ခြောက်ခြားဖွယ်ရာ မီးလောင်မှု မြင်ကွင်း (ရုပ်/သံ)

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လမ်း၊ ပုဇွန်တောင်ချောင်း အနီးမှာ ရှိတဲ့ ဂိုထောင်တွေ မီးလောင် ပေါက်ကွဲမှု ဖြစ်ပါတယ်။
၂၉-၁၂-၂၀၁၁ နေ့ ၀၁း၁၅ နာရီခန့်မှာ စတင်လောင်ကျွမ်းခဲ့ပြီး ၀၂း၀၀ နာရီမှာ ကျယ်လောင်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ၎င်းပေါက်ကွဲသံဟာ ရန်ကုန်မြို့ မြို့နယ်
အတော်များများ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ တာမွေ၊ ဗဟန်း၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ ကမာရွတ်၊ စမ်းချောင်း၊ သာကေတ၊ ဒေါပုံ၊
သင်္ကန်းကျွန်း စတဲ့ မြို့နယ်က တိုက်ခန်းတွေ လှုပ်ခါခဲ့ပါတယ်။ ပေါက်ကွဲလွင့်စင် ထွက်လာတဲ့ အရာတွေ ထိမှန်ပြီး အနည်းဆုံး ၄၀ ဦးထက် မနည်း သေဆုံးတယ်လို့
ကယ်ဆယ်ရေး လုပ်နေသူ ကြက်ခြေနီ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ ပုဇွန်တောင် ချောင်းအတွင်း ဆိုက်ကပ်ထားတဲ့ စက်လှေ၊ သမ္မာန်တွေပေါ်က လူတွေကော၊
လှေတွေပါ တော်များများ ထိမှန်ခဲ့ပါတယ်။ ပေ ၁၀၀၀ ၀န်းကျင်ခန့် မှာရှိတဲ့ အိမ်များလည်း မီးမလောင်ပေမယ့် ပေါက်ကွဲတဲ့ အရှိန်ကြောင့် ပျက်စီးကုန်ပါတယ်။ မီးလောင်ရာသို့
မီးသတ်ကား အစီး ၇၀ ခန့် လာရောက် ငြိမ်းသတ်နေပါတယ်။ နံနက် ၀၃း၀၀ နာရီလောက်မှာ မီးညွန့်ကျိုးသွားပါတယ်။ မီးလောင်ပေါက်ကွဲတဲ့ ဂိုထောင်တွေဟာ
အစိုးရပိုင်လား၊ပုဂ္ဂလိကပိုင်လား၊ ဦးပိုင်က ပိုင်တာလား ဆိုတာ မသိရသေးသလို ဘယ်က စလောင်တာလည်း ဆိုတာလည်း မသိရသေးပါဘူး။
 
 ဘားမားဗီဂျေ
ခြောက်ခြားဖွယ်ရာ မီးလောင်မှု မြင်ကွင်း (ရုပ်/သံ) ခြောက်ခြားဖွယ်ရာ မီးလောင်မှု မြင်ကွင်း (ရုပ်/သံ) Reviewed by သစ်ထူးလွင် on 08:25 Rating: 5

13 comments:

Bravo said...

မီးသတ်အကြီးအကဲများခင်ဗျား......
အခုအဖြစ်အပျက်ကို သင်ခန်းစာယူပြီး မီးသတ်ဝန်ထမ်းများကို သေချာကောင်းမွန်တဲ့ သင်တန်းများပေးပါ။ မီးလောင်တယ်ဆိုတာနဲ့ ရေနဲ့ဖြန်းဆိုတဲ့ နည်းဟောင်းကိုစွန့်ပါ။ တိုးတက်လာတဲ့ ယခုခေတ်ကြီးမှာ chemical element and products တွေအများကြီးပါ။ ဘာကြောင့်မီးလောင်တယ်ဆိုတာ မီးမသတ်ခင် ဦးစွာပထမ သိဖို့အရေးကြီးပါတယ်။ ဆာဖျုရစ်အက်စစ်ကိုရေဖျန်းရင် ဒီလိုပဲကြီးမားတဲ့ပေါက်ကွဲမှုဖြစ်တတ်ပါတယ်။ မီးသတ်ဌာနမှာ mobile foam extinguisher များပါ ထားရှိဖို့လိုအပ်နေပြီဆိုတာပြတာပါပဲ။ ပြည်သူတွေအသိဥာဏ်ရှိမှ တိုင်းပြည်တိုးတက်မယ်ဆိုတာ ဒီကိစ္စမှာ အထင်အရှားမြင်ရမှာပါ။ clean government ဖြစ်ယုံနဲ့ မလုံလောက်သေးဘူးဆိုတာ အဲဒါနမူနာပါပဲ။ အောက်ခြေအထိ ဗဟုသုတ၊ အသိဥာဏ်ဖြန့်ဝေပေးဖို့ အရေးကြီးပါတယ်။

linnzawhtike said...

နံနက် (၉)နာရီတွင် သိရှိရသော သတင်းအရ ဒဏ်ရာရရှိသူ (၇၈) ဦး ရှိပြီး၊ သေဆုံးသူ (၁၇)ဦးရှိကြောင်း သိရှိပါသည်။ ဒဏ်ရာရသူ (၇၈)ဦးတွင် (၃၃)မှာ မီသတ်တပ်ဖွဲ့ဝင်များဖြစ်ပြီး သေဆုံးသူ (၁၇)ဦးအနက် (၆)ဦးမှာ မီသတ်တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်းသိရှိရသည်။ အခင်ဖြစ်ပွားရာနေရာ၌ ပစ္စည်းသိုလှောင်ရုံ (၃၇)လုံး ရှိသည့်အနက် (၁၆)လုံးမှ မီးလောင်ကျွမ်းမှုတွင် ပါဝင်သွားခဲ့ကြောင်း သိရှိရသည်။ မီးလောင်ကျွမ်းမှုတွင် မီးသတ်ယာဉ် (၂)စီးလည်း ပါဝင်ခဲ့ကြောင်းသိရသည်။ မီးလောင်ကျွမ်းမှုသည် ၀ါယာရှော့ပ်ဖြစ်ရာမှ စတင်ခဲ့ခြင်းဖြစ်ပြီး ကြီးမားသောပေါက်ကွဲမှု ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများမှ တရားဝင် သတင်းအတိအကျ ထုတ်ပြန်ခြင်းမရှိသေးပါ

မြန်မာမလေး said...

ပြည်သူတွေအတွက်အသက်စွန့်သွားတဲ့ မီးသတ်၇ဲဘော်များကိုလေးစားမိပါတယ်---လျော်ကြေးလည်း ထိုက်တန်စွာ၇၇ှိသင့်ပါတယ်----နောင် အလားတူအဖြစ်မျိုးကြုံတွေ့ခဲ့၇င် မီးသတ်၇ဲဘော်တွေကိုယ်တိုင် အသက်မသေနိုင်အောင် လေ့ကျင့်မှုမျိုး ၇ှိသင့်ပါတယ်----

Shinkayae said...

ပြောကြတာတော့ အိမ်ကနေစလောင်တာကနေတစ်ဆင့် အဲဒီ ဂိုဒေါင်လေးတွေကိုကူးတာလို့လည်း ပြောနေကြပါတယ်...နေ့လည် ၂း၀၀ လောက်ထိ အပျက်အစီးတွေကိုသယ်နေတုန်းပါပဲ....သေဆုံးသူအတိအကျတော့မသိရသေးပါဘူး

Anonymous said...

အေ၇ာင်တစ်မျိုးမျိုးကိုပြောင်းတော့မယ်ဆို၇င်...ပြည်သူကိုသေစေနိင်တဲ့သွေးေ၇ာင်ကိုမသုံးကြပါနဲ့...ပြည်သူများကိုသနားပါ...လူစိတ်လေးတွေမွေးပြီးလူလိုကျင့်ကြပါ...ဘယ်အ၇ာမှမမြဲဘူးနော်...(မှတ်ချက်-အာရုံပြောင်းသူများသိစေရန်)

Min Kha said...

မီးက အခုညနေ ၅ နာရီ ၄၀ မှာ လုံးဝမီးသေသွားပါပြီ ။
သေဆုံးသူ ၅၀ နီးပါရှိကြောင်ကြာရပါတယ်။ မီးသတ်ဝန်ထမ်း ၆ ယောက်အသက်ဆုံးရှုံးကြောင်း မီးသတ်သား ၂ စီး ပေါက်ကွဲ မှုတွင်ပါဝင်ခဲ့ပြီးပျက်စီးခဲ့ပါတယ် ။
မီးသတ်ကား၂စီးနဲ့ မီးသတ်ဝန်ထမ်း ၆ ဦးဟာ တာမွေမီးသတ်ဌာနအမှတ် ၃ မှဖြစ်ပါတယ်

Min Kha said...

မီးဘေးဒုက္ခသည်များအတွက်..... .အ၀တ်အစား၊ အသုံးအဆောင်၊ အိမ်သုံးပစ္စည်းအမျိုးမျိုးတို့လှူဒါန်းလိုလျှင်....ဆက်သွယ်ပါ.... 095155891., 095104850, 095077986, ...

Min Kha said...

မီးဘေးဒုက္ခသည်များအတွက်..... .အ၀တ်အစား၊ အသုံးအဆောင်၊ အိမ်သုံးပစ္စည်းအမျိုးမျိုးတို့လှူဒါန်းလိုလျှင်....ဆက်သွယ်ပါ.... 095155891., 095104850, 095077986, ...

ကျေးဇူးပြုပြီး လက်ဆင့်ကမ်းပေးပါရန်

tun said...

သတင်းကြည့်ရင်းနဲ့ အလိုလိုမျက်ရည် ကျမိတယ်.. လွန်ခဲ့တဲ့ တစ်ပါတ်လောက်တုန်းကလဲ လှည်းတန်းမှာ ဗုံးပေါက်လို့ သန့်စင်ခန်းစောင့်တဲ့ ကောင်မလေး ဒဏ်ရာတွေ သွေးသံတွေ တရဲရဲနဲ့ တွန်းလှည်းပေါ်ပါသွားတာ ပုံစ့က ညီမနဲ့ တူနေလို့ ကတုန်ကရီ ဖြစ်ပြီး အိမ်ကို အသည်းအသန်ဖုန်းဆက်မေးခဲ့ရတာ.. ရင်ထဲမှာ ပူလောင်လိုက်တာလေ.. ခုလဲ အတော့်ကို စိတ်မကောင်းဖြစ်မိပါတယ် .. ဒီအဖြစ်အပျက်ကို နမူနာယူပြီး
ပညာပေးတွေ၊ စက်ရုံအလုပ်ရုံ ထိန်းသိမ်းနည်းတွေ၊ အရေးပေါ်ကာကွယ်ရေးနည်းတွေ လူတိုင်းလူတိုင်းအတွက် ဖြစ်မြောက်ပါစေလို့ ဆုတောင်းလိုက်ပါတယ်..

pro_z said...

၈တန်းကျောင်းသားလေးကအစဆာဖျုရစ်အက်စစ်ကိုရေရဖျန်းရင်မီးလောင်တယ်ဆိုတာသိတယ်အဲဒီမီးသတ်ကကောင်တွေကငွေပဲကြည့်တာအသိမရှိအတက်မရှိနဲ့အီယောင်ဝါးတွေဂျပန်မှာမီးသတ်ပညာသွားသင်ထားတဲ့ကောင်အဲဒီအချိန်ဘယ်ရောက်နေလဲမာဆက်ရောက်နေတာလား???
'ဒီကောင်တွေအတွက်အနဂ္ဂပြောသလိုပဲပြောမယ်
"ဦးနှောက်မှမရှိတာကို့"သေတာတောင်နည်းသေးတယ်

kyawzayya1980 said...

အဲီးလိုတော့မရေးပါနဲ့ဗျာ ပြည်သူကမီးလောင်ပါတယ်ဆိုပြီးဖုန်းဆက်ခေါ်တာလေ ရောက်တော့လဲ ဘာဂိုဒေါင်မှန်းမှမသိရတာ နောက်ပြီး ဂိုဒေါင်ပိုင်ရှင်တွေကလဲ ဘာဂိုဒေါင်ပါဆိုပြီးမကပ်ထားဘူးဗျ၊ကျွန်တော်တို့က ကိုယ်တိုင်ဝင်ကူညီခဲ့တဲ့တွေပါဗျာ

minhein said...

သူများကိုအပြစ်ပဲပြောနေပြီးဘာမှ မလုပ်ပေးနိုင်တာ အခြောက်နော် .. တတ်နိုင်ရင် ကိုယ်တိုင်သွားလုပ်ပေးပါ့လားးး.သူများကိုလက်ညှိုးထိုးမနေပဲ ကိုယ်တိုင် ပါဝင်နိုင်အောင်အရင်လုပ်လိုက်ပါနော်

heinhtet said...

အသက်ဆုံးသွားတဲ့မီးသတ်တွေထဲမှာ..နင့်အမျိုးတွေမပါလို့ပြောတာမလား...မင်းရေးတာတာဝန်မဲ့တယ်နော်...pro.z.....လူတယောက်ကိုအပြစ်တင်ချင်ရင်ကိုတိုင်အပြစ်ကင်းအောင်နေရတယ်ဟ..မင်းအခုပြောလိုက်တာအပြစ်ဖြစ်နေပြီ....မီးသတ်ထဲဝင်ပြီးမင်းတက်သိတာတွေကိုပို့ချပေးလိုက်ပါ....

Powered by Blogger.