ပြည်ထောင်စုဝန်ကြီး အချို့ နေရာ ထပ်မံပြောင်းလဲ

ဓါတ်ပုံ (Google Images)
ရန်ကုန်၊ နိုဝင်ဘာ ၂၄
၈လသက်တမ်းရှိ အစိုးရသစ် လက်ထက် ပြည်ထောင်စု ဝန်ကြီးများအား ဌာနပြောင်းရွှေ့ မှုတစ်ခု ဒုတိယအကြိမ် ထပ်မံ ပြုလုပ်ခဲ့ကြောင်း ဗဟိုအစိုးရအ ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။  ”လက်ရှိ သမဝါယမပြည် ထောင်စုဝန်ကြီးကို မွေး/ရေဝန်ကြီး ဌာနပူးတွဲ တာဝန်ယူရမယ်လို့ သိထားပါတယ်”ဟု ဝန်ကြီးဌာနများ နှင့် နီးစပ်သည့် အမည်မဖော်လိုသူ တစ်ဦးက အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ဆိုသည်။  ထို မွေး/ရေဝန်ကြီးဌာနကို ယခင်က စီမံ/စီးပွားပြည်ထောင်စု ဝန် ကြီးဦးတင်နိုင်သိန်းမှ ပူးတွဲတာဝန်ယူ ခဲ့ဖူးပြီး ယခုပြောင်းလဲချက်ကြောင့် သမဝါယမ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ထံသို့ ဦးတင်နိုင်သိန်းမှ တာဝန်ယူလွှဲပြောင်း   ပေးရ  တော့မည်ဖြစ် ကြောင်း သိရသည်။  လက်ရှိ ဗဟိုအစိုးရအဖွဲ့သည် ဝန်ကြီးဌာန ၃၃ ခုကို ပြည်ထောင်စု ဝန်ကြီး ၂၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ယခင်က အမှတ်(၁) စက်မှုဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီးအပြောင်း အလဲကိုလည်း ပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။ ”အဲဒီတုန်းက အမှတ်(၁)စက် မှုဝန်ကြီးက ဦးကျော်စွာခိုင်ပဲ။ သူ့ နေရာကို အရင်ကာကွယ်ရေးဦးစီး ချုပ်(ရေ) ဗိုလ်ချုပ်ကြီးဟောင်း ဦး စိုးသိန်းကို တာဝန်ယူခိုင်းတယ်။ ကြည့်ရတာတော့ ဒီအစိုးရအဖွဲ့က သူ့လိုင်းနဲ့သူ ကျွမ်းကျင်တာ ကို တာဝန်ယူ  စေတဲ့သဘောလုပ် ဆောင်နေတာ ဖြစ်မယ်”ဟု ဝန်ကြီး ဌာနများနှင့် နီးစပ်သူက ထပ်မံဆိုသည်။ မွေး/ရေဝန်ကြီးဌာနအား တာဝန်ယူခဲ့သည့်   ပြည်ထောင် စုဝန်ကြီး ဦးတင်နိုင်သိန်းမှာ စီမံ/စီးပွားဝန်ကြီး  ဌာနတစ်ခုထဲကိုသာ တာဝန်ယူရ မည်ဖြစ်ပြီး ၄င်းမှာ ပြည်ထောင်စု ဝန်ကြီးအသိုင်းအဝိုင်း၌ ပြုပြင်ပြောင်း လဲမှုကိုလိုလား သူ၊ စီးပွားရေးအမြင် ရှိသူတစ်ဦးဟု နာမည်ထွက်သူတစ် ဦးဖြစ်ကြောင်း သိရသည်။
PN-051
ပြည်ထောင်စုဝန်ကြီး အချို့ နေရာ ထပ်မံပြောင်းလဲ ပြည်ထောင်စုဝန်ကြီး အချို့ နေရာ ထပ်မံပြောင်းလဲ Reviewed by သစ်ထူးလွင် on 18:35 Rating: 5

No comments:

Powered by Blogger.