မုံရွာ-ယာကြီး-ကလေးဝလမ်းရှိ ဆိုင်နှင့်နေအိမ်အချို့ကို စစ်​ကောင်စီတပ်က ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူ — ဆိုင် ၊ နေအိမ်နှင့်တဲ ၁၇လုံးကိုလည်း မီးရှို့ဖျက်ဆီးသွား


မုံရွာ-ယာကြီး-ကလေးဝလမ်း​ဘေး ဆယ်ရွာချောင်ဒေသ လာပို့ကျေးရွာရှိ ဆိုင်နှင့်နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့များက ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူသွားကြောင်း ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ၂ (KNDF-2)က ယနေ့(ဒီဇင်ဘာ ၁၄) ထုတ်ပြန်သည်။ 

လာပို့ကျေးရွာသို့ လက်နက်ကြီးများပစ်ခတ်ပြီး အင်အားအများအပြားဖြင့် ဒီဇင်ဘာ ၁၂တွင် ဝင်ရောက်စီးနင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

အဆိုပါ ဝင်ရောက်စီးနင်းမှုအတွင်း စစ်ကောင်စီတပ်များက လမ်းဘေးဝဲယာရှိ ဆိုင်နှင့်နေအိမ် ၁၀ လုံးအား ဖောက်ထွင်းကာ ပစ္စည်းများ ခိုးယူသယ်ဆောင်သွားခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

"ဆိုင်နှင့်နေအိမ် ၁၀ လုံး အပါအဝင် တဲ ၇ လုံး၊ ဆိုင်ကယ် ၅ စီး၊ စပါး တစ်ခင်း၊ ကောက်ဆံပုံ ၁၀ပုံ တို့ကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။ ဒါ့အပြင် နွားတစ်ကောင်အား သတ်ဖြတ်စားသောက်ခဲ့ပြီး မြင်းတစ်ကောင် ပစ်သတ်သွားခဲ့ပါတယ်"ဟု KNDF-2 က ဆိုသည်။ 

စစ်ကောင်စီတက်များ မုံရွာ - ယာကြီး - ကလေးဝလမ်းပိုင်းနှင့် ဆယ်ရွာချောင်ဒေသတကြော နယ်မြေစိုးမိုးမှုပြုလုပ်လာနိုင်ခြေရှိခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် အမြဲသတိပြုရန်‌၊ ရှောင်ရှားနေထိုင်ကြရန် လိုအပ်ကြောင်း KNDF-2 က တိုက်တွန်းသည်။ 

ထို့အပြင် KNDF-2 အပါအဝင် ဒေသကာကွယ်ရေးအဖွဲ့များအနေဖြင့်လည်း အများပြည်သူအား စွမ်းအားရှိသမျှ ကာကွယ်သွားမည်ဟု အသိပေးထားသည်။

People's Spring 



မုံရွာ-ယာကြီး-ကလေးဝလမ်းရှိ ဆိုင်နှင့်နေအိမ်အချို့ကို စစ်​ကောင်စီတပ်က ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူ — ဆိုင် ၊ နေအိမ်နှင့်တဲ ၁၇လုံးကိုလည်း မီးရှို့ဖျက်ဆီးသွား မုံရွာ-ယာကြီး-ကလေးဝလမ်းရှိ ဆိုင်နှင့်နေအိမ်အချို့ကို စစ်​ကောင်စီတပ်က ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူ — ဆိုင် ၊ နေအိမ်နှင့်တဲ ၁၇လုံးကိုလည်း မီးရှို့ဖျက်ဆီးသွား Reviewed by THITHTOOLWIN on 19:22 Rating: 5

No comments:

Powered by Blogger.