မြောက်ဥက္ကလာပ လူသတ်မှု အမှန် ပေါ်ပေါက်ရေး လွှတ်တော် ကိုယ်စားလှယ် အချို့ ဆောင်ရွက်ပေးမည်

ရန်ကုန်၊ နိုဝင်ဘာ
ရန်ကုန်မြို့ မြောက်ဥက္ကလာပ မြို့နယ် နွယ်သာကီ (၆) လမ်း လူသတ်မှုအား အမှုမှန် ပေါ်ပေါက်ရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ပံ့ပိုး ကူညီသွားမည် ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ပြောသည်။
နိုဝင်ဘာ ၁၉ ရက်နေ့က သေဆုံးသူ ကိုကျော်မင်း၏ မိသားစုဝင် များနှင့် သွားရောက် တွေ့ဆုံစဉ် ဦးကျော်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
”ဥပဒေမဲ့ ဖြစ်တာတွေက တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေတဲ့ အတွက်ကြောင့်မို့ တရားဥပဒေ စိုးမိုးရေးဟာ အရေးကြီးတယ်။ ဥပဒေ စိုးမိုးရေးအတွက် ဥပဒေနဲ့ အညီ ဆောင်ရွက်မှသာ တရား ဥပဒေ စိုးမိုးရေးဟာ ထိရောက်ဖို့ ရှိတယ်။ ဒါ့အပြင် ကျွန်တော်တို့က ဥပဒေစိုးမိုးရေး အထောက်အကူပြု ဖို့အတွက် အမှုမှန် ပေါ်ပေါက်ရေး နဲ့ ဥပဒေ နဲ့အညီ ဆောင်ရွက်ဖို့ ကျွန်တော်တို့ ဘက်က ကြိုးစားပေးတဲ့ သဘောပါ” ဟု ဦးကျော်က ပြောသည်။
နိုဝင်ဘာ ၁၇ ရက်နေ့ည ၈ နာရီကျော်ခန့်က အသက် ၃ဝ အရွယ် ကိုကျော်မင်းမှာ နွယ်သာကီ (၆) လမ်းရှိ 6th Star အရက်ဆိုင် တွင် အရက်သောက်နေစဉ် အမည် မသိ လူအုပ်စု တစ်စုက ဓါးရှည်များဖြင့် လာရောက် ခုတ်သတ်ခဲ့ရာ ယင်း ကို ပြည်သူ့ကိုယ်စားလှယ်ပြု လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ကူညီလုပ်ဆောင်ပေးရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။
”ကျွန်တော်တို့ နစ်နာသူဘက်က လုပ်ချင်တဲ့ အပေါ် မူတည်ပြီး ဝန်ကြီးချုပ်ထံ တင်ပြသွားပါ မယ်” ဟု ၄င်းက ဆက်လက်ပြော သည်။
ယခုအခါ ယင်းလူသတ်မှုအား ပ/၅၂၂ (၂ဝ၁၁)၊ အမှုအမှတ် ၃ဝ၂/၁၁၄ ဖြင့် တရားခံဟု ယူဆရသော ကိုသက်ဦး မိသားစုဝင် အားလုံး နှင့် မျိုးကြီး ဆိုသူအား စစ် ဆေး လျက်ရှိကြောင်း သိရသည်။
”အခု လောလောဆယ် သက်ဦးနဲ့ ပတ်သက်တဲ့ မိသားစု အားလုံး စစ်ဆေးနေပါတယ်” ဟု နွယ်သာကီ ရဲစခန်းမှ ဒုရဲအုပ် ထွန်းတင်ဦးက နိုဝင်ဘာ ၂၂ ရက် နေ့တွင် ပေါ်ပြူလာ နယူးစ်၏ ဆက်သွယ် မေးမြန်းချက်ကို ပြန်လည် ပြောကြားသည်။
မိုးမြင့်မြတ်
မြောက်ဥက္ကလာပ လူသတ်မှု အမှန် ပေါ်ပေါက်ရေး လွှတ်တော် ကိုယ်စားလှယ် အချို့ ဆောင်ရွက်ပေးမည် မြောက်ဥက္ကလာပ လူသတ်မှု အမှန် ပေါ်ပေါက်ရေး လွှတ်တော် ကိုယ်စားလှယ် အချို့ ဆောင်ရွက်ပေးမည် Reviewed by သစ်ထူးလွင် on 18:17 Rating: 5

4 comments:

Anonymous said...

လွှတ်တော်ကိုယ်စားလှယ်ကြီးရေ စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင်လူသတ်မှုကြီးကိုလည်း တရားခံဖော်ထုတ်ဘို့ ကူညီပါဦး။
ရဲချုပ်ခင်ရီတောင် ၀န်ကြီးဖြစ်သွားပြီ။ခုထိ မပေါ်သေးဘူးအမှုက။

Anonymous said...

စိမ်းလဲ့ကန်သာ ၅လောင်းပြိုင်က သန်းရွှေလက်ထက်မှာ ဖြစ်ခဲ့တာ..ဆိုတော့ သမတ သိန်းစိန်နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။အဲဒီတုန်းက လွှတ်တော်ကိုယ်စားလှယ်တွေ မပေါ်သေးပါဘူး။သိန်းစိန်က ခင်ရီကို တရားခံဖော်ထုတ်ဖို့ တာဝန်ပေးရမှာပါ။

shein said...

ပေါ်အောင်ဖော်ထုတ်ပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးစေချင်တယ်။

ငြိမ်းချမ်းစေချင်သူ.... said...

သတ်တဲ့တရားခံတွေက ပညာမတတ် ၊မိုက်မိုက်ကန်းကန်းနဲ့ ပိုက်ဆံရှိတဲ့သူတွေဖြစ်တဲ့ အတွက်သူတို့နဲ့ရန်ငြိုးရှိတဲ့သူ ဘယ်သူကိုမဆို သတ်ဦးမှာပါပဲ..စိုးရိမ်မိပါတယ်..ဒီကိစ္စကိုမျက်ကွယ်ပြုလိုက်ရင်..ပိုဆိုးလာဦးမှာပါ....

Powered by Blogger.