တွံတေးမြိုနယ် အာဏာပိုင်းများ၏ ဥပဒေမဲ့ လုပ်ရပ်


တွံတေးမြို့နယ် အာဏာပိုင်အဖွဲ့အစည်းများသည် အာဏာအလွဲသုံးစားပြုလုပ်၍ အတိုက်အခံနိုင်ငံရေးအဖွဲ့အစည်းများ အား ဥပဒေမဲ့တိုက်ခိုက်မှုများ ပြုလုပ်နေကြကြောင်း တွံတေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များထံမှ သိရှိ ရသည်။
၃ နိုဝင်ဘာလ ၂၀၁၁ ရက်နေ့ ညတွင် တွံတေးမြို့နယ် NLD လူငယ်အစည်းအဝေးအတွက် တွံတေး NLD လူငယ်များဖြစ် သော ကိုကျော်မိုးနိုင်နှင့် ကိုအောင်ကျော်ဇော တိုနှစ်ဦးမှာ အစည်းဝေးလိုက်လံဖိတ်ကြားပြီ အပြန် ည ၁၀ နာရီခန့်တွင် တွံတေးမြို့နယ်မှ စွမ်းအားရှင်တဖြစ်လဲ ဆယ်အိမ်ခေါင်းများ ဖြစ်ကြသော ကျော်တင့် နှင့် ၀င်းနိုင်တို့ ပါဝင်သောအဖွဲ့က လမ်းမှ စောင့်ဆိုင်းပြီး ၀ိုင်းဝန်ရိုက်နက်ခဲ့ကြသဖြင့် NLD လူငယ်များဖြစ်သော ကိုကျော်မိုးနိုင်မှာ ခေါင်းကွဲပြီး နှုတ်ခမ်းနှင့် ကျော ကုန်းတွင် ရိုက်နှက်ခံရသော ဒဏ်ရာများရရှိခဲ့၍ တွံတေးမြိုနယ် ပြည်သူဆေးရုံကြီးတို ညတွင်းချင်း တင်ပိုခဲ့ရပြီ အခြား NLD လူငယ်တဦးဖြစ်သူ ကိုအောင်ကျော်ဇော မှာ ဖူးယောင်ပွန်းပဲ့ ဒဏ်ရာများရရှိခဲ့ပါသည်။
ထိုဖြစ်စဉ်နှင့် ပက်သက်၍ တွံတေးမြို့နယ် NLD လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်မှ ကျော်တင့် နှင့် ၀င်းနိုင်တိုအား ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၂၅ အရ တွံတေးမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားသောလဲ သက်ဆိုင်ရာ အာဏာပိုင်းများက ယခု အချိန်ထိ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရှိရပါသည်။
ယခင် လကလဲ တွံတေး NLD တာဝန်ခံနှင့် တွံတေးရဲစခန်းမှ အရာရှိများ ယခုကဲ့သို့ ပြဿနာဖြစ်ပွားခဲ့သည်အတွက် အ ပြန်အလှန် တရားစွဲဆိုမှုများပြုလုပ်ခဲ့ကြပြီ ယခုအထိ အမှုပြီးပြတ်ခြင်း မရှိသေးပေ။
ယခု ညနေပိုင်းတွင် အဆိုပါ စွမ်းအားရှင်များက NLD လူငယ်နှစ်ဦးအားလူငှား၍ သတ်ပစ်မည်ဟု ထပ်မံခြိမ်းခြောက်ပြန် သဖြင့် ရဲစခန်းသို့ တိုင်တန်းထားပါသည်။
ရဲထွဋ်ခေါင်
တွံတေးမြို့နယ် NLD လူငယ်တာဝန်ခံ
0973133594 
သတင်း---နေသစ်
တွံတေးမြိုနယ် အာဏာပိုင်းများ၏ ဥပဒေမဲ့ လုပ်ရပ် တွံတေးမြိုနယ် အာဏာပိုင်းများ၏ ဥပဒေမဲ့ လုပ်ရပ် Reviewed by သစ်ထူးလွင် on 12:02 Rating: 5

No comments:

Powered by Blogger.