ဂန့်ဂေါမှကျောဘက်သို့ ရှေ့ပြေးတက်လာသောခြေလျင်တပ်သား ၁၂ ဦးအား YDF မှသုတ်သင်ရှင်းလင်း


ဂန့်ဂေါ၊နိုဝင်ဘာ၁၀၊၂၀၂၁။

ဂန့်ဂေါမှကျောဘက်သို့ စစ်ကားအစီး ၃၂ စီးထွက်ခွာလာရာ ရှေ့ပြေးတက်လာသော ခြေလျင်တပ်သား ၁၂ ယောက်ကို နိုဝင်ဘာလ ၁၀ရက်နေ့ ၁၂ နာရီခွဲအချိန်တွင်YDFမှ သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း YDF နှင့်နီးစပ်သူတဦး ထံမှသိရသည်။

“၁၂ နာရီခွဲအချိန်လောက်မှာ ဂန့်ဂေါမှကျောဘက်သို့ စစ်ကား ၃၂ စီးရောက်လာပါတယ်၊ ခြေလျင်တက်လာတဲ့ခြေလျင်တပ်သား ၁၂ ဦးနဲ့ YDF တို့ အပြန်အလှန်ပစ်ခတ်ကျပါတယ်၊ ယော PDF အဖွဲ့က‌ခြေလျင်တပ်သား ၁၂ ဦးကိုပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။

နိုဝင်ဘာလ ၇ ရက်နေ့ကလည်း ကလေးမြို့မှဂန့်ဂေါဘက်သို့စစ်ကားအစီး ၃၀ ကျော် အင်အား ၁၀၀ ခန့် ဖြင့်တက်လာသည့်စစ်ကောာင်စီတပ်များကို ကန်ရွာတံတားအနီးတစ်နေရာနှင့် ကျောက်ဂူတောရတောင်ဘက် တစ်နေရာတို့တွင် YDF ကနှစ်နေရာမိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှတပ်သား ၁၀ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသိရည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ကူကားများရောက်လာသောအချိန်တွင် YDF တပ်ဖွဲ့ဝင်များထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ကြောင်း ‌‌ယော YDF ကလည်းထုတ်ပြန်ထားသည်။


မြေလတ်အသံ - Myaelatt Athan 

https://www.facebook.com/myaelattathan/

ဂန့်ဂေါမှကျောဘက်သို့ ရှေ့ပြေးတက်လာသောခြေလျင်တပ်သား ၁၂ ဦးအား YDF မှသုတ်သင်ရှင်းလင်း ဂန့်ဂေါမှကျောဘက်သို့ ရှေ့ပြေးတက်လာသောခြေလျင်တပ်သား ၁၂ ဦးအား YDF မှသုတ်သင်ရှင်းလင်း Reviewed by THITHTOOLWIN on 20:57 Rating: 5

No comments:

Powered by Blogger.