ကမ္ဘာ့အေအိုင်ဒီအက်စ်​နေ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရုံး​များ​တွင် ကျင်း


ကမ္ဘာ့အေအိုင်ဒီအက်စ်​နေ့​အထိမ်း​အမှတ်ပွဲ​တွေကို ရန်ကုန်မြို့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ဗဟိုဌာနချုပ်အပြင် ပြည်နယ်နဲ့​တိုင်း​အသီး​သီး​က ရုံး​တွေမှာပါ တချိန်တည်း​တပြိုင်တည်း​ ကျင်း​ပဖို့​စီစဉ်​နေပါတယ်။
ဒီနှစ်မှာ ထူး​ထူး​ခြား​ခြား​ ​အေအိုင်ဒီအက်စ်နဲ့​ ပတ်သက်တဲ့​ ​တေး​သီချင်း​ခွေ တ​ခွေပါ ဖြန့်​ချိမယ်လို့​ အိပ်ခ်ျအိုင်ဗွီပိုး​ ကူး​စက်ခံ​နေရသူ​တွေကို အကူအညီ​ပေး​နေတဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဝင် မဖြူဖြူသင်း​က ​ပြောပါတယ်။
“ဒီနှစ်ထူး​ ခြား​တာ​တော့​ အိပ်ခ်ျအိုင်ဗွီနဲ့​ ပတ်သက်တဲ့​ သီချင်း​ခွေ​လေး​ တ​ခွေကို ပြည်တွင်း​မှာ ရှိ​နေတဲ့​ အဆို​တော်​တွေက​နေ ​မေတ္တာလက်​ဆောင်နဲ့​ သီဆို​ပေး​ထား​တဲ့​ အ​ခွေ​လေး​တစ်​ခွေ ထွက်မယ်။ သီချင်း​ခွေက​တော့​ နာမည်မ​ပေး​ထား​ဘူး​။ ကမ္ဘာ့​အေအိုင်ဒီအက်စ်​နေ့​ အခမ်း​အနား​ သီချင်း​ခွေလို့​ပဲ ​ပေး​ထား​တယ်။ အထိမ်း​အမှတ်အ​နေနဲ့​ သီချင်း​ခွေထုတ်သလို ပြက္ခဒိန်တခုလည်း​ ထုတ်ဖြစ်တယ်။ အန်တီ့​ပုံနဲ့​ပဲ​ပေါ့​။”
ဒီအ​ခွေမှာ ​တေး​ရေး​ ကိုရဲလွင်၊​ ​တေး​သံရှင် ရင်ဂို၊​ ​ဆောင်း​ဦး​လှိုင်၊​ သား​ထွေး​၊​ ​ဇေယျာ​သော်တို့​ ​ရေး​သား​သီဆိုထား​တဲ့​ ​တေး​သီချင်း​ပေါင်း​ ၁၇ ပုဒ် ပါဝင်မယ်လို့​သိရပါတယ်။
အခမ်အနား​မှာ ​အေအိုင်ဒီအက်စ် ​ဝေဒနာရှင်​တွေကို ​ဆေး​ဝါး​နဲ့​ အာဟာရအကူအညီ ​ပေး​အပ်မယ့်​အပြင် ဂီတ​ဖျော်​ဖြေပွဲ​တွေ လုပ်မယ့်​အစီအစဉ် ရှိတယ်လို့​လည်း​ သိရပါတယ်။
အဖွဲ့​ ချုပ်မှာကျင်း​ပမယ့်​ ကမ္ဘာ့​အေအိုင်ဒီအက်စ်​နေ့​ အခမ်း​အနား​ကို အ​မေရိကန်နိုင်ငံခြား​ရေး​ဝန်ကြီး​ ဟီလာရီကလင်တန် တက်​ရောက်ပြီး​ ရန်ကုန်မြို့​ ဒဂုံ​တောင်မှာ ဖွင့်​လှစ်ထား​တဲ့​ အိပ်ခ်ျအိုင်ဗွီကူညီ​စောင့်​ရှောက်​ရေး​ ​ဂေဟာကို သွား​မယ်လို့​သတင်း​တွေထွက်​နေ​ပေမယ့်​ မ​သေချာ​သေး​ဘူး​လို့​မဖြူဖြူသင်း​က ​ပြောပါတယ်။
အလား​တူ ​နေပြည်​တော်မှာလည်း​ အစိုး​ရက ကမ္ဘာ့​အေအိုင်ဒီအက်စ်​နေ့​ အခမ်း​အနား​ကို ကျင်း​ပဖို့​ရှိ​နေပြီး​ ရန်ကုန်မြို့​ ယုဒသန်ရိပ်သာမှာ​တော့​ ဒီဇင်ဘာ ၃ ရက်​နေ့​မှာ အိပ်ခ်ျအိုင်ဗွီပိုး​ကူး​စက်ခံ​နေရသူ​တွေနဲ့​ဖွဲ့​ထား​တဲ့​ မြန်မာ​ပေါ့​စတစ် အုပ်စုအပါအဝင် အိပ်ခ်ျအိုင်ဗွီ အ​ရေး​ဆောင်ရွက်​နေတဲ့​အဖွဲ့​ ၇ ဖွဲ့​ပေါင်း​ပြီး​ ရန်ပုံ​ငွေ​ဈေး​ရောင်း​ပွဲနဲ့​ ​ဖျော်​ဖြေပွဲ​တွေ ကျင်း​ပဖို့​ ရှိတယ်လို့​ သိရပါတယ်။ 

ဒီဗွီဘီ
ကမ္ဘာ့အေအိုင်ဒီအက်စ်​နေ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရုံး​များ​တွင် ကျင်း​ ကမ္ဘာ့အေအိုင်ဒီအက်စ်​နေ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ရုံး​များ​တွင် ကျင်း​ Reviewed by သစ်ထူးလွင် on 11:13 Rating: 5

No comments:

Powered by Blogger.