ပန်းချီဆရာကြီး ရာဟုလာ (အသက် ၆၇နှစ်) ဒီကနေ့ ကွယ်လွန်

ပန်းချီဆရာကြီး ရာဟုလာနှင့် သူ့ ပန်းချီကား (ဓာတ်ပုံ - ဧရာဝတီ)

ပန်းချီဆရာကြီး ရာဟုလာ (အသက် ၆၇နှစ်) ဒီကနေ့ 31-7-2011 မွန်းလွဲ 12:15 အချိန်တွင် မင်းကွန်းမှာရှိတဲ့ သူ့ဧ။် နေအိမ်တွင် ကွယ်လွန်သွားပါသည်

(((((မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့် သတင်းကြားချိန်တွင် မခံစားနိုင်တော့သဖြင့် ပန်းချီကားတချပ် ရေးဖြစ်ခဲ့သည်ဟု ပြောပြပြီး ပြခန်းထဲရှိ သူ့ပန်းချီကားကို ဇနီးအား ယူခိုင်း၍ ပြသည်။

ပန်းချီကားက အကျဉ်းထောင်ထဲတွင် ခြေချင်းခတ် အကျဉ်းသား နှစ်ဦးနှင့် တခြားအကျဉ်းသားများတို့ ကြမ်းပြင်ပေါ်တွင် လဲနေသော ပုံဖြစ်သည်။ အနီရောင်၊ အပြာရင့်၊ အပြာနု၊ မရမ်းစေ့ရောင်တို့ကို ရောစပ် ရေးချယ်ထားသောကြောင့် ပန်းချီကားက အားကောင်းစွာ ဖမ်းစားသည်။

“လွတ်ငြိမ်းချမ်းသာခွင့် သတင်းကြားရတော့ အကျဉ်းသားတွေအတွက် စိတ်မကောင်းဖြစ်လွန်းလို့ မခံစားနိုင်တော့ဘူး။ ထောင်ထဲက နိုင်ငံရေး အကျဉ်းသားတွေကို မြင်လာပြီး ကားရေးပါတယ်” ဟု ပန်းချီဆရာကြီးက ခဲရာခဲဆစ် အသက်ရှုလိုက်၊ နားလိုက် တလုံးချင်း ပြောပြသည်။

စကားပြောလိုက်တိုင်း လည်ပင်းတွင် ဖောက်ထားသော အပေါက်မှ လေတရှဲရှဲ ထွက်နေသော်လည်း ပန်းချီဆရာကြီးမှာ အားယူပြီး စိတ်ပါလက်ပါနှင့် နိုင်ငံရေးကြောင့် သူထောင်ကျခဲ့ရသော ၇ နှစ်တာ ကာလအကြောင်းကို ပြောပြသည်)))) ပန်းချီဆရာကြီး ရာဟုလာ သို့မဟုတ် ဝေဒနာများနဲ့ ပန်းချီဆရာ
ဧရာဝတီ သတင်း ဌာန ကြည်ဝေ Saturday, 02 July 201 ဆောင်းပါး မှ ကောက်နုတ်ဖော်ပြသည် http://www.irrawaddy.org/b​ur/index.php/articles/2-ar​ticles/6752-2011-07-02-05-​19-42
ပန်းချီဆရာကြီး ရာဟုလာ (အသက် ၆၇နှစ်) ဒီကနေ့ ကွယ်လွန် ပန်းချီဆရာကြီး ရာဟုလာ (အသက် ၆၇နှစ်) ဒီကနေ့  ကွယ်လွန် Reviewed by သစ်ထူးလွင် on 09:10 Rating: 5
Powered by Blogger.