နတ်မောက်မြို့ ရဲတပ်ဖွဲ့မှူးရုံးက ရဲမေတဦး CDM ပြုလုပ်




နတ်မောက်၊ နိုဝင်ဘာ ၁၀၊ ၂၀၂၁။

မကွေးတိုင်း၊ နတ်မောက်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ကိုယ်ပိုင်အမှတ် လ/၂၆၉၈၂၇ ရဲတပ်သား ဝေဝေခိုင်ဟာ နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၆ နာရီတွင်တာဝန်ကရပ်နားပြီး CDM ဝန်ထမ်းအဖြစ် YDF (Saw&Kyaukhtu)တပ်ဖွဲ့ထံမှာ ခိုလှုံခဲ့ကြောင်း သိရပါတယ်။

ပြည်သူ့ရင်ခွင်ကို ဝင်ရောက်လာလို့ ‌ကောင်းမွန်စွာစောင့်ရှောက်ထားပြီး နိုဝင်ဘာလ ၁၀ ရက်နေ့က ဘေးကင်းလုံခြုံသောနေရာကို ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။

စစ်အာဏာရှင်လက်အောက်မှာ တာဝန်မထမ်းဆောင်လို့ခြင်းသာဖြစ်ပြီး၊ ပြည်သူ့ဝန်ထမ်းတယောက်အနေနဲ့ ပြည်သူ့ဘက်က ရပ်တည်ပြီး CDM လှုပ်ရှားမှုဖြင့် ဆက်လက်ပါဝင်သွားမှာဖြစ်တယ်လို့ ရဲတပ်သားဝေဝေခိုင်က YAW (Saw&Kyaukhtu) PDF ထံစာပို့ထားကြောင်း သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

https://www.facebook.com/myaelattathan

နတ်မောက်မြို့ ရဲတပ်ဖွဲ့မှူးရုံးက ရဲမေတဦး CDM ပြုလုပ် နတ်မောက်မြို့ ရဲတပ်ဖွဲ့မှူးရုံးက ရဲမေတဦး CDM ပြုလုပ် Reviewed by THITHTOOLWIN on 19:52 Rating: 5

No comments:

Powered by Blogger.