင့်ပွဲ လုပ်မှာ။ အဲဒါကြောင့် မနေ့ညက သူတို့လင်မယားနှစ်ယောက် ဆိုင်ကို လာပြီး ပြင်ဆင်နေကြတာ။ သူတို့ ဆိုင်ထဲကို ပြန်ဝင်ကာစပဲ ရှိသေးတာ ဝုန်းဆိုတဲ့ အသံကြားလိုက်ရလို့ ပြန်ထွက်ကြည့်တော့ သူတို့ ပါဂျဲရိုးကားက မရှိတော့ဘူး။ ဆိုင်ရှေ့ရပ် ထားတဲ့နေရာကနေ လမ်းပေါ် ပေ၃ဝလောက် လွင့်ထွက်သွားတယ်။ သူတို့လည်း သီသီလေး လွတ်သွားတယ်” ဟု မတင်ဇာလှိုင်က ဆက်လက်ပြောပြသည်။

အခင်းဖြစ်ပွားပုံနှင့် ပတ်သက်၍ မရမ်းကုန်းမြို့နယ်၊အမှတ်(၈)ရပ်ကွက်မှ ရာအိမ်မှုး ဦးကြည်မြင့်က ”ကျွန်တော့်နောက်မှာ ဖြစ်တာဗျ။ကျွန်တော်က ကမ္ဘာအေးဘုရားလမ်း အတိုင်း လမ်းလျှောက် ပြန်လာတာ။ တိုယိုတာ တာဘိုအနက် ပြိုင်ကားက အရှိန်ပြင်းပြင်းနဲ့ မောင်းလာပြီး၊ဝင်း ကားပစ္စည်းဆိုင်ကနေ လည်ထွက်လာပြီး၊ရပ်ထားတဲ့ ပါဂျဲရိုးကိုတိုက်တာ၊ ကျွန်တော့်တောင် ရှပ်ထိပြီး လဲသွားတာ ဒူးခေါင်းကွဲသွားတယ်။ အရှိန်ဘယ်လောက်ပြင်းသလဲဆိုတော့ ရေတမာပင်တစ်ပင် အမြစ်ကနေ ကျွတ်ထွက်သွားတယ်။  ပျက်စီးသွားတဲ့ ကားကို သွားကြည့်တော့ ကားတစ်စီးလုံး မှန်မရှိတော့ဘူး။ ဘော်ဒီသံပြားတွေကလည်း ပြတ်တဲ့နေရာက ပြတ်၊ ကွဲတဲ့နေရာက ကွဲနဲ့ တစ်စီးလုံး ကြေမွနေပြီ။ပြိုင်ကားနံပါတ်က ၇(ဂ) ၂၅၁၉။  ယာဉ်မောင်းဘေးက တစ်ယောက်က ပွဲချင်းပြီး ဆုံးနေတာ တွေ့ရတယ်။ယာဉ်မောင်းကောင်လေးကတော့ ဂျိုစောင်း(ညာ) ကွဲသွားပြီး ၁၆ချက် ချုပ်လိုက်ရတယ်။ သေတဲ့ကောင်လေးကတော့ ရင်ဘတ်ကြေသွားပြီး၊ နားနှစ်ဖက်က သွေးထွက်နေတာ တွေ့ရတယ်။ ဆေးရုံရောက်တော့ ဦးနှောက်ထွက်တယ်၊ ဘယ်ပေါင် ကျိုးသွားတယ်လို့ ဆရာဝန်က ပြောတယ်။ ဖြုဖြူအဖတ်တွေလည်း ကျွန်တော်တွေ့လိုက်ရတယ်” ဟု ယင်းညက ကင်းလှည့်နေစဉ် ကြုံတွေ့ရသည့် အဖြစ်အပျက်ကို ပြန်လည်ပြောပြသည်။

အရှိန်ပြင်းစွာ မောင်းနှင်လာသည့် ပြိုင်ကားပေါ်တွင် လိုက်ပါလာသူများမှာ ယာဉ်မောင်း ကိုပြည်ဖြိုးအောင် (၂ဝနှစ်)၊နှင့် ကိုရန်ပိုင်းစိုး(၁၉နှစ်)တို့ဖြစ်ပြီး၊ သေဆုံးသူမှာ ကိုရန်ပိုင်စိုး ဖြစ်ကာ၊ ယင်းတို့သည် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဖူဆန်တရုတ်ဘုရားကျောင်းတွင် ကျင်းပသည့် နောက်ဆုံးရက် တရုတ်နှစ်သစ်ကူးပွဲတော်မှ ပြန်လာသူများ ဖြစ်ကြောင်း သိရသည်။

”ပျက်စီးသွားတဲ့ ကားထဲက လူတွေကို ဆွဲထုတ်တဲ့အချိန်မှာ အရက်နံ့တွေ ရတယ်။ အနားမှာ ရှိတဲ့သူတွေက ပြောတာကတော့ သူတို့တွေက ဖူဆန် ဘုရားကျောင်းက ထွက် ကတည်းက လမ်းမှာတွေ့တဲ့ကားတွေကို ပြိုင်မောင်း ကျော်တက်ပြီး မောင်းလာခဲ့ကြတာ” ဟု ယင်းတို့ကို ဆေးရုံသို့ လိုက်ပါပို့ဆောင်ခဲ့သူ တာဝန်သိ ပြည်သူတစ်ဦးဖြစ်သော ဦးမောင်နီက ပြောပြသည်။

ယင်းသို့ အခင်းဖြစ်ပွားမှုကို မရမ်းကုန်းမြို့နယ် ရဲစခန်းမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၃၀၄)-က- ။၂၇၉။ ၃၃၈ အရ အရေးယူထားပြီး၊ (ပ) နံပတ်မှာ ၆၇။၂၀၁၂ ဖြစ်သည်။

မိုးသူအောင် (ရန်ကုန်တိုင်းမ်)
အရှိန်ပြင်း ပြိုင်ကား သုံးဆင့် ဝင်တိုက် ကားမောင်း ဒဏ်ရာရ အဖော်ဖြစ်သူ သေဆုံး အရှိန်ပြင်း ပြိုင်ကား သုံးဆင့် ဝင်တိုက် ကားမောင်း ဒဏ်ရာရ အဖော်ဖြစ်သူ သေဆုံး Reviewed by သစ်ထူးလွင် on 06:42 Rating: 5

18 comments:

Myanmar said...

မွဲတဲ့သူတွေကလဲမွဲ ကဲတဲ့သူတွေကလဲကဲ ဖြဲတဲ့သူတွေကလဲဖြဲကောင်းတုန်းပါလား။ ။

Tony said...

အေး..မူးပြဲ ပြီးမောင်းမှတော့..သေတာတောင် နည်းသေး...

Ma Ma Gyi said...

ကဲ သလောက်ကဲ..မိဘကတော့ အသဲကွဲ..

soethuralwin said...

ကောင်းပါတယ်...ကောင်းပါတယ်

Hein Nyi said...

အဲ့ဒီလိုမောင်းမှတော့ သေမှာပဲ...အဲ့ဒီအချိန်ဆိုကားတွေပြိုင်မောင်နေတဲ့အသံFormula One ပြိုင်ပွဲကအသံတိုင်းပဲ..ဒီလမ်းမှာဒီလိုမောင်းလို့ကတောတချိန်မဟုတ်သေမှာပဲ.မိဘကတော့.သနားပါတယ်.....

တပေူကလဲ said...

ရန်ကုန်မြို့တွင်းမှာ တနာရီ ၅၀ ကီလိုမီတာထက်ပိုမောင်းတဲ့ကားတွေကိုပိုတဲ့ကီလိုမီတာပေါ်လိုက်ပြီးအရေးယူ
သင့်ပါတယ်..ဒီမှာကျနော့်သူငယ်ချင်းတယောက် ၅၀ ကီလိုမီတာလမ်းကို၁၀၅ ကီလိုနဲ့မောင်းမိတာ ဒါဏ်ငွေ ဒေါ်လာ၅၀၀၀ နဲ့ လိုင်စင်၆ လပိတ်ပါတယ်...များများပိုမောင်းလေဒါဏ်များလေပါဘဲ..

Aung Naing Winn said...

လူငယ်တွေအတွက်သင်ခန်းစာ တစ်ခုပါပဲ။
ဖြစ်သွားတဲ့ ကောင်လေးတွေနဲ့ သူတို့မိဘတွေအတွက်တော့စိတ်မကောင်းပါဘူး။

ဂျစ်ပစီ said...

ငယ်ငယ်ရွယ်ရွယ်နဲ့သနားစရာကောင်းပါတယ်
ဟုတ်တယ် "မူးရင် မမောင်းနဲ့ မောင်းရင် မမူးနဲ့"

philosophermgmyathar said...

ိD သုံးလုံး ..ပါ ..အရှည်ကောက်ကတော့ DON'T DRINK AND DRIVE
ပါ တဲ့ဗျား... ဘယ်သူ့သားသမီး လည်းဆိုတာလေးကိုထုတ်ဖေါ်တင်ပြရင်
ပိုမိုသင့်တော်လှပေစွ. ..မဟုတ်မှလွဲရော ..စစ်အစိုးရထဲကအကောင်ကြီးကြီး
သားသမီးဖြစ်ရင်ဖြစ်..သို့ ..စစ်အစိုးရနဲ့အရမ်းနီးတဲ့ခရိုနီစီးပွာရေးသမားများရဲ့
သားသမီးဖြစ်နိုင်မယ်ထင်တယ်...ဘယ်သူ့သားသမီးလည်းဆိုတာလေးကိုထုတ်
ဖေါ်ပေးရင်တော့ အတိုင်းထက်အလွန်ပါပဲ..

Mesua Ferrea said...

အစစအရာရာစစ်အစိုးရပဲပုတ်ခတ်နေပါလား တခြားလူတွေလဲသူတို့ထက်ချမ်းသာတာတွေအများကြီးပါ

ရာရာ said...

ပြည်သူ့ရင်ပြင်ရှေ့ ပြည်လမ်းမပေါ်မှာလည်း ကားစတန့်လုပ်ထားတဲ့ ဘီးပွတ်ရာတွေ တစ်နေ့တစ်ခြား များများနေပါတယ်...ဘယ်သူတွေဘယ်အချိန် လာသောင်းကြမ်းနေတာလဲမသိပါဘူး...ကိုယ်မောင်းလာတဲ့အချိန်နဲ့သူတို့သောင်းကျန်းနေတဲ့အချိန်သွားကြုံရင် ကံဆိုးသွားနိုင်ပါတယ်...သတိထားကြပါ...

Aung Phyah said...

ရန်ကုန်မြို့တော်အတွင်း ညဘက်၏ ညဉ့်သန်းခေါင်ယံအား အကာအကွယ်ယူ၍ မိဘမှငါတို့၏ သားသမီးလေး သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများကြား၌ မျက်နှာမငယ်စေရန် အလို့ငှာ ပိုက်ဆံအကုန်အကျခံကာ ၀ယ်ယူ၍ စီးနင်းခွင့်ပေးထားသောပြိုင်ကား ဒရိုင်ဘာ
ကြီးများနှင့် အမွေသိန်းထောင်ပေါင်းများစွာရရှိပိုင် ဆိုင်ပြီးနောက် လုပ်ငန်းကောင်း ဘ၀အညွန့်တလူလူနှင့် တက်နေသူလူငယ်လူလတ် စပယ်ရှယ် ကားပြိုင်ဆရာကြီးများ သတိပြုမိရန် အလို့ငှာ ဤ comment ကိုရေးတင်လိုက်ပါတယ်.... သင်တို့ဘာသာသင်တို့ငစမန်ထ၍ ဘယ်သူ့ကား ပိုကောင်းမကောင်းပြိုင်ခြင်း၌ ဘေးပတ်ဝန်းကျင်များကိုလည်းသတိ ထားရန်လို အပ်ပေသည်၊ ထို့အပြင် စင်တင်မှမှုးရူး၍ ပြန်သာသော၊ နိုက်ကလပ်၌ စော်ညှီ ရာတွင် ညိရာသို့ပါသွား၍ ပေါက်ကွဲနေသောသူများ၊ နံဘေးနား၌ စော်ပါလာ၍ မိမိ ဘယ်လောက်ဆရာ ကျသလဲ၊ ကျွမ်းကျင်သလဲ ပြသချင်သူများ၊ တက္ကသိုလ်များ၏ ကျောင်းဝင်းအတွင်း အခြားသူများ၊ မိန်းမချောလေးများ နှင့်တကွ အခြားသူများထင်ကြီးစေရန် မိမိအားလူသိစေရန် ကားကြွားကြသောသူများ၊ မည်သူတစ်ဦးတစ်ယောက်ကမျှ စပွန်ဆာ မပေးဘဲ မိမိသဘောနှင့်မိမိ ပြိုင်ဆိုင်ကြသူများ၊ မိမိအား လေးဘီးမှကျော်ခွသွား၍ မခံမရပ်နိုင်ဖြစ်ကာ
လိုက်လံ၍ အတင်းမောင်းနှင် ပြိုင်ဆိုင်ကြသူများ၊ လမ်းကောင်းလမ်းရှင်းချိန်၌ မိမိကားအားလေယာဉ် မိမိကိုယ်မိမိအား ပိုင်းလော့ အဖြစ်သတ်မှတ်ကာ အရှိန်လွန် ဖီးတက်ကြသူများ၊ မိမိကိုယ်မိမိ
ဘာဂိုင်းသား ညာဂိုင်းသား အသွင်မှတ်ယူကာ ကားမောင်းပြိုင်ဆိုင်ကြသူများ၊ ညဉ့်အချိန် မိမိ၏ကား အိပ်ဇောသံအား မိမိ ၏ချစ်သူလေး၏ သာယာနာပျော်ဘွယ်အသံအလားအောက်မေ့၍ သတိလွတ်တတ်သူများ၊ နိုင်ငံတကာကားမောင်းပြိုင်ပွဲဝင်နိုင်ရန်အိမ်မက်မက်
နေသူများအားလုံးကိုအသိပေးကြေညာအပ်ပါသည်။
သင်တို့၏ကားများသည် ပြိုင်ပွဲဝင်ကားများလည်းမဟုတ်ပါ၊ သင်တို့မောင်းနှင်နေသောလမ်းများမှာအမောင်းပြိုင်ကွင်းများလည်း
မဟုတ်ပါ၊ သင်တို့အတွက်လမ်းရှင်းပေးမည့်သူများလည်း မရှိပါ၊ သို့အတွက်ကြောင့်မည်သည့်အချိန်တွင်မှာမှ လမ်းရှင်းနေနိုင်မည်
မဟုတ်ပါ၊ သင်တို့၏ ကားများကိုလည်း အချိန်ပြည့်ကြံ ခိုင်ရေးစစ်ဆေးပေး
မည့်သူများလည်းမရှိပါ၊ အရှိန်ပြင်းစွာမောင်းလာသောကား တစ်စီး ချိုင့်တစ်
ချက်ကျလျှင်ဖြစ်စေ၊ ဘီးပေါက်လျှင်ဖြစ်စေ၊ ခြေနင်းဘရိတ်တစ်ခုပေါက်သွားခဲ့သည်ရှိသော် ဂီယာဒေါင်းရန်အတွက်အချိန်ပေးရပါမည် မပေးနိုင်ပါကမည်သည့်အတွက်ကြောင့်မှအချိန်မမှီပါ၊ သင်တို့ Driff ဆွဲသော ဟန်းဘရိတ်သည်လည်းဆွဲလို့မရနိုင်ပါ၊ ကားသည် လည်ထွက်သွားနိုင်ပါသည်၊ အိတ်ဇောဘရိတ်တပ်ဆင်ထားပါစေမူ အိပ်ဇောဘရိတ်သည် အရှိန်နည်းနေချိန်၌သာ အသုံးဝင်ပါသည်၊ အရှိများပါက သုံးပြု၍ အဆင်မပြေနိုင်ပါ၊ သင်တို့၏ ကားနောက်ဖင်၌ လေးထီးတပ်ထားစေကာမူ သင်တို့သည်လေယဉ်ပြေးလမ်းတွင်မောင်းနှင်နေခြင်းမဟုတ်သည့်အတွက်
သင်တို့လေထီးအတွက်နေရာမရှိပါ၊ သင်တို့မောင်းနှင်နေသောလမ်း၏ အရပ်
ဆယ်မျက်နှာမှ အချိန်မရွေးအန္တရယ်ထွက်ပေါ်လာနိုင်သည်၊ ဥပမာအားဖြင့်သင်တို့ လိုစည်းကမ်းမဲ့ အရှိန်နှင့်ထွက်လာသော စက်ဘီးများ၊
ကားများ၊ လူများ အားသင်တို့ဘယ်လောက်သတိရှိပါစေမူ မည်ကဲ့သို့ရှောင်
တိမ်းမှာပါ သနည်း။ လမ်းပေါ်၌ ဘောလုံးသမားကြီးများ ဂိုးတိုင်လုပ်၍ ထားခဲ့သောခဲလုံးများ အုတ်ခဲများကို သင်တို့၏ကားမီးဘယ်လောက်ကောင်းကောင်း ရုတ်တရက်မမြင်နိုင်ပါ၊ နင်းမိပါက အရှိန်ပြင်းစွာ မောင်းနှင်လာသောကားသည်မှောက်သွားနိုင်ပါသည်။
သတိပြင်းစွာသိရှိထားရန်မှာသင်တို့ကား၌ ရေဒါ လုံးဝမပါဝင်ပါ၊ ရေဒါသည်
လမ်းပေါ်၌မောင်းနှင်နေသော ကားများအတွက်လည်းမဟုတ်ပါ။
သင်တို့၏ စည်းကမ်းမရှိမှုသည်ဘေးပတ်ဝန်းကျင်အားဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေနှိုင်ပါသည်။ နံဘေးမှလိုက်ပါလာသူများမှလည်း ယဉ်မောင်းအား
စိတ်သွေးကြွစေရန်မြှောက်ပင့်မပေးကြပါနှင့် သင်တို့၏ မြှောက်ပင့်မှုသည်
သင်တို့ကိုသင်တို့ သေမင်းဆီသွားနေခြင်းဖြစ်၏ ဆိုခြင်းကိုမမေ့သင့်ပါ။
အထူးသဖြင့်အတွေ့အကြုံနုသေးသော ယဉ်မောင်းကလေးများသတိရှိရန်မှာ
Driver seat ၌ ထိုင်လိုက်ပြီးသော့ထိုးစက်နိုးပြီးသကာလ စတီယာရင်
စကိုင်ချိန်၌ အန္တရယ်သည်လက်တစ်ကမ်းတွင်ရှိပြီး မိမိယဉ်ပေါ်တွင်စီးနင်း
လိုက်ပါလာသူများနှင့် လမ်းပေါ်၌ သွားလာနေသောသူ အားလုံး၏ အသက်
သည်မိမိ၏ လုပ်ရပ်ပေါ်တွင်မူတည်သည်ဆိုခြင်းအားမမေ့ပါနှင့် အထူးသဖြင့်
အရက်သောက်ပြီးချိန်၊ ဒေါသထွက်နေချိန်၊ လောကြီး၊ မောဟ၊ သောက ကြီးနေချိန်များမှာ စိတ်ကိုတည်ငြိမ် အောင်ထားပြီးမှကားကိုဆက်လက် ပြီး
မောင်းနှင်ကြပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။ ကျွန်တော်ဆက်လက်ပြီးရေးပြလျှင်လည်းကျွန်တော့်အတွေ့အကြုံ ကုန်နိုင်မည်မဟုတ်ပါ။ ကျွန်တော့်ရဲ့ဆောင်းပါးလေးကိုဖတ်ပြီး အသိတရားရသွားကြလျှင်ကျွန်တော်တင်ပြရကြိုးနပ်ပါပြီ။...
စိတ်မကောင်းသူတစ်ဦး

BoX said...

To philosophermgmyathar,

They are nothing related to govt. Just normal people though the car owner is supposed to be from a rich family.

maxdiego said...

အမှန် တကယ်က Need For Speed တို့  Fast and furious တို့ တွေ ကြည့် ပြီး ဦးနှောက်နဲ့ မစဉ်းစားပဲ ဖြုတ်ဦးနှောက်လေးတွေနဲ့ စဉ်းစားပြီး ဖင်ယားချင်တဲ့ ကောင်တွေ သေတာတောင်နဲသေးတယ်... ကောင်းကောင်းတောင်သွားလို့ မ၇တဲ့ လမ်းတွေကို ပြိုင်မောင်းချင်တဲ့ကောင်တွေ သူတို့ ကိုသူတို့ ဘာများထင်နေသလဲ မသိဘူး ...သက်သက်မဲ့  သူများတွေ စိတ်ညစ်စ၇ာတွေ ဖြစ်စေတယ်...ဂျာနယ်လစ်တွေ.သတင်းထောက်တွေ တိုင်းပြည်အတွက် စည်းကမ်းဖြစ်စေမဲ့ အကြောင်းလေးတွေလည်းများများေ၇းပေးကြပါ...ဒါမှနိင်ငံခြားလိုဖြစ်စေချင်၇င် လူတိုင်း၇ဲ့ စိတ်ဓါတ်က လိုက်ပြောစ၇ာမလိုပဲ ကိုယ်တိုင်သိတတ် တဲ့  အလေ့အကျင့်လေးတွေ ဖြစ်လာမှသာ တကယ်သန့် ၇ှင်းသပ်၇ပ်တဲ့ နိင်ငံဖြစ်လာနိင်မှာပါ..ဒါမှသာမြန်မာလူမျိုးတွေ နိင်ငံတကာမှာ ခေါင်းပြန်မော့လာနိင်မှာပါ...

excellence.myanmar said...

ဒီကိစ္စရပ်ကိုတော့ အမျိုးသားရေးတာဝန်တရပ်အနေနဲ့ဆောင်ရွက်သင့်ပါသည်.

ဇော်ဇော် said...

နည်းတောင်နည်းသေးတယ်။ ပိုက်ဆံရှိတယ်ဆိုတိုင်း ထင်ရာစိုင်းနေတဲ့ကောင်တွေ။ မသေမရှင်လေးတွေဖြစ်သွားရမှာ။ ကျန်တဲ့သူတွေ ဆင်ခြင်သွားအောင်လို့

David Henry said...

လူဆိုးများသေ၍ လူကောင်းများကျန်းမာပါစေ ...

Anonymous said...

ဟာဟာ ငါကိုမပြောနဲ့လေ တောက်

Powered by Blogger.