ဟားခါးမြို့ CDM ကျောင်းဆရာမ ၂ဦးနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံး ၀န်ထမ်းတစ်ဦး ဖမ်းဆီးခံရ

နို၀င်ဘာ ၂၅ ရက်နေ့ ညနေပိုင်း ၅နာရီခွဲခန့်က ဟားခါးမြို့တွင် နေထိုင်ကြသော CMD ကျောင်းဆရာမ ၂ဦးနဲ့ ရွေးကောက်ပွဲကော်မရှင်ရုံး၀န်ထမ်းတစ်ဦးတို့အား စကစရဲသားများက ၎င်းတို့ရဲ့ နေအိမ်များတွင် လာရောက် ဖမ်းဆီးသွားကြကြောင်း သိရသည်။ 

ဖမ်းဆီးခံရသူများမှာ ဆရာမ ဒေါ်သင်ဖာမ်၊ ဆရာမ ရွန်အီယာန်နှင့် ရွေးကောက်ပွဲကော်မရှင်ရုံး၀န်ထမ်း ဦးထန်ဘွေတို့ ဖြစ်ပါတယ်။ 

CDM လှုပ်ရှားမှုတွင်ပါ၀င်မှုကြောင့် စကစရဲသားတွေက လာဖမ်းသွားကြတယ်လို့ မျက်မြင်သက်‌‌‌သေတွေက ပြောပြပါတယ်။ 

Chin News Journal - CNJ

ဟားခါးမြို့ CDM ကျောင်းဆရာမ ၂ဦးနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံး ၀န်ထမ်းတစ်ဦး ဖမ်းဆီးခံရ  ဟားခါးမြို့ CDM ကျောင်းဆရာမ ၂ဦးနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရုံး ၀န်ထမ်းတစ်ဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 08:01 Rating: 5

No comments:

Powered by Blogger.