KNPP နဲ့ ရထားဝန်ကြီးဦးအောင်မင်း တွေ့ဆုံ

မြန်မာအစိုး​ ရကို နှစ်​ပေါင်း​များ​စွာလက်နက်ကိုင်တိုက်​နေတဲ့​ ကရင်နီအမျိုး​သား​ တိုး​တက်​ရေး​ပါတီ် (​ကေအန်ပီပီ) နဲ့​ မြန်မာအစိုး​ရ ကိုယ်စား​လှယ်​တွေ ​တွေ့​ဆုံခဲ့​ကြတယ်လို့​သိရပါတယ်။

ခူး ဦး ရယ်
နိုဝင်ဘာလ ၁၉ ရက်​နေ့​က ထိုင်း​နိုင်ငံ မယ်ဆိုင်မြို့​မှာ ​ကေအန်ပီပီနဲ့​ မြန်မာအစိုး​ရ ကိုယ်စား​လှယ်​တွေ လက်ရှိ အစိုး​ရ လက်ထက်မှာ ပထမဆုံး​အကြိမ်အဖြစ် ​တွေ့​ဆုံခဲ့​ကြတာပါ။
ဒီ​တွေ့​ဆုံမှုဟာ အလွတ်သ​ဘော မိတ်ဆက်ပွဲသာဖြစ်တယ်လို့​ ​ကေအန်ပီပီ အတွင်း​ရေး​မှူး​ချုပ် ခူး​ဦး​ရယ်က ​ပြောပါတယ်။
“ခုမှစ​တွေ့​ ကြတာဆို​တော့​ လူချင်း​သိကြဖို့​အတွက်​တွေ့​ကြတာပဲ။ တဖက်ကလည်း​ သူတို့​ ကျ​နော်တို့​ကို တရား​ဝင်သ​ဘောမျိုး​ လာပြီး​တွေ့​ကြဆုံကြဖို့​သတင်း​ပါး​တယ်။ လူချင်း​တွေ့​ရင်း​နဲ့​ ဖိတ်ကြား​တယ်ဆိုတဲ့​ သ​ဘောပဲရှိ​သေး​တော့​ ကျ​နော်တို့​ဘာအ​ကြောင်း​အရာမှ ​ဆွေး​နွေး​တာမျိုး​တော့​ မလုပ်​သေး​ဘူး​ခင်ဗျ။”
ဒီ​တွေ့​ ဆုံပွဲမှာ နှစ်ဖက်အပစ်အခတ်ရပ်စဲ​ရေး​ သ​ဘောတူညီချက်ချနိုင်မယ့်​ ​ဆွေး​နွေး​ပွဲလုပ်ဖို့​ကိစ္စ၊​ အဆက်အသွယ်မပြတ်သွား​ဖို့​ဆက်သွယ်​ရေး​ရုံး​တွေ ဖွင့်​လှစ်ထား​ရှိဖို့​ ကိစ္စနဲ့​ တဖွဲ့​က ထိန်း​ချုပ်ထား​တဲ့​ နယ်​မြေ​တွေကို ကြိုတင်အ​ကြောင်း​ကြား​ပြီး​ လက်နက်မဲ့​ဖြတ်သန်း​သွား​လာခွင့်​ ​ပေး​ဖို့​ကိစ္စ​တွေအတွက် ဆုံး​ဖြတ်ချက်ချနိုင်မယ့်​ ​ဆွေး​နွေး​ပွဲ​တွေ ကျင်း​ပလိုတဲ့​အ​ကြောင်း​ အစိုး​ရကိုယ်စား​လှယ်​တွေက တင်ပြခဲ့​ကြတယ်လို့​သိရပါတယ်။
ဒီပဏာမ​တွေ့​ ဆုံပွဲကို ​ကေအန်ပီပီဘက်က စစ်ဦး​စီး​ချုပ် ဗိုလ်ချုပ်ဘီထူး​က ဦး​ဆောင်ပြီး​ မြန်မာအစိုး​ရဘက်က​တော့​ မီး​ရထား​ဝန်ကြီး​ ဦး​အောင်မင်း​ ဦး​ဆောင်ပါတယ်။
ကေအန်ပီပီဟာ ယူအန်အက်ဖ်စီ ​ခေါ် ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ရယ်​ကောင်စီအဖွဲ့​ဝင်ဖြစ်ပြီး​ ယူအန်အက်ဖ်စီခွင့်​ပြုချက်နဲ့​ ခုလိုတဖွဲ့​ခြင်း​ ​ဆွေး​နွေး​တာလို့​ ခူး​ဦး​ရယ်က ​ပြောပါတယ်။
“အပစ်ရပ် သ​ဘောတူညီမှု​တွေ ရတဲ့​အခါမှာ ယူအန်အက်ဖ်စီအ​နေနဲ့​ စုဖွဲ့​ပြီး​တော့​ သွား​ရမယ်ဆိုတဲ့​ သ​ဘောထား​တွေရှိ​တော့​ ကျ​နော်တို့​ အဲဒီ့​ အ​ခြေခံစဉ်း​စား​ချက် ​အောက်မှာပဲ ကျ​နော်တို့​ ရှိမြဲရှိ​နေ​သေး​တယ် ဆိုတာကို​တော့​ ကျ​နော်​ပြောချင်ပါတယ်။”
ကေအန်ပီပီနဲ့​ မြန်မာအစိုး​ရအကြား​ အပစ်အခတ်ရပ်စဲ​ရေး​ ​ဆွေး​နွေး​ပွဲ​တွေ ​တွေ့​ဆုံပွဲ​တွေ ၁၉၉၃၊​ ၁၉၉၄၊​ ၁၉၉၅နဲ့​၂၀၀၇ ခုနှစ်​တွေမှာ နဝတ၊​ နအဖစစ်အစိုး​ရ လက်ထက်ကလည်း​ အကြိမ်ကြိမ် ပြုလုပ်ခဲ့​ဖူး​ပါတယ်။ 

သတင်း---ဒီဗွီဘီ
KNPP နဲ့ ရထားဝန်ကြီးဦးအောင်မင်း တွေ့ဆုံ KNPP နဲ့ ရထားဝန်ကြီးဦးအောင်မင်း တွေ့ဆုံ Reviewed by သစ်ထူးလွင် on 21:17 Rating: 5

No comments:

Powered by Blogger.