သရက်ချောင်းမြို့နယ်က ရာအိမ်မှူးဟောင်း ပစ်သတ်ခံရ


မော်လမြိုင်၊ နိုဝင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာအုပ်စုမှာ ရာအိမ်မှူးဟောင်းတစ်ဦး ဒီကနေ့ နံနက်အ​စောပိုင်းမှာ သေနတ်ပစ်သတ်ခံရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

နိုဝင်ဘာ ၁၄ ရက် နံနက် ၁ နာရီခွဲဝန်းကျင်မှာ ကျောက်လှေကားရွာ ရော်ဘာခြံသွားရောက်ချိန်မှာ သေနတ်ပစ်သတ်ခံရခြင်းဖြစ်တယ်လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

" မနက်အစောပိုင်း​မှာ သူ့ရော်ဘာခြံထဲအသွားမှာ သေနတ်ပစ်သတ်ခံရတာ၊ ဦးခေါင်းမှာထိသွားတယ်၊ ပွဲချင်းပီးပဲ သေတယ်။ သူအရင်က ရာအိမ်မှူးလုပ်ခဲ့ဖူးတယ်၊ အခုတော့ သူမလုပ်တော့ဘူး" လို့ ဆိုပါတယ်။

အသတ်ခံရသူမှာ စိုးနိုင်(ခေါ်)ဦးမောင်နိုင်ဖြစ်ပြီး သူဟာ စစ်အုပ်စုသတင်းပေးလုပ်ဆောင်နေပြီး နောက်ထပ်မလုပ်ဆောင်ဖို့ သတိပေးခံထားရပေမယ့် ဆက်လက်လုပ်ဆောင်နေတာဖြစ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သေနတ်ပစ်သတ်ခဲ့တာလို့  ဆိုပါတယ်။

သတင်း - သံလွင်တိုင်းမ် - Than Lwin Times 

သရက်ချောင်းမြို့နယ်က ရာအိမ်မှူးဟောင်း ပစ်သတ်ခံရ သရက်ချောင်းမြို့နယ်က ရာအိမ်မှူးဟောင်း ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 18:11 Rating: 5

No comments:

Powered by Blogger.