ရန်ကုန်တမြို့ လုံးခြောက်ခြားစေခဲ့တဲ့ မီးလောင်မှု ဆာလ်လဖြူ ရစ်အက်ဆစ်ကန်နှင့် ယမ်းစိမ်းများပေါက်ကွဲခြင်းဖြစ်

ရန်ကုန်တစ်မြို့လုံးနီးပါး ကြားသိခဲ့ရသည့် ခြောက်ခြားဖွယ် မြည်ဟည်းပါက်ကွဲမှု၏ အဓိကအကြောင်းအရင်းမှာဂိုထောင်အတွင်း သိုလှောင်ထားသည့် ဆာလ်လဖြူ ရစ်အက်ဆစ်ကန်နှင့် ယမ်းစိမ်းများပေါက်ကွဲခြင်းကြောင့်ဖြစ်ကြောင်းအခင်းဖြစ် ပွားရာနေရာတွင်ရောက်ရှိနေသည့်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။
ပေါက်ကွဲမှူကြောင့်အခင်းဖြစ်ပွားရာနေရာတွင် တာဝန်ကျမီးသတ်ဝန်ထမ်း ၅ဦးပွဲခြင်းပြီးသေဆုံးခဲ့ပြီး တစ်ဦးမှာဆေးရုံတွင် ကွယ်လွန်သွားခဲ့ရာ မီးသတ်ဌာနမှ အရာရှိ ၊တပ်သား စုစုပေါင်း ၆ဦးအသက်ဆုံးရှူးံသွားခဲ့သည်။
သေဆုံးသူမီးသတ်ဝန်ထမ်းများမှာ တပ်သား မျိုးကျော်ကျော်၊တပ်သားအောင်အောင် ၊တပ်သားသော်ဇင်မျိုးထက် ၊တပ်ကြပ်ပြည်ဇော်ထွေး နှင့်တပ်ကြပ်တင်စိုး တို့ဖြစ်ကြောင်း မီးသတ်အရာရှိတစ်ဦးက 7day news သို့ပြောသည်။
နောက်ဆုံး စာရင်းအရ ဒဏ်ရာရရှိသူ ကျား( ၆၂ )ဦး၊ မ( ၁၆)ဦး ရှိပြီး
သေဆုံးသူဦးရေ ကျား( ၁၂) ဦး မ (၅)ဦးနှင့် မီးသတ်ဌာနမှ ၆ ဦးအပါအ၀င်စုစုပေါင်း ၂၃ ရှိပြီဖြစ်သည်။
By: သစ်ထူးလွင်











 
ရန်ကုန်တမြို့ လုံးခြောက်ခြားစေခဲ့တဲ့ မီးလောင်မှု ဆာလ်လဖြူ ရစ်အက်ဆစ်ကန်နှင့် ယမ်းစိမ်းများပေါက်ကွဲခြင်းဖြစ် ရန်ကုန်တမြို့ လုံးခြောက်ခြားစေခဲ့တဲ့ မီးလောင်မှု ဆာလ်လဖြူ ရစ်အက်ဆစ်ကန်နှင့် ယမ်းစိမ်းများပေါက်ကွဲခြင်းဖြစ် Reviewed by သစ်ထူးလွင် on 07:54 Rating: 5

9 comments:

ှSandar said...
This comment has been removed by the author.
ှSandar said...

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လမ်း ၊ ပုဇွန်တောင် ချောင်း အနီးမှာ ရှိတဲ့ ဂိုထောင်တွေ မီးလောင်ပေါက်ကွဲမှု ဖြစ်ပါတယ်။

umhomemart said...

Safety is most fundamental concern for our people now. Chemical material should be handle only by chemical specialist. Signs and safety code should be posted in that areas and people should follow.

Phyu Ei Khin said...

so bad ...so poor public .......:(

einaylin said...

နောက် ထပ် သတင်းအသစ်တွေ ထပ်တင် ပေးပါဦးနော်

thida said...

tha narr phoe kg lite tar kwar... Who's responsible???

တင်းတိန် said...

စိတ်မကောင်းစရာပါလား

Maw Maw said...

Whether you add acid to the water or water to the acid is one of those things I know it's important to remember, but always have to puzzle out. Sulfuric acid (H2SO4) reacts very vigorously with water, in a highly exothermic reaction. If you add water to concentrated sulfuric acid, it can boil and spit and you may get a nasty acid burn. If you spill some sulfuric acid on your skin, you want to wash it off with copious amounts of running cold water as soon as possible. Water is less dense than sulfuric acid, so if you pour water on the acid, the reaction occurs on top of the liquid. If you add the acid to the water, it sinks and any wild and crazy reactions have to get through the water or beaker to get to you.

yokesoe said...

ဒီလောက်အထိ အသားစတွေ ဖွာလံကျဲနေတာတောင် ဘာလို့ သတင်းထုတ်ပြန်တဲ့အခါမှာ မြန်မာ့အသံက ပရဆေးပါလို့ ပဲပြောရတာလဲ။ လူတွေက စဥ်းစားဆင်ခြေညာဏ် မရှိဘူးလို့များမှတ်နေလား။ ဒါမှမဟုတ် လိမ်လို့ကောင်းနေကြတုန်းပဲလား။ ပြည်သူကဒါကိုလက်မခံနိုင်တာပဲ။ သတ္တိရှိရှိ အမှန်အတိုင်းပြောကြည့် ကြစမ်းပါလား။ ပြည်သူရဲ့လေးစားမှုကိုလိုချင်ကြာရင်ပေါ့။ ရင်နာပြီးရင်းရင်နာတယ်။ မုန်းလည်းမုန်းတယ်။
အမှန်အတိုင်းပြောပေးဖို့ တောင်းဆိုပါတယ်။

Powered by Blogger.