သတင်းသမားများကို လုံခြုံရေးအရ အကြိမ်ကြိမ် စစ်ဆေးမှုပြုလုပ်ခဲ့

b35_12
အမေရိကန် လုံခြုံရေးတာဝန်ရှိသူများ လေယာဉ်ကွင်းအတွင်း သတင်းထောက်များပါရှိလာသော ပစ္စည်းများကို စစ်ဆေးနေစဉ်
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် နေပြည်တော်သို့ ရောက်ရှိမည့်သတင်းကို ရယူရန် နေပြည်တော်လေဆိပ်သို့ ရောက်ရှိလာသည့် သတင်းထောက်များကို အမေရိကန်နှင့် မြန်မာလုံခြုံရေး တာဝန်ရှိသူများမှ လုံခြုံရေးအရ အကြိမ်ကြိမ်စစ်ဆေးမှုများ ပြု လုပ်ခဲ့ကြပါသည်။ 
ထိုသို့ စစ်ဆေးမှုများပြုလုပ်ရာတွင် နေပြည်တော်သို့ ရောက်ရှိလာသော သတင်းထောက်များအနေဖြင့် ပထမဦးစွာ ပြန်ကြားရေးဝန်ကြီးဌာနသို့ ရောက်ရှိကြောင်း သတင်းပေးပို့ရပြီး နေပြည်တော်လေဆိပ်သို့ ထွက်ခွာရပါသည်။ ထို့နောက် နေပြည်တော်လေဆိပ်တွင် သုံးကြိမ်တိုင် စစ်းဆေးမှုပြုလုပ်ခဲ့ပြီး လေဆိပ်အဆောက်အဦမှ လေယာဉ်ကွင်းအတွင်း ရောက်ရှိစဉ်အချိန်၌လည်း စစ်ဆေးမှုများ ထပ်မံပြုလုပ်ခဲ့ပါသည်။
b35_10_1
အမေရိကန် လုံခြုံရေးတာဝန်ရှိသူများ လေယာဉ်ကွင်းအတွင်း သတင်းထောက်များပါရှိလာသော ပစ္စည်းများကို စစ်ဆေးနေစဉ်
စစ်ဆေးမှုများကို အမေရိကန် လုံခြုံရေးအရာရှိများ၊ နိုင်ငံတော်သမ္မတအိမ်တော်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ အခြားသော နိုင်ငံတော်လုံခြုံရေးအဖွဲ့များမှ စစ်ဆေး မှုများပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။  လုံခြုံရေးအရ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် သတင်းထောက်များအနေဖြင့် သတ်မှတ်စည်းကမ်းများအတိုင်း သတင်းရယူရန်နှင့် စည်းကမ်းဖောက်ဖျက်မှုရှိပါက နောက်နောင်တွင် သတင်းရယူခွင့် ဆုံးရှုံးနိုင်ကြောင်း မြန်မာလုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူများက သတိပေး ပြောဆိုခဲ့ပါသည်။
Eleven Media Group
သတင်းသမားများကို လုံခြုံရေးအရ အကြိမ်ကြိမ် စစ်ဆေးမှုပြုလုပ်ခဲ့ သတင်းသမားများကို လုံခြုံရေးအရ အကြိမ်ကြိမ် စစ်ဆေးမှုပြုလုပ်ခဲ့ Reviewed by သစ်ထူးလွင် on 09:08 Rating: 5

No comments:

Powered by Blogger.