အရှင်ဂမ္ဘီရကို ထောင်ပြောင်းရွှေ့ပြီး ပထမဆုံးအကြိမ် မိသားစု တွေ့ဆုံ

နိုဝင်ဘာ ၂၂၊ ၂၀၁၁ (YPI) ယခင် သီတင်းပတ် ကလေးမြို့ ထောင်မှ မြောင်းမြထောင်သို့ ပြောင်းရွှေ့ပြီးနောက် မိသားစုမှ အရှင်ဂမ္ဘီရကို ပထမဆုံးအကြိမ် သွားရောက် တွေ့ဆုံသည်။ “လူကတော့ ရုပ်ပိုင်းဆိုင်ရာ တောင့်တောင့်တင်းတင်း ရှိပေမဲ့ အာရုံကြောအားနည်းနေပုံရတယ်။ အရင်ကဆို ဖော်ဖော်ရွေရွေ နှုတ်ဆက်ပေမဲ့ ခုတော့ မေးတခွန်း ဖြေတခွန်းပဲ ”လို့ သွားရောက်တွေ့ဆုံခဲ့သူ မခင်သူဋ္ဌေးက YPI သို့ပြောသည်။ ယခင်သီတင်းပတ် ဗုဒ္ဓဟူးနေ့တွင် ကလေးမြို့မှ ရန်ကုန်အင်းစိန်ထောင်တွင် တထောက်နားကာ ကြာသာပတေးနေ့တွင် မြောင်းမြထောင်သို့ ပြောင်းရွှေ့လိုက်သည်ကို အရှင်ဂမ္ဘီရ၏ အစ်မဖြစ်သူ မခင်သူဋ္ဌေးက သိရပြီးနောက် တနင်္လနေ့တွင် မြောင်းမြထောင်သို့ သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ အရှင်ဂမ္ဘီရသည် လက်ရှိကျန်းမာရေး အခြေအနေမှာ သွားကိုက်ဝေဒနာကို ခံစားနေရသဖြင့် အကျဉ်းထောင် ဆရာဝန်က သုံးရက်စာဆေးပေးထားကြောင်းနှင့် ပြင်ပမှ သွားဆရာဝန်နှင့် ပြသခွင့်မရသေးကြောင်း ကို မခင်သူဋ္ဌေးက ပြောသည်။ ယမန်နေ့က အရှင်ဂမ္ဘီရနှင့် တွေ့ဆုံခွင့်ရပြီးဖြစ်သဖြင့် ယနေ့တွင် လူချင်းထပ်တွေ့ခွင့်မရှိတော့ပဲ လိုအပ်သည့် ပစ္စည်းများ ထောင်ဝင်စာ ပါဆယ်ပို့ပြီး ရန်ကုန်သို့ ပြန်လာမည်ဟု လည်းသိရှိရသည်။ အရှင်ဂမ္ဘီရနှင့်အတူ ကလေးထောင်မှ ပြောင်းရွှေ့လာသော ဦးညီပုကို မအူပင်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်ဟု သတင်းကြားသည်ဟု မခင်သူဋ္ဌေးက YPI သို့ပြောပြသည်။ မြောင်းမြထောင်တွင် အမျိုးသားနိုင်ငံရေး အကျဉ်းသား လေးယောက်နှင့် သံဃာတပါးရှိသည်။ အမျိုးသမီးဘက်တွင် ၈၈ မျိုးဆက် ကျောင်းသား အင်အားစုမှ ရွှီး(ခ) မစန္ဒာမင်း ရှိကြောင်းသိရသည်။
အရှင်ဂမ္ဘီရကို ထောင်ပြောင်းရွှေ့ပြီး ပထမဆုံးအကြိမ် မိသားစု တွေ့ဆုံ အရှင်ဂမ္ဘီရကို ထောင်ပြောင်းရွှေ့ပြီး ပထမဆုံးအကြိမ် မိသားစု တွေ့ဆုံ Reviewed by သစ်ထူးလွင် on 09:52 Rating: 5

No comments:

Powered by Blogger.