မြိုင်မြို့နယ်ထဲက ဖြတ်လာတဲ့ စစ်ကောင်စီယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ


မြိုင်၊ နိုဝင်ဘာ ၁၁၊ ၂၀၂၁။

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက ဖြတ်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို  နို၀င်ဘာ ၁၁ ရက် ဒီကနေ့ တရက်တည်းမှာပဲ မိုင်း ၂ ကြိမ်ဆွဲ တိုက်ခိုက်ခဲ့တယ်လို့ မြိုင် PDF ဆီက သိရပါတယ်။ 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကွမ်းတောရွာအနီးမှာ  ဒီကနေ့မနက် ၁၀ နာရီခွဲလောက်မှာ မိုင်း ၂ လုံးနဲ့ တကြိမ် တိုက်ခိုက်ခဲ့ပြီးနောက်  နေ့လည် ၁ နာရီလောက်မှာ မြိုင်နဲ့ ရေစကြိုနယ်စပ် လှည်းကုတ်ရွာအနီးမှာ မိုင်း ၃ လုံးနဲ့ ထပ်ပြီးတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ PDF နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကိုမြိုင် PDF က ဗိုလ်မိုးကား၊ ဗိုလ်လင်းယုန်ခေါင်းဆောင်‌တဲ့ အဖွဲ့ဝင်တွေကလုပ်ဆောင်ခဲ့တာဖြစ်ပြီး  စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ 

Myaing PDF အနေနဲ့ နို၀င်ဘာ ၁၀ ရက် ဒီကနေ့မနက် ၁၁ နာရီ ခွဲ‌လောက်ကလည်း စစ်ကောင်စီကို ထောက်ပံ့ကြေးပေးနေတဲ့ ရေနံဆီကားတစီးကို မြိုင်-ဆားလင်းကြီးနယ်စပ်မှာ မိုင်းဆွဲဖောက်ခွဲ သတိပေးခဲ့တယ်လို့ သိရပါတယ်။


မြေလတ်အသံ - Myaelatt Athan 

မြိုင်မြို့နယ်ထဲက ဖြတ်လာတဲ့ စစ်ကောင်စီယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ မြိုင်မြို့နယ်ထဲက ဖြတ်လာတဲ့ စစ်ကောင်စီယာဉ်တန်း နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ Reviewed by THITHTOOLWIN on 19:59 Rating: 5

No comments:

Powered by Blogger.