မီဒီယာများ နဲ့ ဇေကမ္ဘာ ဦးခင်ရွှေ တိုက်ပွဲပြင်းထန်လာ
ကန့်ကွက်လိုသူများ ဆက်သွယ်ရန်
ဦးခင်ရွှေရဲ့ မီဒီယာ အပေါ်ပြောစကားနှင့်ပတ်သက်၍ MJN (မန္တလေး) မှ ကန့်ကွက် ရှုံ့ချကြောင်းသဘောထားတစ်ရပ်ထုတ်ပြန်သွားမည်ဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ MJN ( မန္တလေး) အဖွဲ့ဝင်များဧ။် သဘောထားဆန္ဒအားတောင်းခံလိုပါသဖြင့် ဤဖုန်းနံပါတ်အား အမြန်ဆက်သွယ်ကြပါရန်နိုးဆော်လိုက်ပါသည်။
ဥာဏ်လင်းအောင်
ပြန်ကြားရေးတာဝန်ခံ MJN (မန္တလေး)
0973205839
ဥာဏ်လင်းအောင် Facebook စာမျက်နှာမှ
ကန့်ကွက်ရတဲ့ အကြောင်းအရင်း
ဦးခင်ရွှေ (ဓါတ်ပုံ-The Voice)
ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများတွင် အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်သည့် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ (MTB) ၏ ဥက္ကဌဖြစ်သူ စီးပွားရေး လုပ်ငန်းရှင် ဇေကမ္ဘာ  ဦးခင်ရွှေက ၄င်း စီစဉ် ကျင်းပသော ASEAN – Japan Business Meeting သတင်း အပါအဝင် ဝန်ကြီးများရုံးအား ထိန်းသိမ်း သင့်သည် ဟူသော သတင်းများနှင့် ပတ်သက်ပြီး ပြည်တွင်း မီဒီယာများတွင် ဖော်ပြထားချက်များကို ပြင်းထန်စွာ ဝေဖန်ပြောကြား လိုက်သည်။ရန်ကုန်မြို့တော် ယုဇနဂါးဒင်း ဟိုတယ်တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့က ကျင်းပခဲ့သော (၂၈) ကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ ခရီးသွားလုပ်ငန်း အစည်းအဝေး၊ ခရီးသွား လုပ်ငန်းပြပွဲ၊ ဓာတ်ပုံပြပွဲများ၊ ပုဂံတွင် ကျင်းပမည့် အကြောင်း သတင်း ထုတ်ပြန်ခြင်း အခမ်းအနားတွင် ၄င်းက အထက်ပါအတိုင်း ဝေဖန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။" ထိုက်ထိုက်တန်တန် လူကြီးမင်းလို့ ခေါ်၊ ကောင်းကောင်းမွန်မွန် ကျွေး၊ ဆီဒိုးနားမှာ ခေါ်တယ်၊ ကျွေးတယ်၊ စာအုပ်တွေ ပေးတယ်၊ နေ့လယ်စာတွေ ကျွေးတယ်။ ဘယ်ဂျာနယ်မှာမှ အာဆီယံ - ဂျပန် အကြောင်းကို မရေးခဲ့ဘူး။ အာဆီယံ နိုင်ငံတွေက လူတစ်ရာကျော် လာတဲ့ဟာကို မရေးကြဘဲနဲ့ မဟုတ်က ဟုတ်ကတွေ ရေးတယ် ဆိုကတည်းက တော်တော်လေး ကို စိတ်ဓာတ်ကျစရာ ကောင်းပါတယ်။ ကောင်းတာ မမြင်တဲ့ သဘောမျိုး ဖြစ်နေတယ်။ နိုင်ငံတော်က သွားနေတဲ့ ကောင်းတဲ့ လမ်းကြောင်းကို တစ်ဖက်သတ် မကောင်း၊ အသိအမှတ် မပြုသလို ဖြစ်နေတယ် " ဟုလည်း ၄င်းက ဆက်လက် ပြောကြား သည်။" မီဒီယာတွေနဲ့ တွေ့ဖို့ကို တော်တော် စိတ်ပျက်တယ်။ ပြည်ပ မီဒီယာတွေက မကောင်းမြင်ဖို့ လုပ်တာက သူ့အလုပ် သူ လုပ်တာ။ ပြည်တွင်း မီဒီယာတွေကလည်း မကောင်းမြင်မှ ဂျာနယ် ရောင်းရတယ် ဆိုတဲ့ အိုင်ဒီယာ ရှိနေရင်တော့ အတွေးတွေ မှားနေပြီ၊ လွဲနေပြီ " ဟုလည်း ၄င်းက ဆိုသည်။
 ရိုက်တာ သတင်းဌာနမှ ဦးအောင်လှထွန်းက " ကျွန်တော်တို့ သတင်းသမားတွေက ဖြစ်ရင် ဖြစ်တဲ့အတိုင်း ရေးမှာပဲ။ ပြောရင် ပြောတဲ့အတိုင်း ရေးမှာပဲ။ စားဖို့သောက်ဖို့ အတွက်တော့ ဘယ်သူမှ မလာဘူး။ သတင်းယူဖို့ပဲ လာတယ်။ သတင်းသမား ကတော့ မေးမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်တောင် ပါတီ မှတ်ပုံတင်ဖို့ကို မမေးပါနဲ့ ဆိုတာတောင် မေးတာပဲ။ ဒါကတော့ သတင်းသမားပဲ။ နားလည် ပေးရမှာပေါ့ " ဟု ယင်းအခမ်းအနားတွင် ပြန်လည် တုံ့ပြန် ဆွေးနွေးခဲ့သည်။
ပြည်ပ မီဒီယာကြီးများသည် ပြောဆိုသည့် အတိုင်း ရေးသားကြ သော်လည်း ပြည်တွင်း မီဒီယာများသည် အတွေ့အကြုံ နုသေးသည့် အတွက် ပြောသည့်အတိုင်း မရေးသောကြောင့် ကြောက်ရွံ့မိကြောင်း ရိုက်တာ သတင်းဌာနမှ ဦးအောင်လှထွန်း ပြောကြားချက် အပေါ် ဦးခင်ရွှေက ယင်းအခမ်းအနားတွင်ပင် ပြန်လည် ရှင်းလင်း ပြောကြားသည်။ဦးခင်ရွှေ ထူထောင်ထားသည့် ဇေကမ္မဘာ ကုမ္ပဏီသည် ဆောက်လုပ်ရေး လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းနှင့် အခြားလုပ်ငန်းများ လုပ်ကိုင်နေသော ကုမ္ပဏီ ဖြစ်သည်။ 
The Voice Weekly
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေက သတင်းသမားများသည် ပေးတာယူ၊ ကျွေးတာစားပြီး ပြောသည့်အတိုင်း မရေးကြသူများဖြစ်သည်ဟု မကြာသေးမီက မှတ်ချက်ချခဲ့သဖြင့်  ပြည်တွင်းမှ စာနယ်ဇင်းသမားများ စုပေါင်းလက်မှတ်ထိုး ကန့်ကွက်ပြီး ဗုဒ္ဓဟူးနေ့တွင် သမ္မတ ဦးသိန်းစိန်ထံ တိုင်ကြားသွားမည်ဟု သိရသည်။
၂၀၁၁ နိုဝင်ဘာ ၃ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် အစည်းအဝေး တခုတွင် တွေ့ရသော ဦးခင်ရွှေ (ဓာတ်ပုံ - Reuters)
နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ ယုဇနဂါးဒင်းဟိုတယ်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဦးခင်ရွှေက ထိုသို့ ပြောဆိုခြင်းဖြစ်သည်ဟု ဆိုသည်။
“ကျွေးတာ စားဖို့၊ ပေးတာယူဖို့ လာတာ မဟုတ်ဘူး၊  သတင်းယူဖို့ လာတာ။ သတင်း သမားဆိုတာ မေးခွန်းမေးမယ်၊ ဖြေတာ မဖြေတာက ခင်ဗျားကိစ္စ လို့ ချက်ချင်း ပြန်ပြောတော့ ခင်ဗျားတို့ နိုင်ငံခြားသတင်းထောက်တွေ ပြောတာ မဟုတ်ဘူး၊ ပြည်တွင်းဂျာနယ်က သတင်းထောက်တွေကို ပြောတာပါလို့ ပြန်ဖြေတယ်” ဟု Reuters သတင်းဌာနမှ ဦးအောင်လှထွန်းက  ထိုသတင်းစာ ရှင်းလင်းပွဲ အဖြစ်အပျက်ကို ပြန်ပြောပြသည်။
လူငယ်သတင်းထောက်များ၊ သတင်းစာဆရာကြီးများဖြင့် ဖွဲ့စည်းထားသော မြန်မာ သတင်းထောက်များကွန်ရက်က ဦးဆောင်ပြီး ရန်ကုန်မြို့လယ်ရှိ လေထန်ကုန်း၊ ဧရာဗိုလ် လက်ဘက်ရည်ဆိုင်တို့တွင် ယနေ့နံက် ၁၀ နာရီမှ ညနေ ၆ နာရီအတွင်း လက်မှတ်ရေးထိုးကြမည်ဟု ကွန်ရက်အဖွဲ့ဝင်တချို့က ဧရာဝတီကို ပြောသည်။
“ကွန်ရက်အဖွဲ့ဝင် သတင်းထောက် ၁၃၀ အပြင် တခြားသတင်းထောက်တွေ အားလုံး လက်မှတ်ထိုးနိုင်အောင် စီစဉ်ထား ပါတယ်၊ မနေ့ဖြန် သမ္မတနဲ့ လွှတ်တော်က ရေးရာ ကော်မတီ တချို့ကို စာပို့မယ်၊ ပြီးရင် ဦးခင်ရွှေ ပြောတာကို ကန့်ကွက် ရှုတ်ချကြောင်း ကြေညာချက် ထုတ်မယ်” ဟု သတင်းထောက်တဦးက ရှင်းပြသည်။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသည့်နေရာဖြစ်သော ၀န်ကြီးများရုံးအား ဟိုတယ်အဖြစ် ပြောင်းလဲ လုပ်ကိုင်လိုသူ ရှိပါက ငှားရမ်းပေးမည်ဟု မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးခင်ရွှေက  ပြည်တွင်း၊ ပြည်ပမီဒီယာများကို ပြောဆိုခဲ့သည်။
သို့သော်လည်း ဦးခင်ရွှေ၏ ကမ်းလှမ်းချက်အား ကန့်ကွက်ပြောဆိုမှုများ မီဒီယာတွင် ဖော်ပြခဲ့ကြပြီးနောက်တွင် သမိုင်းဝင် အဆောက်အအုံအား ဟိုတယ်အဖြစ် ပြောင်းလဲမည့် အစီအစဉ် ပျက်သွားခဲ့သည်။
ထိုအစီအစဉ် ပျက်သွားခြင်းကို ဦးခင်ရွှေက ကျေနပ်မှုမရှိကြောင်း၊ ထို့ကြောင့် မီဒီယာများသည် အဆိုးမြင် ၀ါဒ ဖြင့်ရေးသားနေကြသည်ဟု မှတ်ချက်ခဲ့ခြင်း ဖြစ်ကြောင်း နိုဝင်ဘာလ ၁၅ သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သူ လူငယ်သတင်းထောက် တချို့က ပြောသည်။
ကွန်ရက်အဖွဲ့ကို ပြီးခဲ့သည့် စက်တင်ဘာလက ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်တို့မှ သတင်းသမားများ ပါဝင်သည်။ ကွန်ရက်အဖွဲ့၏ လတ်တလော အစီအစဉ်ကို သတင်းစာဆရာ မောင်ဝံသက ကြိုဆို လိုက်သည်။
“ဦးခင်ရွှေရဲ့ ပြောဆိုမှုဟာ မီဒီယာတွေ အဆင့်အတန်း မရှိဘူးလို့ ပြောတာနဲ့ အတူတူပဲ၊ သတင်းစာ လုပ်လာတာ နှစ် ၅၀ ရှိပြီ၊ ဒီလိုပြောတာမျိုး လုံးဝ သည်းမခံနိုင်ဘူး၊ အဲဒီတော့ ဒီလိုပြောတာတွေ ရပ်တန့်ဖို့၊ နောက်ထပ် မလုပ်ဖို့ ဆိုတာတွေကို ကျနော်တို့က ချေပဖို့၊ ရှင်းလင်းဖို့ လိုအပ်တယ်၊ ဒါကြောင့် သတင်းထောက်ကွန်ရက်က လုပ်တာကို ထောက်ခံတယ်” ဟု ဆရာ မောင်ဝံသက ဆိုသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဧရာဝတီမှ  ဦးခင်ရွှေအား မေးမြန်းရာ “ပုတ်ခတ်တာ မဟုတ်ပါဘူး၊ မိဘက သားသမီးကို ပြောတဲ့၊ ဆုံးမတဲ့ သဘောမျိုး ပြောပြတာပါ၊ ကိုယ့်ရဲ့ ရရှိထားတဲ့ စတုတ္ထမဏ္ဍိုင်ကို မဆုံးရှုံးရအောင်  ကောင်းတာတွေလည်း ရေးကြ ဦးပေါ့၊ အဆိုးတွေချည်းပဲ ရေးမှ မီဒီယာမဟုတ်ပါဘူးလို့ ပြောတာပါ” ဟု ဆိုသည်။
နိုင်ငံတော်အစိုးရ သွားနေသော လမ်းကြောင်းသည် ကောင်းမွန်နေကြောင်း၊ သမ္မတကလည်း စတုတ္ထမဏ္ဍိုင်ကို အလေးထား ပြောဆိုနေကြောင်း၊ ထို့ကြောင့် ကောင်းသည့်အရာများကို အဓိက ရေးသားရန် လိုအပ်ပြီး အဆိုးများရေးနေပါက  လမ်းကြောင်း ပြောင်းသွားမည်ကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ ပြောဆိုရခြင်းဖြစ်ကြောင်း ဦးခင်ရွှေက ရှင်းပြသည်။
သတင်းစာဆရာ မောင်ဝံသက “အဲဒီလို ပြန်ချေပတာက ပိုပြီး ခံပြင်းတယ်၊ ထပ်ပြီး စော်ကားလိုက်သလိုပဲ၊ အလကားနေရင်း ဘာကြောင့် ကျနော်တို့က သူ့ သားသမီးတွေ ဖြစ်သွားရတာလဲ၊ သူ့ကို မိဘလို့လည်း မသတ်မှတ်နိုင်ဘူး၊ လုပ်ငန်းရှင် တယောက် လို့ပဲ နားလည်တယ်၊ မြင်တယ်” ဟု ဆိုသည်။
မောင်ဝံသက “စတုတ္ထမဏ္ဍိုင်အား မထိပါးပါနဲ့” ဟူသော ဆောင်းပါးတပုဒ်အား ယနေ့ ထုတ်ဝေသည့်  ပြည်သူ့ခေတ်ဂျယ်နယ်၌ ရေးသား ဖော်ပြထားသည်ဟု သိရသည်။
ထိုဆောင်းပါးသည် ဦးခင်ရွှေ တဦးတယောက်တည်းကို ရည်ရွယ်ခြင်းမဟုတ်ဘဲ အားလုံးကို ရည်ရွယ်ရေးသားထားကြောင်း၊ စတုတ္ထမဏ္ဍိုင်သည် ပြည်သူ အားလုံး အတွက် လုပ်ကိုင်နေခြင်းကြောင့် မထိပါးစေရေး အတွက် ရေးသားရခြင်း ဖြစ်ကြောင်း  ပြည်သူ့ခေတ်ဂျယ်နယ် အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသက ပြောသည်။
သတင်းထောက်များ သမ္မတထံ တိုင်ကြားရန် စီစဉ်နေခြင်းနှင့် ပတ်သက်၍ ဦးခင်ရွှေ “ဒါကတော့ သူတို့ အလုပ်ပေါ့၊ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်တွင်းမီဒီယာတွေက နုသေးတာကော၊ အတွေ့အကြုံက နည်းသေးတယ်” ဟု ဆိုသည်။
ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနှင့် ခမည်းခမက် တော်စပ်သည်။
ဧရာဝတီ
မီဒီယာများ နဲ့ ဇေကမ္ဘာ ဦးခင်ရွှေ တိုက်ပွဲပြင်းထန်လာ မီဒီယာများ နဲ့ ဇေကမ္ဘာ ဦးခင်ရွှေ တိုက်ပွဲပြင်းထန်လာ Reviewed by သစ်ထူးလွင် on 17:59 Rating: 5
10 comments:
philosophermgmyathar said...
ဒီခင်ေ၇ွှက စာမတတ်၊ပေမတတ်နဲ့ စည်းလုလွတ်၊၀ါးလွတ်ပြောတာကို
ပြည်တွင်း၊ ပြည်ပက သတင်းထောက်များ၊ ဂျာနယ်သမားများအ
ပါအ၀င် ပြင်းပြင်းထန်ထန် ၀ိုင်းဝန်းရှုံ့ ပြစ်တင်သင့်ပါတယ်.မိဘ
ကသားသမီးပြောသလိုပြောတယ်ဆိုတဲ့စကားလုံးကလည်း တမင်
အထက်စီးကနေ အသားယူပြီးပြောခြင်းဖြစ်ပြီး ၊ ပြည်တွင်းသတင်း
ထောက်နှင့် ဂျာနယ်သမားများအား နှိမ့်ချချင်သောစိတ်နဲ့ပြောခြင်း
ဖြစ်သောကြောင့် အပြတ်အသတ်ပြစ်တင်ရှုံ့ချသင့်ကြောင်း တင်
ပြအပ်ပါတယ်၊ ပြည်တွင်းလူငယ်သတင်းထောက်များ၊ဂျာနယ်
သမားများအားလည်း အထင်သေးအမြင်သေးသဘောထားနှင့်
အတွေ့အကြုံ နုသေးတယ်လို့အပြုသဘောလိုလိုနှင့်စော်ကား
ခြင်းဖြစ်ကြောင်းဖြစ်သောကြောင့် ၀ိုင်းဝန်းရှုံ့ချကြပါ၇န်တင်ပြပါ
သည်။
Anonymous said...
အားပေးပါတယ်.. အဲလူကြီး ဇတ်သိမ်းသင့်ပြီ.တရားဝင်ရှုံ့ချပေးပါ.
Anonymous said...
ဘုရားပါးစပ်က တရားစကားပြောပါတယ်။ အရက်သမားက အရက်အကြောင်းပဲ အကောင်းပြောပါတယ်။ ကြားဘူးကြမှာပါ...
GREAT people talk about IDEAS
AVERAGE people talk about THINGS
SMALL people talk about OTHER PEOPLE
ကိုယ်အဆင့်နဲ့ ကိုယ်ပြောကြတာပါ။ သမိုင်းဝင် နေရာတခုကို ဟိုတယ်အဖြစ်ပြောင်းရအောင်တော့ မဖြစ်သင့်ပါဘူး။ မြေနေရာတွေလည်း ဒို့တိုင်းပြည်မှာ အများကြီးရှိပါတယ်။ အတွေးအခေါ်မြင့်မား၊ ပညာတတ်၊ တိုင်းပြည်ကိုချစ်ပြီး ရဲရင့်သူများ လွှတ်တော်မှာများများပေါ်ပေါက်လာပါစေလို့ ဆုတောင်းနေပါတယ်။
Anonymous said...
လုံးဝကိုအားပေးပါတယ်..
Anonymous said...
အဲ့ဒီကောင်စောက်ရူးကြီးပါ။
အဲ့ဒီစောက်ရူးကြီးကို သတ်သင့်တယ်။
Anonymous said...
ဒီလိုလူတွေ လွှတ်တော်ထဲရောက် မှတော့
တိုင်းပြည် နာတာပေါ့။
Anonymous said...
ဒီလို ခရိုနီတွေကို လွှတ်တော်ထဲမှ ဖယ်ရှားသင့်တယ်။
Ko Albert said...
ခေတ်ပျက် သေဋ္ဌေး ကိုခင်ရွှေ သတင်းသမားတွေကို ဒူးထောက်တောင်းပန်လိုက်။ မောင်မင်း ကျွေးတာကိုစားပြီး မောင်မင်းအလိုကျ လိုက်ရေးမဲ့လူ နှစ်ယောက်ပဲရှိတယ်။ မြတ်ခိုင် နဲ့ (ဖွတ်)ဖားမင်းဆွေ။
Ko Myo said...
ဒေါ်စုလည်းလွှတ်တော်ထဲမှာကိုယ့်လောက်မှအတန်းပညာလည်းမရှိ၊ အတွေးအခေါ်လည်းမရှိ၊ ကိုယ့်အကျိုးစီးပွားတစ်ခုထဲအတွက်ကြည့်တဲ့လူတွေ နဲ့တော့လွှတ်တော်ထဲမှာတွေ့ကြဦးမယ်။ ပြည့်သူ့မျက်နှာတစ်ခုတည်းနဲ့ဒီလွှတ်တော်ထဲကိုဝင်ရတာ.. ပြီတော့လွှတ်တော်ထဲမှာဒီလိုကိုယ့်ကျိုးရှာအတ္တသမားတွေနဲ့စကားပြောရဦးမှာမတန်လိုက်တာ...
Ko Myo said...
ဒီမှာဘုရားဒကာကြီးရေ..ဒီအဆောက်အအုံတော့မလုပ်ပါနဲ့။ တောင်းပါပါတယ်။
ခင်ဗျားအိမ်မှာသာဟိုတယ်.တည်းခိုခန်းဖွင့်လိုက်ပါတော့။
မြန်မာပြည်မှာအဆောက်အဦး.နေရာတွေတော်တော်ရှားနေလားဗျာ
Powered by Blogger.