မြန်မာ - အိုမန် ဘောလုံးပွဲတွင် အကြမ်းဖက်ခဲ့သော ပရိသတ်များ စတင်အရေးယူ

IMG_0034ပွဲချိန် မိနစ် ၄၀ ခန့်သာ ကစားခဲ့ရပြီး ပရိသတ်များကို ထိန်းသိမ်း၍ မရတော့သဖြင့် ပြိုင်ပွဲရပ်ဆိုင်းခဲ့ရသော ကမ္ဘာ့ဖလား ခြေစစ်ပွဲ၊ အာရှဇုန် ဒုတိယအဆင့် မြန်မာအသင်းနှင့် အိုမန်အသင်းတို့၏ ဒုတိယအကျော့ပွဲစဉ်တွင် အကြမ်းဖက်ခဲ့သော သူများကို ဓာတ်ပုံ အထောက်အထားများဖြင့် အရေးယူမှုများ စတင်ပြုလုပ် နေကြောင်း မျက်မြင်တွေ့ကြုံ နေရသူများက ပြောကြားသည်။သုဝဏ္ဏ လူငယ်အားကစားကွင်းတွင် ဇူလိုင်လ ၂၈ ရက်နေ့က ကျင်းပခဲ့သော အဆိုပါ ဘောလုံးပွဲစဉ်တွင် အကြမ်းဖက်မှုများ ပြုလုပ်ခဲ့သော ပရိသတ်အခိျု့၏ နေအိမ်သို့ အရပ်ဝတ်လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရပ်ကွက်လူကြီးများ ဧည့်စာရင်းစစ်ရန် အသွင်ဖြင့် ရောက်ရှိလာခဲ့ပြီး ခေါ်ဆောင်သွားခဲ့ကြောင်း အတူနေ မိသားစုဝင်များက ပြောကြားသည်။"ဧည့်စာရင်း စစ်မယ် ဆိုပြီး ရောက်လာတာပါ။ ဒီအိမ်မှာ ယောကျာ်း ဘယ်နှစ်ယောက်ရှိလဲလို့ မေးတယ်။ လူတွေကို တွေ့ချင်တယ်လို့ ပြောပြီး ညီလေး ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားတယ်။ အခုထိတော့ စုံစမ်းလို့ မရသေးဘူး" ဟု သာကေတမြို့နယ် ၇ ရပ်ကွက်တွင် နေထိုင်သူ အသက် ၃၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးက ပြောကြားသည်။ဘောလုံးပွဲစဉ်တွင် အကြမ်းဖက်မှု ပြုလုပ်ခဲ့သော ပရိသတ်များအား အရေးယူမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သို့ ဆက်သွယ် မေးမြန်းခဲ့ရာ ဖြေရှင်း ဆောင်ရွက်သွားရန် အစည်းအဝေး ပြုလုပ်နေကြောင်း တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ဇူလိုင်လ ၂၉ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ပြောကြားသည်။"ကျွန်တော်တို့ ဒီလိုကိစ္စနဲ့ ပတ်သက်ပြီး FIFA က ဘယ်လို အရေးယူမယ်ဆိုတာ မသိသေးဘူး။ အကြမ်းအားဖြင့် FIFA က ကျင်းပတဲ့ ပွဲနဲ့ပတ်သက်ပြီး အဲဒီကွင်းထဲ ပစ္စည်းတစ်ခုကျရင် ဒေါ်လာ ၅၀၀၀ လောက် ဒဏ်ငွေပေးရတယ်။ အခု ဘယ်လိုလာမလဲ မသိဘူး" ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးက ဇူလိုင်လ မွန်းလွဲ ၁ နာရီခန့်က ပြောကြားသည်။ယင်းနေ့ပွဲစဉ်က ပွဲချိန် ၃၈ မိနစ်ခန့်၌ ပရိသတ် ၃၀၀၀၀ ကျော်ထဲမှ ၃၀၀၊ ၄၀၀ ခန့်က ခုံများ ရိုက်ချိုးခြင်း၊ သံတိုင်များ ချိုးခြင်း၊ ရေသန့်ဘူးများ ဖိနပ်များဖြင့် ကွင်းထဲသို့ ပစ်ပေါက်ခဲ့ကြောင်း၊ နောက်ပိုင်း FIFA ပွဲစဉ်များ၌ ဝင်ကြေး ပေးကြည့်ရှုရမည် ဖြစ်ကြောင်း၊ ယင်းကိစ္စကြောင့် လူမျိုးနှင့် နိုင်ငံသိက္ခာကျဆင်းခဲ့ရကြောင်း  ယင်းနေ့ဖြစ်စဉ်ကို ပြောကြားသည်။အဆိုပါ ဘောလုံးပွဲ အကြမ်းဖက်မှု ဖြစ်ပွားစေခဲ့သော အဓိက အကြောင်းအရာများတွင် ဆယ်စုနှစ်ပေါင်းများစွာ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ အနိုင်ရလဒ်ကို မျှော်လင့်ခဲ့သော ပရိသတ်အခိျု့၏ စိတ်မထိန်းနိုင်မှုများနှင့် ကြိုတင်စီမံထားရမည့် လုံခြုံရေးအစီအစဉ်များ လျော့ပေါ့ အားနည်းမှုများကြောင့် ဖြစ်ကြောင်း အဆိုပါဘောလုံးပွဲစဉ်အား သွားရောက် ကြည့်ရှုခဲ့သူ မြောက်ဒဂုံ ဒေသခံ ဘောလုံးဝါသနာရှင် တစ်ဦးက ပြောကြားသည်။"ဘောလုံးကွင်းထဲမှာ အရက်ပုလင်းတွေ မရောက်သင့်ဘဲ ရောက်လာသလို ဂိတ်တံခါးပွင့်သွားတဲ့အထိ များပြားလာတဲ့ ပရိသတ်တွေကိုလည်း လုံခြုံရေးတွေက မထိန်းနိုင်ခဲ့ပါဘူး" ဟု  ဆက်လက်ပြောကြားသည်။IMG_9966မထင်မှတ်ဘဲ ပွဲပျက်ခဲ့ရသည့်
မြန်မာ - အိုမန် ဘောလုံးပွဲတွင် အကြမ်းဖက်ခဲ့သော ပရိသတ်များ စတင်အရေးယူ မြန်မာ - အိုမန် ဘောလုံးပွဲတွင် အကြမ်းဖက်ခဲ့သော ပရိသတ်များ စတင်အရေးယူ Reviewed by သစ်ထူးလွင် on 08:14 Rating: 5
Powered by Blogger.