ရွေည၀ါဆရာတော် ကျောင်းတိုက်မှတလအတွင်းထွက်ခွာရမည်

ဓါတ်ပုံ(YPI)
ရွှေညဝါဆရာတော် ဦးပညာသီဟကို တလအတွင်း သာဓုကျောင်းတိုက်က ဖယ်ပေးရန် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ က ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ် ။ "၁၉-၂-၂၀၁၂ ရက်နေ့ (တနင်္ဂနွေနေ့)ညနေ ၁၆း ၃၀ အချိန် နောက်ဆုံးထားပြီး သာဓုကျောင်းတိုက်က ထွက်ခွာပေးပါမည် ဟု ဝန်ခံကတိပြုပါသည် ။ ကျောင်းတိုက်မှ မထွက်ခွာမည် ကာလအတွင်း သာဓုကျောင်းတိုက်၌ သီတင်းသုံးနေထိုင်သမျှ ကာလပတ်လုံး ပြဿနာ တစုံတရာမဖြစ်ပွားစေရန် သံဃာ့အဖွဲ့အစည်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ငြိမ်းချမ်းစွာ သီတင်းသုံးနေထိုင်၍ ထွက်ခွာမည် ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်" ဟု ရေးထားတဲ့ စာရွက်တွင် ဆရာတော် ဦးပညာသီဟက လက်မှတ်ရေးထိုးခဲ့ပြီး နေ့လည် ၂နာရီ ၄၅ မိနစ် အချိန်ခန့်တွင် ဗဟန်း ကြားတောရလမ်းမှာရှိတဲ့ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ကြီး တည်ရာဌာနမှ ပြန်လည်ထွက်ခွာလာပြီး သာဓုကျောင်းတိုက်သို့ ရောက်ရှိနေပြီ လို့ သတင်းရရှိပါတယ် ။

By: သစ်ထူးလွင်
ရွေည၀ါဆရာတော် ကျောင်းတိုက်မှတလအတွင်းထွက်ခွာရမည် ရွေည၀ါဆရာတော် ကျောင်းတိုက်မှတလအတွင်းထွက်ခွာရမည် Reviewed by သစ်ထူးလွင် on 16:01 Rating: 5

12 comments:

မောင်မှန် said...

ရွှေည၀ါ ဆရာတော်ရဲ့လုပ်ဆောက်ချက်တွေကိုတော့ အသိအမှတ်ပြုပါတယ် ဒါပေမဲ့ မီဒီယာကနေ သာသနာ့ခေါင်းဆောင်ဆရာတော်ကြီးတွေကို စောင်းသလို ချိတ်သလိုပြောနေတာကတော့ အတော်စိတ်မကောင်းစရာပါ သာသနာမှာ အဘက်ဘက်ကပြောစရာမရှိ
အောင်ရှေ့ဆောင်လမ်းပြဆရာတော်တွေဖြစ်တဲ့ သီတဂူလို ဆရာတော်မျိုးတွေက ဘယ်တုန်းကမှ မဟာနာယကဆရာတော်ကြီးတွေကို ရွှေည၀ါလို ပြောသံ မကြားခဲ့ပါဘူး..

Pho Htu said...

ဖြစ်နေတာတွေအားလုံးစိတ်မကောင်းစရာပါ...

nicko said...

ဘာတွေများပြောခဲသလဲကိုမောင်မှန်ရေ နည်းနည်းပြောပြပါလားဗျို့

မီဒီယာ said...

ရွှေည၀ါ ဆရာတော်ရဲ့ လုပ်ဆောင်ချက်အားလုံးကို ချွင်းချက်မရှိ အပြည့်အ၀ ထောက်ခံပါတယ်..ဆရာတော်ကို ဒီလောက်အပြင်းထန်ဆုံးအရေးယူလိုက်တယ် နောက်ပြီး ကျောင်းတိုက်ကပါ နှင်ထုတ်တဲ့အထိ အရေးယူလိုက်တာကိုတော့ အပြင်းထန်ဆုံးချုံးချပါတယ်..ဘာကြောင့်ဘဲဖြစ်ဖြစ် ကာယခံချင်က မှားခဲ့သညိဖြစ်စေ..သူတောင်းပန်နေပြီဘဲ.. နောက်ပြီး ပြည်သူလူထုကပါ တောင်းပန်နေပြီဘဲ..ဒါကိုတောင်မှနှိင်ငံတော်သံဃမဟာနာယက အဖွဲ့ ခွင့်မလွတ်ပေးဒါကိုတော့ စိတ်မကောင်းပါဘူး..ခုလိုတိုင်းပြည်စပ်ကူးမတ်ကူကာလမှာ..ဟိုး အရင်ကအာဏာရျင်တွေလိုစိတ်မျိုးတွေ ၇ှိနေသေးပါလားဆိုဒါကိုတော့တွေးပြီး စိတ်မကောင်းဖြစ်မိပါတယ်..။

သာသနာကိုချစ်မြတ်နိုးသူ said...

သာသနာပျောက်မှာစိုးကြောက်လှပါတယ်။ ။
ဗုဒ္ဓဘာသာအားလုံးသတိထားသင့်ပါတယ်။ဒီမိုကရေစီလမ်းကိုလျောက်လှမ်းမဲ့အစိုးရဟာ။အမျှိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့
အခြားအဖွဲ့အစည်းများကိုကြားဖြတ်ရွေးကောက်ပွဲလုပ်မယ်လို့ကြေငြာခဲ့ပြီး၊အခုအမျိုးသားဒီမိုကရေစီအဖွဲ့ကိုအသိ
အမှတ်မပြုချင်ဘူးဆိုတာထင်ရှားနေပါတယ်။ရွှေညဝါဆရာတော်
သြဝါဒပေးတာတစ်ခုတည်းနဲ့၊ကျောင်းကဆင်းခိုင်းဘို့နိုင်ငံတော်သံဃာ့မဟာနာယကိုဖိအားပေးခဲ့တာပါ။သေသေ
ချာချာစဉ်းစားသင့်ကြပါတယ်။တကယ့်နိုင်ငံကိုချစ်တဲ့ဆရာတော်တွေ၊ပရိယတ္တိသာသနာကိုစောင့်ထိမ်းနေတဲ့သံဃာတော်အရှင်သူမြတ်တွေ
အများကြီးပါ။သာသနာအပေါ်မှာအထင်မမှားကြဘို့ သတိပေးတောင်းပန်ပါတယ်။
ဘာသာခြားတွေအလယ်မှာသိပ်ကိုရှက်စရာကောင်းပါတယ်။ဗုဒ္ဓဘာသာတွေသတိပြုကြပါ။
စည်းလုံးညီညွတ်ကြပါ။ခွဲခြားပြီးမြင်ကြပါ။အချို့ပြောတာနားနဲ့ဆတ်ဆတ်ကြားခဲ့ရတော့အရမ်းဝမ်
နည်းစရာကောင်းပါတယ်။သာသနာတော်အပေါ်အထင်မမှားကြပါနဲ့၊ပြီးတော့နိုင်ငံရေးသတိလည်း
ရှိကြစေလိုပါတယ်။အခုအထိတော့မယုံရသေးပါဘူး။အာဏာတည်မြဲဘို့ ဆိုရင်ဘာမဆိုလုပ်မဲ့သူတွေ
ပါ။ခံခဲ့ရတာအားလုံးမမေ့သေးဘူးလို့ထင်ပါတယ်။
အမျိုးဘာသာချစ်သူ

ကိုဒေါင်း said...

ဘုရားရဲ့တရားကို တကယ်သဘောပေါက်ရင် လေးစားလိုက်နာတယ်ဆိုရင်၊ သီလရှိတယ်ဆိုရင်၊ ဘယ်သူ့ဖိအားနောက်ကိုမှလိုက်စရာမလိုပါဘူး။အမှန်တရားရဲ့မျက်နှာကိုသာ
ထောက်ထားရမှာပေါ့။ မဟန ဆိုတာရှိကိုမရှိသင့်တာပါ။ ဘုရားလက်ထက်မှာ လည်းရှိတယ်လို့မကြားဘူးပါဘူး။ဘုရားကျင့်သုံးတဲ့လမ်းစဉ်အတိုင်းကျင့်သုံးရင်ဘာမှမလိုပါဘူး။

Anonymous said...

ေ၇ွှည၀ါ ဆ၇ာတော် ကတော့ သူ့ကို သာဓုကျောင်းတိုက် ကနေ မဟာန ဆ၇ာတော်တွေက ထွက်သွားစေချင်တယ်လို့ပဲ စွပ်စွဲနေတယ်။ ဘာကြောင့်လဲ။ ဆ၇ာတော် ထွက်သွား၇င် မည်သူ အကျိုး၇ှိလို့လဲ

ဝိဘဇ္ဇ၀ါဒီ said...

ရွှေဝါရောင်ကိစ္စလည်း မဟန အသုံးမကျခဲ့ဘူး ၊ရွှေည၀ါကိစ္စလည်း မဟန အသုံးမကျသေးပါလားနော်......... အချိန်ကာလ အလျှောက် မူ၊လူ နှစ်ခုလုံးပျောင်းမလား ဒါမှမဟုတ် မူ ကတော့မဖြစ်မနေကို ပျောင်းသင့်နေပြီထင်တယ်

chitpar999 said...

ဓနိမိုး ထရံကာေ၇ျွှည၀ါ ဗိန်မာန်ကြီးကနေ ယခုမြင်ရတဲ. ခန်.ညားတဲ.ဗိန်မာန်ကြီးလေ ဘယ်သူလုပ်ခဲ.တာလဲ

my love said...

မဟနအဖွဲ့ဆရာတော်များဟာ ဘယ်တုန်းကမှ သံဃာတွေဘက်မှ၊ လူထုဖက်မှ ရပ်တည်ခဲ့တာ မရှိပါဘူး၊ မဟန ဆရာတော်တွေအားလုံးကို သဃာထုအနေနှင့် ဆန့်ကျင်ကျဖို့လိုပြီလို့ထင်တယ်၊ ဆရာတော်ဦးပညာသီဟကို နှိပ်ကွက်တာဟာ သံဃာထုကိုနှိပ်ကွက်တာပါပဲ၊ သူတို့လုပ်တွေကြည့်ပြီးအရမ်းကို ရင်နာမိတယ်၊ သီတဂူဆရာတော်ကြီးတို့ မဟနအကြောင်း မပြောဘူးဆိုတာ အကြောင်း အမျိုးမျိုးထောက်ပြီး မပြောခြင်းပါ မဟနတွေလုပ်ရပ်တွေမှန်နေလို့မဟုတ်ပါဘူး၊ မဟန ဆရာတော်အချို့ဟာ ဒုတိယပါရာဇိကနဲ့ မကင်းတဲ့ဆရာတော်တွေအများကြီးပါ။ သံဃာထုအနေနဲ့ မဟန ဆရာတော်တွေအကြောင်း ထောက်ပြဝေဖန်ကန့်ကွက်ဖို့အချိန်တန်ပါပြီ၊ ထောင်းထဲမှာ သံဃာတော်တွေကို သင်္ကန်းအတင်းဆွဲချွတ်ပြီး နှိပ်စက်နေတာကို မဟနအဖွဲ့က ဘယ်တုန်းကများ ဓမ္မ၀ိနယနှင့်အညီပြောဆိုဆုံးမခဲ့ဘူးပါသလဲ၊ အခုလုပ်ရပ်ဟာ သံဃာ့လုပ်ထုံး လုပ်နည်းနဲ့လည်းမညီ၊ ဘုရားဝိနည်းတော်နဲ့လည်းမညီတဲ့ အဓမ္မလုပ်ရပ်ဆိုတာ သာသနာလောကမှာ ဖိုးသူတော်ကအစသိပါတယ်။
အမှန်ကို အမှန်အတိုင်းထောက်ပြဝေဖန်တာဟာ အပြစ်မဟုတ်ပါ၊ စေတနာမှန်နဲ့ ပြောဆိုလုပ်ကိုင်ကြံစည်တဲ့အရာမှန်သမျှဟာ အပြစ်မဟုတ်ပါ၊ ဒါဟာ ဘုရားဟောအစစ်ပါ။

Moe Moe said...

ကျမကပညာလည်းမတတ်ပါဘူး၊နိုင်ငံရေးလည်းနားမလည်းပါဘူး၊ဘာသာရေးကို
ယုံကြည်ကိုးကွယ်လေးစားသူတစ်ယောက်ပါ။ အထက်ပါဆရာတော်ကိစ္စနှင့်ပတ်
သက်၍ ကျမသဘောထားကိုပြောပြချင်တာပါ။သာသနာပျောက်ကွယ်သွားမှာကို
လည်းကြောက်မိပါတယ်။မဟာနာယက ဆရာတော်ကြီးတွေသာ မြတ်စွာဘုရားရဲ့
တရားတော်အတိုင်းကျင့်သုံးမယ်ဆိုရင် ခွင့်လွတ်ပေးရမှာ။ရွှေဝါရောင်အရေးခင်း
မှာ ဖမ်းစီး၊ နှိပ်စက်တာတွေကို မဟာနာယကဆရာတော်ကြီးတွေက နိုင်ငံတော်
အကြီးအကဲတွေကို မေတ္တာရပ်ခံရမှာ၊ဒီလိုမဟုတ်ဘဲ အခုကိစ္စမှာ အသားထဲက
လောက်ထွက် စကားပုံလို ဖြစ်နေတယ်လို့ကျွန်မ ထင်ပါတယ်။

dizinba08 said...

အချိန်တန်ယင်တော့ အရာရာတိုင်းဟာ အမှန်အတိုင်း သူဘာသာသူပေါ်လာတတ်စမြဲပါ.

Powered by Blogger.