ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကား စိတ်ဝင်စားသူများပြား

ပန်းချီကားတွေကို စိတ်ဝင်စားစွာကြည့်ရှုနေတဲ့ လူထုခေါင်းဆောင်
ဒီဇင်ဘာ ၄ ရက်ကတည်းက စတင်ခဲ့သော ထွန်းဖောင်ဒေးရှင်းဘဏ်၏ ပန်းချီပြပွဲတွင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၁၃ ရက်မှစတင်၍ ရေးဆွဲခဲ့ပြီး တစ်နှစ်ကျော်ကြာမှ ပထမဆုံးအကြိမ် ပြသခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားချပ်မှာ လူစိတ်အဝင်စားဆုံး ပန်းချီတစ်ချပ်ဖြစ်နေကြောင်း သိရသည်။

Biography of Peace and Free အမည်ရှိ အဆိုပါ စာပန်းချီကားချပ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝကောက်ကြောင်း၊ အတော်များများကို စာဖြင့်ပန်းချီပုံ ဖော်ပြပေးထားခြင်းဖြစ်ကာ ဒေါ်အောင်ဆန်းစြုကြည်၏ ဆံပင်ပုံစံမှ စတင်၍ ရုပ်ပုံတစ်ခုလုံးကို စာလုံးလလေးများဖြင့် စီကာ ပန်းချီပုံဖော်ထားခြင်းမျိုးဖြစ်ကြောင်း တွေ့ရသည်။ "ဒီပန်းချီကားကို ဒီပြပွဲကျမှ ပထမဆုံးအကြိမ် ပြသနိုင်တာပါ။ ဒေါ်စုလွတ်မြောက်တဲ့နေ့ကနေစပြီး ဆွဲခဲ့တာပါ။ တစ်နှစ်ကျော်ခဲ့ပြီးမှ ပြသခွင့်ရခဲ့တာပါ" ဟု အဆိုပါပန်းချီကို ရေးဆွဲခဲ့သူ ပန်းချီပညာရှင် နီပိုဦးက ပြောကြားသည်။ "ကျွန်တော်က ဒေါ်အောင်န်းစုကြည်ရဲ့ လွတ်မြောက်မှု အထိမ်းအမှတ်ပုံလို့ပဲ မြင်ထားတာ။ သေချာကြည့်တော့မှ အဲဒီလွတ်မြောက်တဲ့နေ့က ပြောတဲ့စကားတွေ အားလုံးနီးပါးကို စာလုံးတွေစီပြီး မျက်နှာပုံစံပြန်ဖော်ပြီး စာပန်းချီပုံစံလုပ်ထားတာတွေ့ရတယ်။ တော်တော်စိတ်ဝင်စားဖို့ ကောင်းပါတယ်" ဟု ၄-၁၂-၂၀၁၁ ရက်က ပြပွဲသို့ လာရောက်ကြည့်ရှုခဲ့သူတစ်ဦးက ပြောကြားသည်။ "ဒီပန်းချီကားကို ဆွဲထားခဲ့ပြီးတော့ ပြပွဲမှာ ပြသနိုင်ဖို့ ကျွန်တော်စောင့်ခဲ့ရပါတယ်။ အခုမှ ပွင့်လင်းမြင်သာဖြစ်လာခါစဆိုတော့ ရဲရဲကြီး ပြသရဲတာပါ" ဟု နီပိုဦးက ဆက်လက်ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့သည်မှာ ၂၀၁၀ နိုဝင်ဘာလ ၁၃ ရက်ဖြစ်သဖြင့် ယခုအခါ တစ်နှစ်နှင့် ၂၃ ရက်ရှိပြီဖြစ်ကြောင်း သိရသည်။

ပြည်မြန်မာသတင်းဂျာနယ် - အမှတ် ၇၉၇
Myanmar News Now
ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကား စိတ်ဝင်စားသူများပြား ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကား စိတ်ဝင်စားသူများပြား Reviewed by သစ်ထူးလွင် on 17:51 Rating: 5

No comments:

Powered by Blogger.