မြောင်မြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ်သား ၁၀ဦး​သေ၊ ငါးဦးထက်မနည်း ဒဏ်ရာရဟု CDSOM ထုတ်ပြန်

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပရိမ္မကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ငါးဦးထက် မနည်းဒဏ်ရာရရှိခဲ့သည်ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM)က ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၇ ရက်က ပရိမ္မကျေးရွာသောင်ပြင်မှ ခြေကုပ်ယူထားသော စစ်ကောင်စီတပ်ကို အထက်သို့ တက်မလာနိုင်ရေးအတွက် ပြည်သူ့တပ်ဖွဲ့ ခုနှစ်ဖွဲ့ပူးပေါင်း၍ မဟာမိတ်စစ်ဆင်ရေးကို ဆင်နွှဲခဲ့ခြင်းဖြစ်သည်။

ယနေ့ မဟာမိတ်စစ်ဆင်ရေး၏ တိုက်ပွဲနှစ်ကြိမ်သည် မွန်းလွဲမတိုင်မီအချိန်ခန့်က ပစ်ခတ်တိုက်ခိုက်ကြရာ ၁နာရီခန့်အကြာတွင် စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့သည်ဟု CDSOMက ဆိုသည်။

ထို့နောက် ညနေ ၄ နာရီ မှ ၆ နာရီ ၁၅မိနစ်အထိ၂နာရီနှင့် ၁၅မိနစ်ခန့်ကြာသည့် အဆိုပါတိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးခဲ့ပြီး ငါးဦးထက်မနည်းဒဏ်ရာရစေခဲ့သည် ထုတ်ပြန်ချက်၌ ဖော်ပြသည်။ 

တိုက်ပွဲနှစ်ခုတွင် စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ကြသော်လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော် တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာမရရှိဘဲ အန္တရာယ်ကင်းစွာ တပ်ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း အသိပေးသည်။ 

မဟာမိတ်စစ်ဆင်ရေးကို မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM ၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့ ၊မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့၊ Taloke-PDF ၊ ပြည်သူ့တပ်မတော်(မြောင်)-MUA ၊ MGN TIGER၊ MGN RANGER နှင့်Burmese Guerrilla Force-BGF တို့   အတူပူးပေါင်းခဲ့သည်။

People's Spring 



မြောင်မြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ်သား ၁၀ဦး​သေ၊ ငါးဦးထက်မနည်း ဒဏ်ရာရဟု CDSOM ထုတ်ပြန် မြောင်မြို့နယ်တိုက်ပွဲ စစ်​ကောင်စီတပ်သား ၁၀ဦး​သေ၊ ငါးဦးထက်မနည်း ဒဏ်ရာရဟု CDSOM ထုတ်ပြန် Reviewed by THITHTOOLWIN on 06:39 Rating: 5

No comments:

Powered by Blogger.