ပုံထဲက အတိုင်း ဖြစ်နေသော စစ်ကောင်စီ

စစ်ကောင်စီသည် တိုးမြှင့်လာနေသော တော်လှန်ရေး အရှိန်အဟုန်အား ဟန့်တားနိုင်ရန် နေ့စဉ် နှင့် အမျှ လူထု အား ခြိမ်းချောက်လျက် ရှိနေရာ ယခုအခါ NUG ၏ ငွေတိုက်စာချုပ်များ ဝယ်ယူပါက နှစ်ရှည် ထောင်ဒဏ် ချမှတ်မည်ဟု ထုတ်ပြောလာခဲ့ရပြီ ဖြစ်သည်။

၎င်းတို့အဖို့က ထိုသို့ ပြောလာရလေ နိုင်ငံရေး အရ အရေး နိမ့်လေ ပင် ဖြစ်လာရသည်။ စစ်ကောင်စီ အဖြစ်က ရေတိုက်စား ခံနေရသော ရေကာတာကြီးကို လက်ညိုးနှင့် ပိတ်ရန် ကြိုးစားခဲ့သည့် ဒပ်ခ်ျ လူငယ်လေး ဟမ်း ဘရင်ကာ ကဲ့သို့ပင် ဖြစ်နေသည်။

ထိုအဖြစ်သနစ် ကို အထင်အရှား ပြဆိုလာခဲ့သည်ကမြန်မာ ပလာဇာ အား သပိတ်မှောက်သည့် လုပ်ရပ်ပင် ဖြစ်သည်၊ အဆိုပါ ပလာဇာတွင် ဆန္ဒထုတ်ဖေါ်သော လူငယ် လေးများအား လုံခြုံရေး အစောင့်များက ရိုက်နှက်ဖမ်းဆီးရန် ကြိုးပမ်းခဲ့မှု အပေါ် ကန့်ကွက်သည့် အနေဖြင့် ရန်ကုန် မြို့နေ လူထု ကြီး၏ ဝိုင်းဝန်း သပိတ်မှောက်ခဲ့မှုကြီးကြောင့် ဗီယက်နမ် ပိုင် ပလာဇာကြီး တခုလုံး ကျီး နှင့် ဖုတ်ဖုတ် ဖြစ်သွားခဲ့ရသည်။

တနိုင်ငံလုံး လက်နက်ကိုင် တော်လှန်နေကြချိန် တွင် ထို အဖြစ်ကို အသေးအမွှားဟု ယူဆ၍ မရတော့ပဲ လွန်စွာ လေးနက်သည့် အ‌ဓိပ္ပါယ် ဆောင်၍ နေပေသည်။

မြန်မာ၏ အကျပ်အတည်းသည် ရေရှည်လာသည် နှင့် အမျှ လူထုသည် ဆက်လက် တောင့်ခံနိုင်စွမ်း လျော့ပါးလာနေပြီဟု ရှုမြင်လာနိုင်သည့် တရုတ် နှင့် အာဆီယံ အား၎င်း၊ ထိုသို့ စိတ်ကူးယဉ်နေဆဲ ဖြစ်သည့် အာဏာသိမ်း အဖွဲ့အား  ၎င်း၊ မိမိတို့သည် လုံးဝ အလျော့ပေး အညံ့ခံမည် မဟုတ်၊ ဖြစ်သည့် နည်းဖြင့် ဆက်လက် ဆန့်ကျင်နေမည် ဆိုသည်ကို ပြတ်သားစွာ ထုတ်ဖေါ်ပြသနိုင်လိုက်၍ လွန်စွာ ‌အရေးပါသော ခြေလှမ်းကြီးပင် ဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်။

လူသူကင်းမဲ့နေသော ထန်တလန် မြိုလေးအား စစ်တပ်မှ ဗုဒ္ဓဟူးနေ့တွင် နောက်ထပ် မီးတင်ရှို့ခဲ့ပြန်၍ အိမ်အလုံးပေါင်း ၄၉ လုံး ပျက်စီး သွားခဲ့ရသည်ဟုလည်း မြန်မာနောင်းက ဆိုသည်။ ၎င်းတို့အား ချင်းပြည်သူ့ တော်လှန်ရေး အဖွဲ့မှ စနိုက်ပါ ဖြင့် ပစ်ခတ်ခဲ့မှုကို လက်တုန့်ပြန်သည့် အနေဖြင့်ယခုလို ကျုးလွန်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

ဤသည်ကို ကြည့်က စစ်ကောင်စီသည် အောက်လက်ငယ်သားများကို လုံးဝ ထိန်းနိုင်စွမ်း မရှိတော့ပေ၊ စိတ်လည်း မဝင်စားတော့ ဆိုသည်ကို ပြဆိုနေသည်၊ ၎င်းတို့အဖို့က မည်သည့် နည်းနှင့်မဆို တော်လှန်ရေးအား အမြန်ဆုံးချေမှုန်းနိ့င်ရန်သာ စိတ်အား ထက်သန်နေကြသည်။

နိုဝင်ဘာ ၂၆ ရက်နေ့ စွဲဖြင့် ဩစတေးလျှ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီယား၊ ဗြိတိန် နှင့် အမေရိကန် ပြည်ထောင်စု တို့ မှ စု‌ ပေါင်း လက်မှတ်ရေးထိုးပြီး သက်ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးဌာနများမှ ကြေညာချက် အသီးသီး ထုတ်ပြန်လာခဲ့သည်၊ အဆိုပါ ကြေညာချက်တွင် ချင်းပြည်နယ်၊ စစ်ကိုင်း နှင့် မကွေးတိုင်းတို့တွင် အကြမ်းဖက်မှု များ တိုးမြှင့်လာနေခြင်း နှင့် အတူ လူ့အခွင့်အရေး ချိုး‌ဖောက်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျုးလွန်နေသည်ကို မိမိတို့တွင် သက်သေ အထောက်အထားများ ခိုင်မာစွာ ရရှိထားပြီးဖြစ်၍ လွန်စွာ စိုးရိမ်မကင်း ဖြစ်ရကြောင်း ပါရှိလာခဲ့သည်။

ဒေသတွင်း လုံခြုံရေးကိုပါ ရိုက်ခတ်လာနေပြီ ဖြစ်၍ အာဆီယံ၊ ကုလ အပါအဝင် နိုင်ငံတကာ နှင့် ပူးပေါင်း၍ တည်တံ့ခိုင်မြဲသည့် အဖြေတခု ထွက်ပေါ်ပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိနိူင်ရေး အတွက် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

ထို့အပြင် ဒဏ်ရာရလာသော PDF များအား တရားမဝင် ဆေးကုသ ပေးသည် ဆိုကာ လွိုင်ကော် ဘုရားကျောင်း အတွင်းမှ ဆေးဝန်ထမ်း ၁၈ ဦးကို ဖမ်းဆီးသွားသည့် လုပ်ရပ်အား အကြမ်းဖက် စစ်ကောင်စီက ဘာကိုမှ အရေးထားရကောင်းမှန်း မသိလောက်ပအောင်ပင် ဗြောင်ကျကျ ပင် ကြေညာလာသည်ကို CNN မှ  ရိုက်ဝာာ သတင်းကို ကိုးကား၍ ဖေါ်ပြလာပြန်သည်။

မြန်မာအရေး အထူး အကြံပေးကောင်စီကလည်း နိုင်ငံ၏ အနောက်မြောက် ဒေသတွင် လယ်သမားများအား ကောက်ပဲသီးနှံများ ရိတ်သိမ်းခြင်း မပြုရန် တားမြစ်လာပြီး အစာရေစာ ပြတ်လတ်အောင် ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်နေသည်ဟု ပြောဆိုလာခဲ့သည်။

နေပြည်တော် ရှိ အကြမ်းဖက် စစ်အာဏာသိမ်း ကောင်စီသည် ထိုသို့ လူ့အသိုက်အဝန်း တခုလုံးက လက်မခံနိုင်သည့် လုပ်ရပ်များ ဆက်တိုက် ကျုးလွန်လာခဲ့ရသည်နှင့်အမျှ  ‌နိုင်ငံတကာတွင်သာ မက ဒေသတွင်းတွင်ပါ အထီးကျန် ဖြစ်လာနေခြင်းကို ရေရှည် တောင့်ခံ သွားရန် ပြင်ဆင်လျက် ရှိနေသည်။

ထိုသို့ တောင်ခံသွားနိုင်ရန်လည်း အသစ်ဖွဲ့စည်းလာသော သတင်းမီဒီယာ ကောင်စီ မှ အာဏာသိမ်း အဖွဲ့ သစ္စာကို စောင့်သိပြီး ဖုံးဖိကာကွယ် သွားရန်ပင် မင်းအောင်လှိုင် ရှေ့တွင် အရှက်ကင်းမဲ့စွာ ကတိသစ္စာ ပြုလာခဲ့ကြသည်။

အမာခံ မဟာမိတ်ကြီး အဖြစ် သတ်မှတ်ထားသည့် တရုတ် အပေါ်လည်း ၎င်းတို့အား ဘီဂျင်းက ဦးဆောင် ပြုလုပ်သည့် အာဆီယံ-တရုတ် အစည်းအဝေးအား တက်ရောက်နိုင်အောင် လုပ်နိုင်စွမ်း မရှိသဖြင့် အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ရမှု အပေါ် အစာမကြေ ဖြစ်လာနေသည်။

တရုတ် ယခု အချိန်အထိ နိုင်အောင် မထိန်းနိုင် ဖြစ်နေသည့် စစ်ခေါင်းဆောင်များအားလည်း အောင့်အီး သည်းငြည်းခံနေရပြီ၊ ထို့အတွက် စစ်ခေါင်းဆောင်များ နှင့် တရုတ်၏ ဆက်ဆံရေးသည် အပြန်အလှန် အောင့်အီး ဆက်ဆံနေကြရသည့် အဆင့် သို့ ကူးပြောင်းလာနေခဲ့သည်။

ယခုအခါ တရုတ်သည် တောင်တရုတ် ပင်လယ်အတွင်း တင်းမာမှုများ၊ တိုင်ဝမ် အရေး နှင့် အာဆီယံ ကို အမေရိကန်၏ ထိုးဖောက်လာနေမှုကြောင့် အချိုသတ် ဆက်ဆံနေရ ခြင်းများ အစရှိသည်တို့ကြောင့် မြန်မာ စစ်ခေါင်းဆောင်များအား ကိုင်တွယ်ဖို့ လက်ရှောင်နေပြီး ကမ္ဘောဒီယားအား လွတ်လပ်စွာ ဆုံးဖြတ်ခွင့် ပေးထားပုံရသည်ဟု လေ့လာသူများက သုံးသပ်လျက် ရှိနေကြသည်။

တော်လှန်ရေး မုချ အောင်ရမည်!!!

Hla Soewai

ပုံထဲက အတိုင်း ဖြစ်နေသော စစ်ကောင်စီ ပုံထဲက အတိုင်း ဖြစ်နေသော စစ်ကောင်စီ Reviewed by THITHTOOLWIN on 22:23 Rating: 5

No comments:

Powered by Blogger.