ဖားကန့်ဒေသအား လူဦးရေသိန်းချီ၍ စွန့်ခွာ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများနှင့် ဆက်စပ်ကာ လူဦးရေများပြားစွာ ရောက်ရှိနေထိုင်နေရာမှ ယခုအခါတွင် ဦးရေသိန်းချီကာ စွန့်ခွာသွားပြီ ဖြစ်ကြောင်း သိရှိရသည်။ “တစ်ရက်ကို သောင်းဂဏန်းလောက် ပြန်ဆင်းကြတယ်။ ပထမပတ်ကတည်းက စဆင်းကြတာပါ။ နယ်မြေ အနေအထားကြောင့် နေလို့ မဖြစ်တော့တဲ့အတွက် ပြန်ကြတာ။
ဖားကန့်မှာက လူဦးရေငါးသိန်း လောက်ရှိမယ်လို့ မှန်းကြတယ်။ ဒီအထဲကမှ အခုတော့ သိန်းချီထွက် သွားကြတာပေါ့”ဟု ဖားကန့်မြို့နယ် မှဒေသခံတစ်ဦးက ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၆ရက်နေ့ကပြောကြားသည်။
နိုင်ငံတစ်ဝန်း ကျောက်မျက်ရတနာ လုပ်ကွက်များ စုစုပေါင်း ၂၂၂၄၄ ကွက် ချမှတ်ထားသည့် အနက် ကချင်ပြည်နယ်၌လုပ်ကွက် အများဆုံးတည်ရှိနေကာ လုံးခင်း-ဖားကန့်နယ်မြေတွင် ကျောက်စိမ်း လုပ်ကွက်ပေါင်း ၇၅၃၅ ကွက် တည်ရှိနေသည်။ ဖားကန့်ဒေသသို့ မြန်မာနိုင်ငံဒေသ အသီးသီးမှ ရွှေ့ပြောင်း လုပ်သားများပြားစွာ ရောက်ရှိ နေထိုင်လျက်ရှိကာ လက်ရှိတွင် အချို့ သာ ဆက်လက်နေထိုင်နေကြသည်။
ရွှေ့ပြောင်း လုပ်သားများသည် ဇန်န၀ါရီလ ၆ ရက်နေ့မှ စတင်၍ ဖားကန့်-ဝှေခါ- အင်းတော်ကြီး -မိုးညှင်းလမ်းပိုင်းအတိုင်း ဆိုင်ကယ် ကယ်ရီများဖြင့်လည်းကောင်း၊ ဖားကန့်-ဆယ်ဇင်း-ဟုမ္မလင်း လမ်းပိုင်းအတိုင်း စက်တပ်ရေယာဉ်ငယ်များဖြင့် လည်းကောင်း နေရပ် သို့ ထွက်ခွာခဲ့ကြခြင်းဖြစ်သည်။
EMG
ဖားကန့်ဒေသအား လူဦးရေသိန်းချီ၍ စွန့်ခွာ ဖားကန့်ဒေသအား လူဦးရေသိန်းချီ၍ စွန့်ခွာ Reviewed by သစ်ထူးလွင် on 16:08 Rating: 5

1 comment:

Anonymous said...

လာဘူးကွာ နိုင်ငံေ၇းပဲ စိတ်ဝင်စားတယ်

Powered by Blogger.