မန္တ​လေး နန်းရှေ့ရဲစခန်း ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရ၊ ရဲနှစ်ဦးသေဟုဆို


မန္တလေးမြို့ နန်းရှေ့ရှိ အမှတ်(၁)ရဲစခန်းအား ဗုံးဖြင့်ပစ်ခတ်တိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ် Rangers Of Mandalay(ROM)က ယနေ့(ဒီဇင်ဘာ ၈)ညတွင် ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီလက် အောက်ခံ ရဲနှစ်ဦးသေဆုံးပြီး ၎င်းတို့ဘက်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“မတရားသေဆုံးသွားရသော ပြည်သူများအတွက် သွေးကြွေး”ဟု ROM က ဆိုသည်။

လက်ရှိအ​ခြေအ​နေတွင် နန်းရှေ့လမ်းအား စစ်ကောင်စီတပ်များက ပိတ်လိုက်ပြီဖြစ်ပြီး ပြည်သူများအနေဖြင့် ရှောင်ကွင်းသွားလာကြရန် ပြောက်ကျားတက်ဖွဲ့က သတိပေးထားသည်။

ထို့အ​​ပြင် ပြည်သူများအ​​ဖြင့် CCTV များ ဖြုတ်ပေးကြရန်နှင့် ဒေသခံ​​ပြောက်ကျားတပ်ဖွဲ့(ပကဖ)များ၏ ထုတ်ပြန်ချက်များကို လိုက်နာပေးကြရန် အထူးလိုအပ်​​ကြောင်းလည်း ROM က ထောက်ပြသည်။

အထက်ပါတိုက်ခိုက်မှုကို Rangers Of Mandalay နှင့် Mandalay Revolution Youth Force တို့ ပူးတွဲစစ်ဆင်ရေးပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တိုက်ခိုက်ခံခဲ့ရ​​သော မန္တလေးမြို့အမှတ်(၁) ရဲစခန်းမှာ ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်ကလည်း မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုက လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုင်ခံရဖူးသည်။

People's Spring 

မန္တ​လေး နန်းရှေ့ရဲစခန်း ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရ၊ ရဲနှစ်ဦးသေဟုဆို မန္တ​လေး နန်းရှေ့ရဲစခန်း ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရ၊ ရဲနှစ်ဦးသေဟုဆို Reviewed by THITHTOOLWIN on 06:45 Rating: 5

No comments:

Powered by Blogger.