ဒလနှင့် သန်လျင် အိမ်၊ ခြံ၊ မြေဈေး ရုတ်တရက်ပြန်ကျ

စက်မှုဇုန်စီမံကိန်းများကြောင့် တစ်ဟုန်ထိုးမြင့်တက်ခဲ့သော ဒလနှင့် သန်လျင်မြို့နယ်တို့ရှိ အိမ်၊ ခြံ၊ မြေဈေးများသည် မြေလွတ်များပြန်သိမ်းမည်ဆိုသည့် သတင်းကြောင့် တစ်ပတ်အတွင်း ရုတ်တရက် ပြန်လည်ကျဆင်းလာကြောင်း ရန်ကုန်တိုင်းဒေသကြီး အခြေစိုက် အိမ်၊ ခြံမြေအကျိုးဆောင်များထံမှ စုံစမ်းသိရှိ ရသည်။

အဆိုပါဒလနှင့် သန်လျင်အိမ်၊ ခြံ၊ မြေဈေးကွက် ပြန်အေးသွားသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး စက်မှုဇုန်များရှိ အလုပ်မလုပ်သည့် မြေလွတ်များကို သိမ်းမည်ဆိုသည့် သတင်းများကြောင့် စက်မှုဇုန်မြေဈေး ကွက်မှာ အေးသွားခဲ့ရာမှ ဒလနှင့် သန်လျင်အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်း တာဝန်ရှိသူ ဦးဝင်းမောင်က ပြောကြားသည်။

" ပြန်အေးသွားတယ်။ သန်လျင်က ဈေးလျှော့ရောင်းတာတွေတောင် ရှိလာတယ်" ဟု ဦးဝင်း မောင်က ဆိုသည်။

အောက်တိုဘာ၊ နိုဝင်ဘာလအတွင်းက ၅၀ ရာခိုင်နှုန်းခန့် ဈေးမြင့်တက်ခဲ့သော ဒလနှင့် သန် လျင်အိမ်၊ ခြံ၊ မြေပေါက်ဈေးသည် ဒီဇင်ဘာလ ၂၁ ရက်နေ့မှစ၍ ပုံမှန်ဈေးနီးပါးခန့်သို့ ပြန်လည်ကျဆင်းသွားခဲ့ ကြောင်း၊ ယင်းဈေးကွက်များတွင် အဓိက၀င်ရောက်လုပ်ကိုင်နေသူများမှာ ၀ယ်ေုရာင်းများဖြစ်ကြောင်း ဒလနှင့် သန်လျင်ဈေးကွက်သို့ ကွင်းဆင်းလေ့လာခဲ့သော အောင်ခိုင်ခန့် အိမ်၊ ခြံ၊ မြေအကျိုးဆောင်လုပ်ငန်း တာဝန်ရှိ သူ ဦးသန့်ဇော်အောင်က ပြောကြားသည်။

" အခုကြိုဝယ်တဲ့သူတွေ မ၀ယ်တော့ဘူး။ အ၀ယ်ပါးသွားတယ်။ ရောင်းချင်တဲ့သူတွေကလည်း ဈေးလျှော့ရောင်းနေကြတယ်။ ခေါ်ဈေးနဲ့ မရောင်းနိုင်လို့ ကိုင်ထားကြတာတွေလည်းရှိတယ်" ဟု ၄င်းကဆို သ ည်။

လတ်တလော အနေအထားတွင် ဒလနှင့် သန်လျင်အိမ်၊ ခြံ၊ မြေဈေးကွက်မှာ တည်ငြိမ်လျက် ရှိသော်လည်း ဈေးကွက်အခြေအနေမှာ ခန့်မှန်းမရနိုင်သေးကြောင်း ကိုးကန့်ဟွာကွေ့ အိမ်၊ခြံ၊မြေ လုပ်ငန်း တာ ၀န်ရှိသူ ဦးဝင်းမောင်က ပြောကြားသည်။

မြေကွက်အရှုပ်အရှင်းရှိသည့် အချို့နေရာများတွင်သာ ထိုသို့ဈေးနှုန်းကျဆင်းခြင်းဖြစ်ပြီး မြေ ကွက်နေရာအမှန်များတွင်မူ ဈေးနှုန်းမှာ ကျဆင်းခြင်းမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း၊ (၁၆၈) ရပ်ကွက်တွင် လက်ရှိ၌ အလျားပေ ၆၀၊ အနံပေ ၂၀ ရှိသော မြေကွက်တစ်ကွက်လျှင် သိန်း ၃၀ ခန့်ဈေးပေါက်လျက်ရှိပြီး ပေ ၄၀ အကွက်သို့ သိန်း ၆၀ ခန့်ဈေးရှိကြောင်း သန်လျင်မြို့နယ် ရဲတပ်ဖွဲ့စခန်းဝင်းအတွင်း နေထိုင်သည့် အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးက ပြောဆိုသည်။
 The Voice Weekly Journal
ဒလနှင့် သန်လျင် အိမ်၊ ခြံ၊ မြေဈေး ရုတ်တရက်ပြန်ကျ ဒလနှင့် သန်လျင် အိမ်၊ ခြံ၊ မြေဈေး ရုတ်တရက်ပြန်ကျ Reviewed by သစ်ထူးလွင် on 15:04 Rating: 5

No comments:

Powered by Blogger.