စစ်တွေ- ကျောက်ဖြူ-တောင်ကုတ် ပြေးဆွဲသည့် အောင်တံခွန် (၂) သင်္ဘော ကျောက်ဆောင်နှင့်တိုက်မိပြီး နစ်မြုပ်

ယမန်နေ့ညနေပိုင်းက စစ်တွေ- ကျောက်ဖြူ-တောင်ကုတ် ပြေးဆွဲသည့် အောင်တံခွန် (၂) သင်္ဘော နောင်တော်လေးမြစ် အတွင်း ကျောက်ဆောင်နှင့် ခြစ်မိပြီးနောက် သောင်ခုံပေါ်တင်သွားကာ ယနေ့နေ့လည်တွင် လုံးဝနစ်မြုပ် သွားသည်ဟု ရေယာဉ်ဝန်ထမ်းတဦးက YPI သို့ပြောသည်။

ယမန်နေ့ ညနေပိုင်းက ကျောက်ဆောင်နှင့် ခြစ်မိချိန်တွင် သင်္ဘောချက်ခြင်း နစ်မြုပ်သွားခြင်းမရှိပဲ ရေ၀င်ရောက်ရာမှ ယနေ့ နေ့ခင်း ၁၂ နာရီဝန်းကျင်တွင် လုံးဝနစ်မြုပ်သွားခဲ့သည်ဟုလည်း သိရှိရသည်။

ယခုအဖြစ်အပျက်ကြောင့် ခရီးသည် တဦးတလေမျှ အသက်ဆုံးရှုံး ဒဏ်ရာရခြင်းမရှိပဲ သဘောင်္သောင်ခုံပေါ် တင်သွားချိန်တွင် အနီးအနားရှိ မော်တော် ၄၊ ၅စီးအား အကူအညီတောင်းကာ ခရီးသည်များကို ကျောက်ဖြူသို့ ပို့ဆောင်ပေးလိုက်နိုင်သည်ဟုလည်း ၎င်းဝန်ထမ်းကပြောသည်။

သို့ရာတွင် သင်္ဘောပေါ်ပါ ကုန်ပစ္စည်းများ အားလုံးနီးပါး ဆုံးရှုံးသွားသည်ဟုလည်း  ကုန်ပစ္စည်းတင်ပို့သူ စစ်တွေမှကုန်သည်များ၏ ပြောဆိုချက်အရ သိရသည်။

ယခု အောင်တံခွန် (၂) သင်္ဘောတွင် ခရီးသည် ၂၀၀ ၀န်းကျင် လိုက်ပါသွားပြီး ခရီးသည် အပြည့်ဆိုပါက ခရီးသည် ၄၀၀ ခန့်တင်ဆောင်နိုင်သည်ဟု သိရသည်။ ယခုသင်္ဘောပိုင်ရှင်မှာ ရခိုင်ပြည်နယ်တွင် ထင်ရှားသည့် လုပ်ငန်းရှင် ဦးကျောက်တောင် ပိုင်ဆိုင်သည့် သင်္ဘောဖြစ်သည်။    

အဆိုပါ စစ်တွေ-ကျောက်ဖြူ-တောင်ကုတ် သွားသင်္ဘော နစ်မြုပ်မှုကြောင့် တင်ဆောင်လာသည့် ကုန်ပစ္စည်း တန်ဖိုး သိန်း ၆၀၀ ကျော်ဆုံးရှုံးသွားသည်ဟု ရေယာဉ်ဝန်ထမ်းတဦးက YPI သို့ပြောသည်။
သင်္ဘောဖြင့် တင်ဆောင်လာသည့် ပစ္စည်းများတွင် ရွှေပုဇွန် အိတ် ၁၀၀၊ နွားသားရေ နှင့် အခြား ရေထွက်ပစ္စည်းများဖြစ်သည် ဟုလည်းယင်း ၀န်ထမ်းကပြောသည်။ သင်္ဘော ကျောက်ဆောင်ဖြင့် ခြစ်မိပြီး နံဘေး  ပေါက်သွားသည့်နောက် သဲသောင်တွင် တင်နေရာ ၎င်းသင်္ဘောအား ကူညီရန် ကုန်ချိန်တန် တစ်ရာဆန့် သင်္ဘောများ အနီးတွင် စောင့်ကြည့်နေသော်လည်း ကျောက်ဆောင်များရှိနေသဖြင့် အနားသို့ မကပ်နိုင်ဟုလည်း သိရှိရသည်။

အခင်းဖြစ်ပွားသည့် နေရာမှာ ကျောက်ဖြူနှင့် ၁၀ မိုင်အ ကွာ  နောင်တော်လေး ဟုခေါ်ဆိုသည့် နေရာဖြစ်သည်။ ဖြစ်ပွားရာနေရာသို့ အောင်တံခွန် သင်္ဘော ကုမ္ပဏီပိုင် အောင်တံခွန် ၃  သင်္ဘောဖြင့် ရေကြောင်း နှင့် ဆိပ်ကမ်း တာဝန်ရှိသူများ သွားရောက်ကြည့်ရှုလျှက်ရှိသည်ဟုလည်း ရေယာဉ်ဝန်ထမ်းကပြောသည်။

သင်္ဘောပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၃၀၀ ၀န်းကျင် အနက် လူ ၂၀၀ ကျော်မှာ သင်္ဘောပိုင်ရှင် ရခိုင်ပြည်နယ်တွင် ထင်ရှားသည့် သူဋ္ဌေး  ဦးကျောက်တောင်က ဇီဝီတဒါန မျက်စေ့ကုသရန် တာဝန်ယူ ခေါ်ဆောင်လာသူများဖြစ်ကြောင်း YPI သတင်းအရသိသည်။
 စစ်တွေ၊ နိုဝင်ဘာ ၂၂၊ ၂၀၁၁ (YPI)
Myanmar News Now
စစ်တွေ- ကျောက်ဖြူ-တောင်ကုတ် ပြေးဆွဲသည့် အောင်တံခွန် (၂) သင်္ဘော ကျောက်ဆောင်နှင့်တိုက်မိပြီး နစ်မြုပ် စစ်တွေ- ကျောက်ဖြူ-တောင်ကုတ် ပြေးဆွဲသည့် အောင်တံခွန် (၂) သင်္ဘော ကျောက်ဆောင်နှင့်တိုက်မိပြီး နစ်မြုပ် Reviewed by သစ်ထူးလွင် on 10:03 Rating: 5

1 comment:

Anonymous said...

ဦး‌ကျောက်‌တောင်ဆိုတဲ့လူက‌တေဇတို့၊ခင်‌ရွှေတို့လိုဆိတ်လစိလူစား‌တွေဘဲ..
မဆလ ‌ခေတ်မှာ‌တောင်ကုတ်မြို့က ပါတီ၊‌ကောင်စီလြူကီး‌တွေကို‌အောက်ကျို့
ခံ‌ပေါင်းပြီးစီးပွါး‌ရေးလုပ်တယ်..အ‌ရေးအခင်းကာလ‌ရောက်‌တော့သပိတ်
တပ်ကို‌နေရာ‌ပေး၊‌ထောက်ပံ့၊‌ကျွေး‌မွေးပြီးလူ‌မွေးတယ်..၊‌ဟောစစ်တပ်လဲအာဏာ
သိမ်း‌ရော..အာဏာပိုင်‌တွေရဲ့ေ ခြသလုံးဖက်ပြီးရသမျှကန်ထရိုက်‌တွေ၊စီး
ပွါး‌ရေးလုပ်ငန်း‌တွေလက်ဝါးကြီးအုပ်ပြီးစစ်တပ်နဲ့‌ဝေစားမျှစားလုပ်လာလိုက်တာ..ကျိကျိတက်ပါ‌ရောလား..အခူ‌ဘောင်းဘီချွတ်‌တွေလက်ထက်‌ရောက်
‌တော့လူမှူ‌ရေးလုပ်တဲ့သူ‌တော်စင်ပုံစံနဲ့ပါတီ‌ထောင်ဖြို့ကိုးစား‌နေပြန်ပြီ...။

Powered by Blogger.