ခရီးသည်တင်ယာဥ် သစ်ပင်ဝင်တိုက်မိ၍ ခရီးသည် နှစ်ဦး​သေ၊ နှစ်ဦးဒဏ်ရာရ


လပွတ္တာ-မြောင်းမြ ကားလမ်းတွင်  ခရီးသည်တင်ယာဉ်တစ်စီး လမ်းဘေးသစ်ပင်အားအရှိန်ဖြင့် ဝင်တိုက်မိသဖြင့် ခရီးသည်နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့သည်။

ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက်အပါအဝင် စုစုပေါင်း ၃၅ဦးလိုက်ပါလာသည့် ခရီးသည်တင် ကားသည် ယနေ့(ဒီဇင်ဘာ ၈ရက်) ညနေ ၄နာရီခန့်တွင်  လပွတ္တာ-မြောင်းမြ ကားလမ်းတစ်နေရာတွင် တိုင်း​ရော့ပြုတ်ပြီး လမ်း​ဘေးသစ်ပင်ကိုအရှိန်ဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

"ခရီးသည်နှစ်ယောက်တောင် သေတယ်။ နှစ်ယောက် ဒဏ်ရာရတယ်။ လပွတ္တာဆေးရုံကို ပို့မယ်လို့ ကြားတယ်" ဟုမျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်းအတွင်း အသုံးပြုနေသော ခရီးသည်တင်ကားအများစုသည် ကြံ့ခိုင်ရေးမကောင်းဘဲ အချို့ကားများသည် အဝင်အထွက် တံခါးပေါက်များ ဖြုတ်ချထားသည်အထိ စုတ်ပြတ်နေသည်ကို​တွေ့ရ​ကြောင်း​ခရီးသွားအချို့က​ပြောသည်။

အကြမ်းဖက်စစ်ကောင်စီလက်ထက်တွင်ခရီးသည်များဆီမှ ကားလက်မှတ်ခများပိုတောင်းနေပြီး ယင်းလုပ်ရပ်အပေါ် ထိန်းသိမ်းမည့်သူမရှိဖြစ်နေသည်ဟု ခရီးသွားများက ပြောသည်။


People's Spring 

ခရီးသည်တင်ယာဥ် သစ်ပင်ဝင်တိုက်မိ၍ ခရီးသည် နှစ်ဦး​သေ၊ နှစ်ဦးဒဏ်ရာရ ခရီးသည်တင်ယာဥ် သစ်ပင်ဝင်တိုက်မိ၍ ခရီးသည် နှစ်ဦး​သေ၊ နှစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 21:00 Rating: 5

No comments:

Powered by Blogger.