အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ရွေး​ကောက်ပွဲ​အောင်နိုင်​ရေး​ ပြင်ပြီ


အမျိုး ​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အန်အယ်လ်ဒီပါတီအ​နေနဲ့​ ပါတီထူ​ထောင်ခွင့်​ ရရှိပြီး​ရင် လာမယ့်​ကြား​ဖြတ်​ရွေး​ကောက်ပွဲ လစ်လပ်မဲဆန္ဒနယ်​မြေအား​လုံး​မှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်တဲ့​အတွက် ​အောင်နိုင်​ရေး​ ဗဟို​ကော်မတီနဲ့​ ​အောင်နိုင်​ရေး​ ဆပ်​ကော်မတီ အသီသီး​ကို ဖွဲ့​စည်း​လိုက်ပါတယ်။
ဗဟို​ ကော်မတီမှာ လက်ရှိ ဗဟိုအလုပ်အမှု​ဆောင် အဖွဲ့​ဝင်အား​လုံး​ ပါဝင်မယ်လို့​ အဖွဲ့​ချုပ်ပြန်ကြား​ရေး​ တာဝန်ခံ ဦး​အုန်း​ကြိုင်က ​ပြောပါတယ်။
ဒီ​နေ့​ ပြုလုပ်တဲ့​ အဖွဲ့​ချုပ်ဗဟိုအလုပ်အမှု​ဆောင်အစည်း​အ​ဝေး​မှာ ပါတီမှတ်ပုံတင်ဖို့​ လိုအပ်တဲ့​ ပါတီတံဆိပ်၊​ အလံနဲ့​ အမှတ်တံဆိပ်​တွေကို အဆင်သင့်​ ပြင်ဆင်ထား​ကြဖို့​၊​ ပါတီမှတ်ပုံတင်ပြီး​တဲ့​အခါ အဖွဲ့​ဝင်သစ်​တွေ စု​ဆောင်း​ဖို့​ ဘယ်လိုစည်း​ရုံး​ ​ဆောင်ရွက်သွား​ကြမယ်ဆိုတာ​တွေ အကြမ်း​ဖျင်း​ ​ဆွေး​နွေး​ခဲ့​ကြတယ်လို့​ သိရပါတယ်။
အဖွဲ့​ချုပ် ​အောင်နိုင်​ရေး​ ဆပ်​ကော်မတီ ဖွဲ့​စည်း​ထား​ပုံ​တွေကို ဦး​အုန်း​ကြိုင်က ခုလို ​ပြောပါတယ်။
“ကျ​နော်တို့​ သီး​ခြား​ဆပ်​ကော်မတီအ​နေနဲ့​တော့​ သတင်း​နဲ့​ စာ​စောင်ထုတ်​ဝေ​ရေး​ ဆပ်​ကော်မတီ​ပေါ့​၊​ ​နောက် ဂီတဆပ်​ကော်မတီ၊​ မဲဆွယ်တယ်။ ​ဟော​ပြောမယ့်​ ဆပ်​ကော်မတီပါတယ်။ ​နောက် ဘဏ္ဍာရှာကြံ​ရေး​ ​ကော်မတီပါတယ်။ စာရင်း​စစ်အဖွဲ့​၊​ ​နောက်ဥပ​ဒေ အ​ထောက်အကူအဖွဲ့​ ပါတယ်။ ၆ ခု ဖွဲ့​စည်း​လိုက်ပါတယ်။ အဲဒီထဲမှာ အဖွဲ့​ခေါင်း​ဆောင်​တွေက​တော့​ သတင်း​၊​ ပြန်ကြား​နဲ့​ စာ​စောင်ထုတ်​ဝေ​ရေး​က ဦး​ဝင်း​တင်ပါ။ ​နောက် ဘဏ္ဍာ​ရေး​ကော်မတီက ဦး​ဟံသာမြင့်​ပါ။ ဂီတ​ကော်မတီက​တော့​ ဦး​စိုး​ဝင်း​၊​ စာရင်း​စစ်က​တော့​ ဦး​သိန်း​ဦး​ပါ။ ဗဟိုဥပ​ဒေ အ​ထောက်အကူပြုက​တော့​ ဒုဥက္ကဋ္ဌ ဦး​တင်ဦး​ပါ။ မဲဆွယ်​ကော်မတီမှာ ​ဟော​ပြော​ကော်မတီက ကျ​နော် (ဦး​အုန်း​ကြိုင်) ပါပါတယ်။”
အဖွဲ့​ချုပ်အ​နေနဲ့​ ပါတီအလံနဲ့​ တံဆိပ်တို့​ကို အခုအတိုင်း​ပဲ ထား​ရှိဖို့​ များ​တယ်လို့​လည်း​ ဆိုပါတယ်။
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ပါတီထူ​ထောင်ခွင့်​ကို နိုဝင်ဘာ၂၅ရက်က ​နေပြည်​တော်​ကော်မရှင်ထံ တင်ပြထား​ပြီး​ဖြစ်ပါတယ်။
ပြည်သူ့​လွှတ်​ တော်ဥက္ကဋ္ဌ သူရဦး​ရွှေမန်း​က ​နောက်သုံး​လအတွင်း​ ကြား​ဖြတ် ​ရွေး​ကောက်ပွဲလုပ်ဖို့​ မဖြစ်နိုင်​သေး​ဘူး​လို့​ နိုဝင်ဘာ ၂၅ ရက်က ပြည်တွင်း​သတင်း​ထောက်​တွေနဲ့​ ​တွေ့​ဆုံရာမှာ ထုတ်​ဖော်​ပြောကြား​ခဲ့​ပါတယ်။ 

ဒီဗွီဘီ
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ရွေး​ကောက်ပွဲ​အောင်နိုင်​ရေး​ ပြင်ပြီ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ရွေး​ကောက်ပွဲ​အောင်နိုင်​ရေး​ ပြင်ပြီ Reviewed by သစ်ထူးလွင် on 11:14 Rating: 5

No comments:

Powered by Blogger.