ဥုးသုမင်္ဂလ(ဒယ်အိုးဆရာတော်)ကို သတိပေးရန်ရှိ

မြန်မာတနိုင်ငံလုံးရှိ ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေသည့် အသင်း၊ အဖွဲ့များမှ ကိုယ်စားလှယ်များကို ခေါ်ယူကာ “ပရဟိတ နှီးနှောဖလှယ်ပွဲ” ကျင်းပခဲ့သည့် ရန်ကုန်တိုင်း မှော်ဘီမင်္ဂလာတိုက်မှ
ကျောင်းထိုင်ဆရာတော် ဦးသုမင်္ဂလကို သတိပေးရန် ဗုဒ္ဓဟူးနေ့တွင် ပင့်ဆောင်ထားသည်ဟု ရန်ကုန်တိုင်း သံဃာ့ နာယကရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

“အာဏာပိုင် အဖွဲ့အစည်းတခုခုကနေပြီးတော့ မဟန (သံဃာ့ မဟာနာယက) ဆရာတော်တွေကို တိုင်ပုံရပါတယ်။ မဟန ဆရာတော်တွေကိုတိုင်တော့ တိုင်းသံဃာ့နာယက ဆရာတော်တွေက ခေါ်ပြီးတော့ သတိပေးမယ့် သဘောပါ။ ဆရာတော်ကို ခေါ်ယူပြီးတော့ သြဝါဒပေးမယ့် သဘော။” ဟု အမည်မဖော်လိုသူက ပြောသည်။

စက်တင်ဘာလအတွင်း မှော်ဘီမင်္ဂလာတိုက်တွင် “ပရဟိတ နှီးနှောဖလှယ်ပွဲ” ကျင်းပသည်ကို အာဏာပိုင်များနှင့် မြို့နယ်သံဃာ့ နာယကသို့ ကြိုတင်အကြောင်းကြား ခွင့်ပြုချက် မယူခြင်းကြောင့် ခေါ်ယူသတိပေးရခြင်း ဖြစ်သည်ဟု ဆိုသည်။
uthumingala1
ဦးကျော်သူနှင့် ဇနီး “ပရဟိတ နှီးနှောဖလှယ်ပွဲ” သို့ ကြွရောက်လာသည့် ဆရာတော်များကိုဖူးမြော်နေစဉ်
ယင်းအပြင် တရားဟော ဓမ္မကထိကများ အနေဖြင့် တရားပွဲများကို အကြောင်းပြကာ နိုင်ငံရေး တရားပွဲများ ပြုလုပ်လာနိုင်သည်ဟု ဆိုလိုက်ပြီး သံဃာတော်များနှင့် မသင့်တော်သည့် ကိစ္စများဟုလည်း မဇ္ဈိမကို ပြောသည်။

“တချို့ကျတော့ စုန်းပြူးတွေရှိတယ်။ ပဲလှော်ကြား ဆားညှပ်တာတွေရှိတယ်။ အဲဒါမျိုးတွေ ကြိုကြား ကြိုကြားပေါ်လာ တဲ့ အခါကျတော့ ဌာနဆိုင်ရာတွေ၊ သူ့ဒေသအလိုက်ရှိတဲ့ ရပ်ကျေးတွေကို အသိပေး အကြောင်းကြားပြီး ထောက်ခံချက်ယူရတယ်။” ဟု ထိုပုဂ္ဂိုလ်က ပြောသည်။

ဒယ်အိုးဆရာတော်ဟု လူသိများသည့် ဆရာတော်ဦးသုမင်္ဂလ
uthumingala
ဒယ်အိုးဆရာတော်ဟု လူသိများသည့် ဆရာတော်ဦးသုမင်္ဂလ
ဦးစီး ကျင်းပသည့် “ စုံနံ့သာမြိုင် ပရဟိတ အသင်းအဖွဲ့ များ နှီးနှော
ဖလှယ်ပွဲ” ကို စက်တင်ဘာလ တရက်နေ့နှင့် နှစ်ရက်နေ့များတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါ နှီးနှောဖလှယ်ပွဲသို့ ပြည်နယ်နှင့်တိုင်း ၁ဝ ခုမှ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ပရဟိတလုပ်ငန်း လုပ်ဆောင်နေသူ လူပုဂ္ဂိုလ်နှင့် သံဃာတော်များ
လေ့လာသူများ စုစုပေါင်း ၂,၅ဝဝ ကျော် တက်ရောက်သည်ခဲ့သည်
ဟု ဆရာတော် ဦးသုမင်္ဂလ၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြ ထားသည်။

သက်တော် ၄၄ နှစ်ရှိ ဆရာတော်ဦးသုမင်္ဂလသည် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် ပြုပြင်ပြောင်းလဲရေး တရားများကို ဘာသာရေးနှင့် ဆက်နွယ်ကာ ဟောကြားလေ့ရှိသည်။ ဆရာတော်၏ တရားပွဲများ ၂ဝဝ၈ ခုနှစ်နှင့် ၂ဝဝ၉ ခုနှစ်များအတွင်း ပိတ်ပင်ခံခဲ့ရဖူးသည်။
မျိုးသန့်  --- ချင်းမိုင် (မဇ္ဈိမ)
ဥုးသုမင်္ဂလ(ဒယ်အိုးဆရာတော်)ကို သတိပေးရန်ရှိ ဥုးသုမင်္ဂလ(ဒယ်အိုးဆရာတော်)ကို သတိပေးရန်ရှိ Reviewed by သစ်ထူးလွင် on 19:50 Rating: 5

15 comments:

မြန်မာဘုန်းဘုန်း said...

အားလုံးပြောင်းလဲမှုတွေ စတင်နေချိန်မှာ သံဃနာယကအဖွဲ့ကြီးကတော့ အရင်အတိုင်း အစိုးရလက်ကိုင်တုတ်ဘ၀နဲ့ကျေနပ်နေတော့မှာလား။
စာပေတတ်မြောက်သော ဆရာတော်ကြီးများဖြစ်ပါလျက်နဲ့ စစ်အာဏာရှင်တွေ ရေးပေးတာကို လက်မှတ်ထိုးပေးနေရတာ ရှက်တတ်လျှင် ရှက်ဖွယ်ကောင်းလှပါသည်ဘုရား။

skull fish said...

သံဃနာယကအဖွဲ့ကြီးကဆရာတော်တွေ ဘုရား အရှင်ဘုရားတို့ရော ဆရာတော်ဦးသုမင်္ဂလ ကဲသို့ ပရဟိတ လုပ်ငန်းမျိုးဘယ်နှခုဆောင်ရွက်ပြီးပါပြီလဲဘုရား

Anonymous said...

မဟာသံဃာနယက မှဆရာတော်ကြီးများဘုရား
တိုင်သူပြည်သားများဟာ ဘယ်ခေတ်အခါနဲ့မှ မတူအောင်ဆင်းရဲ
တွင်းနက်နေပြီးအများစုပြည်သူပြည်သားများဟာအကျင့်စာရိတ္တ
များလည်းဘယ်ခေတ်နဲ့မှမတူအောင်ပျက်စီးနေတဲ့အတွက်ဆရာ
တော်ဦးသုမင်္ဂလ မှ သာသနဘောင်အတွင်းမှပြုင်ထိမ်းသိမ်းနေ
သော၊ ဘာသာသာသနာကိုအသက်နဲ့ထပ်တူယုံကြည်နေတဲ့ဆ
ရာတော်ဦးသုမင်္ဂလလိုဆရာတော်များကို အာဏာရှင်အစိုးရ
ကြိုက်ရင်ပြီးရောဆိုပြီး သံဃာနယက ကိုအကြောင်းပြုပြီးခေါ်ယူ
ပြောဆိုတာဟာဘယ်လိုမှမသင့်တော်လို့ ရပ်တန့်ပေးတော်မူပါ
ဘုရား....

Anonymous said...

အေး..ဟုတ်တယ်ကွ..မှန်တယ်..သံဃာနယကဆရာတော်ကြီး
တွေ..မင်းပြစ်မင်းဒဏ်မသင့်ပေမဲ့ မင်းပြစ်မင်းဒဏ်ထက်ဆိုးတဲ့
ဒကာ..ဒကာမတွေနဲ့တိုင်းသူပြည်သားများရဲ့ ဒဏ်သင့်ရင်တော့
မင်းလည်းမကယ်နိုင်ပါဘူးဆရာတော်များဘုရား..တပည့်တော်မှ
လက်အုပ်ချီပြီး သတိပေးလျှောက်ထားအပ်ပါတယ်ဘုရား.

Randy Orton said...

တော်တော်တရားကျဖို့ကောင်းပါလားကွ မင်းတို့ပြောတော့ စစ်မှန်တဲ့ ဒီမိုကရေစီဆို ........ဒီမိုကရေစီရဲ့ အဓိပ္ပာယ်ကိုရော မင်းတို့သိကြရဲ့လား စစ်မှန်တဲ့ ဒီမိုကရေစီဆိုရင် လွပ်လပ်စွာဟောပြောနိုင်ခွင့်ရှိရမယ်လေ .....ဒိုနိုင်ငံက ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံပါကွ....ဆရာတော်က တရားတာတွေဟောတာ မင်းတို့လို မတရားတာတွေလုပ်နေတဲ့ ( နိုင်ငံတော်အကြီးအကဲ ) ကောင်တွေက လိပ်ပြာမသန့်တော့ လုပ်ချင်ရာလုပ်နေကြတယ်ပေါ့ ....ဆရာတော်ပြောတဲ့ ဒယ်အိုးကိုသွားမယ့်ကောင်တွေ..........အပေါ်က ဆရာတေ် ဖုန်းဖုန်းပြောသလိုပဲ သံဇဃနာယကအဖွဲ့ကြီးမှ ဆရာတော်များကလည်း ရုတ်မာရိုင်းစိုင်းတဲ့ အစိုးရရဲ့ လုပ်ကိုင်ထုတ်ဘဝကနေ အမြန်ဆုံ ရုံးထွက်ကြပါတော့ဘုရား......တပည့်တော်ရဲ့ အပြောအဆို မှားတာရှိရင် အပြုသဘောနဲ့ခွင့်လွှတ်ပေးစေချင်ပါတယ်ဘုရား..ဗုဒ္ဓဘာသာနိုင်ငံမှန်ရင် ဗုဒ္ဓဘာသာတရားကို လွပ်လပ်စွာဟောပြောပိုင်ခွင့်ရှိရပါမယ်ဘုရား....ဘယ်အာဏာပိုင်အဖွဲ့အစည်းဆီကမှ ခွင့်ပြူချက်ယူစရာမလိုပါဘူး.......ခွင့်ပြုချက်ယူရနေရတယ်ဆိုကလည်း က ဗုဒ္ဓဘာသာနိုင်ငံအနေနဲ့ ရှက်စရာကောင်းလှပါတယ် .....ပြုပြင်ပြောင်းလဲနေပါပြီတဲ့ ဘယ်မှာလည်းပြုပြင်ပြောင်းလဲမှု့.....

မိုးဆောင်းနွေ said...

ဟုတ်တယ်။ မှန်တယ်။ ထောက်ခံတယ်။ ဒါ အမှန်အကန်ဘဲ။ ဗုဒ္ဓဘာသာနိုင်ငံတော်ဟာ ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုးကို ကာကွယ်စောင့်ရှောက်တာ ခွင့်ပြုချက်ယူစရာလိုသေးလို့လား။ ဒါနဲ့ ပက်သက်ပြီးတော့ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်တဲ့တရားဓမ္မတွေကို ဟောလို့ဆိုပြီး မတရားအဖမ်းခံထားရတဲ့ ဦးဝိစိတ္တာဘိဝံသ (၀ီရသူ- သကျသီဟဓမ္မာစရိယ)ဆရာတော်ဘုရားကိုလဲ ပြန်လွှတ်သင့်တာ ကြာပါပြီ။ ဗုဒ္ဓဘာသာနိုင်ငံလုပ်ပြီး ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်တဲ့တရားကိုဟောလို့ ထောင်ဒဏ် နှစ်ပေါင်းများစွာချတယ်ဆိုတာ အတော်လေးကို ရှက်ဖို့ကောင်းသလို စက်ဆုပ်ရွံမုန်းစရာလဲ ကောင်းလှပါတယ်။ ဆရာတော် ဦးဝီရသူကို အမြန်လွှတ်ပေးပါ။ ကိုယ့်ဘာသာသာသနာကို လွှတ်လပ်စွာ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းခွင့်၊ ဟောပြောခွင့်ပေးပါလို့ တောင်းဆိုပါတယ်။ ဒါမှ ဒီမိုကရေစီနိုင်ငံဖြစ်တော့မပေါ့။ ဘာသာခြားတွေကျတော့ ငွေပေးရင် ဟိုဟာတောင် ကုန်းပေကျတယ်။ ဟင်း---။ မပြောချင်ဘူး။

Anonymous said...

ဆရာတော်ဘေးရန်ကင်းပါစေ၊စိတ်ဆင်းရဲကင်းပါစေ၊ကိုယ်ဆင်းရဲကင်းပါစေ၊

Anonymous said...

ဟိုး.....ဟိုး.... ချင့်ချင့်ချိန်ချိန်လုပ်ကြပါ။ နိုင်ငံတော် သံဃနာယကအဖွဲ့ကြီးမှ ဆရာတော်များက ၂၀၀၇ သံဃာတော်တွေကို လူယုတ်မာ စစ်အုပ်စုက သံဃာတော်တွေကို သတ်တာတောင် ဘာမှ မှတ်ချက်မပေးတာ အခုဆရာတော် ဦးသုမင်္ဂလ ကောင်းတာလုပ်တာဆိုရင် သာလိုတောင် မပြောသေး။ ဖြစ်နိုင်တာက နိုင်ငံတော် သံဃနာယကအဖွဲ့ကြီးမှ ဆရာတော်များက ဆရာတော် ဦးသုမင်္ဂလထံမှ သြ၀ါဒခံယူမလို ဖြစ်ပါလိမ်မယ်။ ဘာဖြစ်လို့ လဲဆိုတော့ ဆရာတော် ဦးသုမင်္ဂလ လောက် သူတို့ မလုပ်နိုင်လို့ ဖြစ်ပါလိမ်မယ်။

Anonymous said...

ဆရာတော်ကြီးတွေကိုလည်းပြောချင်သလိုပြောနေလိုက်ကျတာ၊ ဘယ်သူက ဘာလုပ်သင့်တယ်ဆိုတာတွေပြောနေကြတာထက် မိမိကိုယ်တိုင် တိုင်းပြည်အကျိုးရှိအောင်အုတ်တချပ်သဲတပွင့်လုပ်ဆောင် တာကပိုတာဝန်ကျေ မှာပါ ၊ ဆရာတော်တွေကို ပုဂိုလ်စွဲထားနေကြရင်လဲ တစ်ခြားဘာသာဝင်တွေက ကိုယ့်အမျိုးဘာသာကိုအထင်အမြင်သေးနိုင်ပါတယ်၊ အရင်ဖြစ်ခဲ့တဲ့အခြေအနေတွေမှာလဲ ကိုယ့်အမျိုးဘာသာသာသနာကို ညိုးနွမ်းစေခဲ့တဲ့ အဖြစ်အပျက်တွေရှိခဲ့တယ်၊ အားလုံးက ဘယ်သူ့ဘက်မှမလိုက်ဘဲ အများရိုသေလေးစားရတဲ့ ဘာသာတရားအဖြစ် ရပ်တည်နိုင်အောင် အဘက်ဘက်က ဆင်ခြင်သင့်ပါတယ်၊

Anonymous said...

ဆရာတော် နှင့်တကွ အားလုံးရဲ့ အများကုသိုလ်ကောင်းမှု့ကို တပည့်တော် ကြည်းနူးရပါသည်ဘုရား....သို့ပေမယ့် ဖြစ်မြောက်ရေးကော်မတီအနေနဲ့ ဆရာတော်အား စနစ်ကျစွာဖြင့် ဆောင်ရွက်သင့်ပါသည်ဟုရိုးကျိုးစွာ အကြံပြုအပ်ပါသည်။
စည်းကမ်းစနစ်ကို လိုက်နာဆောင်ရွက်ခြင်းဟာ အခုလိုအားလုံးပြောဆိုနေကြ တဲ့ ဒီမိုကရေစီလို့ ဦးတည်နေတဲ့အချိန်မှာ တဦးချင်းမှသည် အဖွဲ့အစည်းသည့်တိုင် ကျင့်သုံးလိုက်နာ ဖို့လိုပါလိမ့် မယ်။ ဒါမှလည်း တဖြည်းဖြည်းချင်း အားလုံးအတွက်မျှတတဲ့စနစ်တခုကို တည်ဆောက်နိုင်ကြမှာဖြစ်ပါ တယ်။

Anonymous said...

ဆရာတော်ဦးသုမင်္ဂလက ကောင်းတာလုပ်တာပါ။ အဲဒါကို အာဏာပိုင်အဖွဲ့အစည်းက တိုင်တယ်ဆိုတာ ဂုဏ်ယူသင့်ပါတယ်။ ဆရာတော့်ကို သာသနာတော်ညှိုးနွမ်းအောင် လုပ်လို့ တိုင်တာ မဟုတ်ပါဘူး။ နိုင်ငံရေးလုပ်မှာစိုးလို့ပါ။ ကောင်းပါတယ်။ မဟန ဆရာတော်ကြီးများလဲ ဆရာတော်ဦးသုမင်္ဂလ ဘာလုပ်နေတယ်ဆိုတာ ကိုယ်တိုင်ကိုယ်ကျ သိသွားကြတာပေါ့။ ကိုယ်က ရိုသေရမဲ့ ရဟန်းတော်တွေကို သတ်မိန့်ပေးတဲ့/ သတ်တဲ့လူတွေက သံဃာ့ဂိုဏ်းသင့်မှာပါ။ မဟနက ဘာမှ လုပ်လို့ မရပါဘူး။ လုပ်ချင်တိုင်းလုပ်လို့ မရတဲ့ အနေအထားမှာပါ။ တိပိဋက ဆရာတော်ကို ဟိုလူကြီးလက်ထက် ထောင်ထဲထားတုန်းက မင်းကွန်းဆရာတော်ကြီးဆိုရင် ဘောင်းဘီဝတ် ၂-ကြီး လာတုန်းက အတွေ့တောင်မခံဘူးလို့ တဆင့်ကြားရတာ မှတ်သားဖူးပါတယ်။ ဆရာတော်ကြီးတွေကို ပြောခြင်းအားဖြင့် ကိုယ်ပါ သူတို့နဲ့ အတူတူ ဖြစ်သွားနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒယ်အိုးရောက်မှာ မကြောက်ဘဲလုပ်ချင်ရာ လုပ်နေတဲ့ လုပ်နေတဲ့သူတွေတော့ နောက်တော့မှ ဒယ်အိုးဆရာတော်ကို ကယ်ပါဦးဘုရား လို့ တရမဲ့ အနေအထား ရောက်လာမှာပါ။ မပူပါနဲ့။ သူ့အကုသိုလ် အကျိုးပေးရင် ဘယ်မှာ ပုန်းနေနေ မလွတ်ပါဘူး။ သူ့အကုသိုလ်က ကိုယ့်အကုသိုလ် အဖြစ် မပါလာစေဖို့ သတိထားသင့်ပါတယ်။

Thein Sein said...

ဒုစရိုက်သမားက ဗိုလ်လုပ်။
ခိုးထားဝှက်ထားတာနဲ့စားသောက်၊ မတရားအကျဉ်းချ၊ အကျင့်ပျက် ခေါင်းဆောင်နဲ့အကျင့်ပျက် စစ်သား၊၀န်ထမ်းတွေနဲ့ဖွဲ့စည်းထားတဲ့ စစ်အစိုးရ၊ တိုင်းရင်းသားတွေကို မတ၇ားအနိုင်ကျင့်ဗိုလ်ကျ၊ နိုင်ငံပိုင်တွင်းထွက်ပစ္စည်းသယံဇာတတွေကို စာရင်းမရှိ အင်းမရှိ ခိုးယူစားသောက်(ပြည်သူကိုတ၇ားဝင်မတင်ပြ)၊ သတင်းစာတွေကိုအမှားလုပ်ပြောခိုင်း၊ သတင်းလွတ်လပ်မှုမရှိ၊ အမေစုရွေးကောက်ပွဲနိုင်တုန်းကလဲ ကုလိကုမာလုပ်ပြီး ခေါင်းဆောင်ခွင့်မပေး၊ အမေစုကိုလုပ်ကြံရန် ကြိုးစား၊ မြန်မာပြည်လူထု ကို သူတို့ပဲဗြောင်လိမ်ပြီး သိန်းစိန် ရွေးကောက်ပွဲနိုင်တယ်ပြောလိုပြော၊ (အဲ့ဒီအချိန်က ရခိုင်မှာမုန်တိုင်းတိုက်လို့ ဒုက္ခရောက်နေတဲ့ ရခိုင်ပြည်သူလူထုတွေမှ ဂရုနာမသက် လိမ်လည်တဲ့ရွေးကောက်ပွဲလုပ်ပြီး)ထိပ်ပြောင်သိန်းစိန်ကို အာဏာရ လူသတ်ခွင့်လွှဲပြောင်းပေးလိုက်တယ်၊ ကုလိကုမာလုပ်ပြီး လိမ်လည်လျှောက်ပြော၊ တကမ္ဘာလုံးက ၀ိုင်းဆဲလဲ ဂရုမစိုက်တဲ့ တနည်းအားဖြင့် တောက်ရှက်မရှိတဲ့ ခေါင်းဆောင်နိုင်ငံမှာလူဖြစ်ရတာကိုက တကယ့်ကိုရှက်စရာပါ။
မြန်မာပြည်သား မပြောနဲ့(ကုန်ကုန်ပြောပါရစေ)မြန်မာပြည်က တီကောင်ဘ၀တောင် မဖြစ်ချင်ပါ။
(မှတ်ချက်။ ။ သူတို့ကတောက်ရှက်မှမရှိတာကိုး၊ နိုင်ငံကိုက ဘုန်ကြီးရိုက်တဲ့နိုင်ငံ လို့ပြောရင်တောင်မမှားပါဘူး။)

Ko Myo said...

သံဃနာယကအဖွဲ့ကြီးကဆရာတော်များခင်ဗျား၊ရိုသေစွာဖြင့်ပြောကြားလို့ပါတယ်။ကျွန်တော်ဟာကျောက်တံတားမှာနေပါတယ်။ကျောက်တံတားမှာဖြစ်ပျက်နေတဲ့အတွေ့အကြုံလေးကိုပြောကြားလိုပါတယ်။သင်္ဃန်းဝတ်နဲ့နှစ်ပါးတစ်ဖွဲ့သုံးပါးတစ်ဖွဲ့တို့ထဲမှာတစ်ဦးကဖိနပ်သည်းကြိုးတစ်ဖက်ပြတ်နေတဲ့ဟာကိုစီးထားပါတယ်။သူတို့ကလမ်းမှာတွေ့တဲ့လူတွေကိုဘုန်းဘုန်းတို့ခရီးသွားရင်းဖိနပ်ပြတ်သွားလို့အလှူခံပါတယ်။ဆိုပြီးအလှူခံပါတယ်။ရပြီးသွားပြန်တော့နောက်ခပ်လှမ်းလှမ်းရောက်သွားရင်ထပ်တွေ့တဲ့လူတွေကိုထပ်အလှူခံပါတယ်။အဲလိုအဖြစ်အပျက်တွေကလတိုင်းတွေ့နေရတော့ရိုးနေပါပြီ။ဒါပေမဲ့ကျောက်တံတားမြို့နယ်ဆိုတာဟိဒ္ဓူတွေရော၊မွတ်စလင်တွေရော၊ခရစ်ယာန်တွေရောအများကြီးပူးတွဲနေထိုင်တဲ့ရန်ကုန်မြို့လယ်ခေါင်ကမြို့နယ်ပါ။အဲလိုဘာသာခြားတွေရှေ့မှာဖြစ်ပျက်နေတဲ့အရာတွေကျတော့သံဃနာယကဆရာတော်ကြီးတွေကမသိလို့လား။ဒါမှမဟုတ်မသိချင်ယောင်ဆောင်နေတာလား။အဲဒါကျတော့လစ်လျူရှုထားပြီးတော့။သံဃာသတ်တဲ့အပါယ်လားမဲ့လူတွေတိုင်တာနဲ့ဥူးသုမင်္ဂလကိုပင့်ဖိတ်ပြီးပြောမလို့ဆိုတာတော့မဟာသံဃနာယကကြီးတွေမှာအဆုံးဖြတ်ကောင်းတွေမချမှတ်နိုင်တဲ့ဘုန်းဘုန်းတွေများနေပြီလားတစ်နိုင်ငံလုံးမှာရှိတဲဗုဒ္ဓဘာသာမှာဘယ်လိုအဖျတ်အမှောင့်တွေရှိနေပြီလဲဆိုတာရောသိကြပါရဲ့လား

Ko Myo said...

သံဃာနာယကဆရာတော်များခင်ဗျား။ဥူးသုမင်္ဂလကနိုင်ငံရေးတရားဟောပြီးတရားနာပရိတ်သတ်တွေကိုစည်းရုံးရေးဆင်းကာပါတီထောင်မယ်လို့လဲမကြားမိပါဖူးခင်ဗျာ။

မင်းထွန်း said...

ကျွန်တော်အထင်ကတော့ ဒီလိုခေါ်ပြောယင် ပိုတောင်ကောင်းသေးတယ်လို့ ထင်ပါတယ်။ဒါမှ ဆရာတော် အနေနဲ့ တင်ပြစရာ မေးလျှောက်စရာတွေကို မျက်နှာချင်းဆိုင် ပြောခွင့်ရတာပေါ့။
ဆရာတော်ပြောထားတာ ရှင်းရှင်းလေးပဲ “နိုင်ငံရေးတရားဟောမယ်ဆိုရင် ကြေညာပြီးဟောမယ်” တဲ့...
ဆရာဦးအောင်သင်းပြောသလိုပေါ့ “သစ်သားမှာတော့ သံကိုရိုက်သွင်းလို့ ရမှာပေါ့ ကျောက်တုံးမှာ လာရိုက်လို့ကတော့Sorry ပဲ သံပဲကောက်သွားမယ်
ပျော့တဲ့သူပဲ ဘေးဖယ်သွားရမယ်” တဲ့...

Powered by Blogger.