(ချောင်းဦး PDF ရဲဘော်များကို တွေ့ရစဥ်) |
ချောင်းဦးမြို့မ ရဲစခန်းကို တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သားနှစ်ဦး သေဆုံးကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(CHU PDF)က ယနေ့ (ဖေဖော်ဝါရီ ၂၄)တွင် ထုတ်ပြန်သည်။
CHU PDF တပ်ခွဲ(၁)မှ ရဲဘော်များသည် ယမန်နေ့ (ဖေဖော်ဝါရီ ၂၃ ရက်)က ချောင်းဦးမြို့နယ်အတွင်း ဝင်ရောက်ကာ မြို့မရဲစခန်း၏ ကင်းစောင့်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦး သေဆုံးခဲ့ခြင်းဟု ဆိုသည်။
ရဲစခန်းအား သွားရောက်တိုက်ခိုက်ခဲ့သော ရဲ ဘော်များ အန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း အသိပေးသည်။
ယမန်နေ့က ချောင်းဦးမြို့နယ် စိုက်ခင်းကွင်းပြင်တစ်နေရာတွင် ကံကြီးကုန်းကျေးရွာမှ ပျူစောထီး များလာရောက်သည်ဆိုသော နေရာကို ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ခွဲ (၂)မှ တပ်စိတ်တစ်စိတ်မှ သွားရောက်တိုက် ခိုက်ခဲ့ရာ ကံကြီးကုန်းရွာတွင်တပ်စွဲနေသောအကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား ၂၀ ခန့်ရောက်လာပြီး နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုဖြစ်စဥ်တွင် CHU PDF ၏ တပ်ခွဲ (၂)တပ်ခွဲမှူးအပါအဝင် ရဲဘော်သုံးဦးကျဆုံးခဲ့ကာ AK-47သေနတ်တစ်လက်၊လက်လုပ်သေနတ်တစ်လက် နှင့် .22 mm သေနတ်အတို တစ်လက် နှင့် ကျည်အချို့ ဆုံးရှုံးခဲ့သည်။
တိုက်ပွဲတွင် ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ဒီမို(တပ်ခွဲမှူး-တပ်ခွဲ ၂)၊ ရဲဘော်ဇော်ဇော်အောင်( CDM ကျောင်းဆရာ)၊ ရဲဘော်ဟိန်းထက်တို့သည် ဒဏ်ရာများဖြင့်ဖမ်းဆီးခံရပြီး ပစ်သတ်ခံရ၍ နိုင်ငံတော်အတွက်အသက်ပေးလှုကာ ကျဆုံးခဲ့ရသည်။
အကြမ်းဖက်စစ်ကောင်စီဘက်မှလည်း သုံးဦးထိမှန်လဲကျပြီး သေဆုံးမှု ရှိ၊မရှိ ကိုမူ အတည်မပြုနိုင်သေးပေ။
အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲကြောင့် ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ်ပိုင်းကစ၍ ချောင်းဦးမြို့နယ်အတွင်းရှိ မုံရွာ - ချောင်းဦး - မြင်းမူ လမ်းပိုင်းချောင်းဦး - ပခုက္ကူလမ်းပိုင်း၊ မုံရွာ - အမြင့် - တောကျောင်းကြီးလမ်းပိုင်း၊ ခင်မွန် - ကျီကုန်း - ရွှေဒါးကျလမ်းပိုင်း နှင့်ချောင်းဦး - အမြင့်လမ်းပိုင်းများကို ယာယီပိတ်ထားမည်ဟု သတိပေး ကြေညာထားသည်။
People's Spring
No comments:
Post a Comment