အကြမ်းဖက်မှုတွေကို ဘက်အားလုံးက ရှောင်ဖို့ ရုရှား၊ အိန္ဒိယနဲ့ တရုတ်ပြော

မြန်မာနိုင်ငံထဲက စစ်အာဏာသိမ်းပြီးနောက် ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဘက်အားလုံးက အကြမ်းဖက်မှုတွေကို ရှောင်ရှားကြဖို့ ရုရှား၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့က ပြောပါတယ်။

မနေ့က သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ အွန်လိုင်းက တွေ့ဆုံစည်းဝေးခဲ့ရာမှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ပြောကြားခဲ့တာကို ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက် မြန်မာ စစ်တပ်ကို နီးနီးကပ်ကပ် ဆက်ဆံနေတဲ့ ရုရှားနဲ့ မြန်မာ့အရေးကို တခြား အနောက်ဒီမိုကရေစီ နိုင်ငံကြီးတွေထက် ညင်သာစွာ ကိုင်တွယ်နေတဲ့ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယတို့ရဲ့တောင်းဆိုမှု ဖြစ်ပါတယ်။

မနေ့ကပဲ အမေရိကန်နဲ့ ယူကေအပါဝင် နိုင်ငံ ခုနစ်နိုင်ငံက ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ မြန်မာနိုင်ငံက ပဋိပက္ခတွေမှာ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေ အကြမ်းဖက်မှုတွေကို ရှောင်ရှားဖို့ ပြောဆိုထားပါတယ်။

အဲဒီ ခုနစ်နိုင်ငံ ပူးတွဲ ကြေညာချက်ဟာ အခြေအမြစ်မရှိတဲ့ အချက်တွေကို အခြေခံထားတဲ့ စွပ်စွဲချက်တွေဖြစ်ပြီး ကြေညာချက်ကို ပြင်းထန်စွာ ကန့်ကွက်တယ်လို့ စစ်ကောင်စီ အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်လာပါတယ်။

ရုရှား၊အိန္ဒိယနဲ့ တရုတ် သုံးနိုင်ငံတို့ရဲ့ အစည်းအဝေး ကြေညာချက်မှာ အာဆီယံ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ရေးကို မျှော်လင့်တယ်လို့ ထပ်ပြောထားပြီး အခုရက်ပိုင်း မြန်မာ့အရေး ထုတ်ပြန်ချက်တွေမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက အာဆီယံရဲ့ ဦးဆောင်မှုကို ဆက်အသိအမှတ်ပြုပြီး အာဆီယံ ဘုံသဘောတူညီချက် အကောင်အထည်ဖော်ရေး ပြောဆိုနေကြပါတယ်။

BBC Burmese

အကြမ်းဖက်မှုတွေကို ဘက်အားလုံးက ရှောင်ဖို့ ရုရှား၊ အိန္ဒိယနဲ့ တရုတ်ပြော အကြမ်းဖက်မှုတွေကို ဘက်အားလုံးက ရှောင်ဖို့ ရုရှား၊ အိန္ဒိယနဲ့ တရုတ်ပြော Reviewed by THITHTOOLWIN on 06:16 Rating: 5

No comments:

Powered by Blogger.