လေကြောင်းနဲ့ပစ်ကူခဲ့တဲ့ ဆောမှာ စစ်ကောင်စီဘက်က ၂၀ဦးထက်မနည်းသေဆုံး


ဆော၊ နိုဝင်ဘာ ၁၉၊ ၂၀၂၁။

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကောင်စီနဲ့ PDF တို့ တိုက်ပွဲပြင်းထန်နေပြီး လေကြောင်းနဲ့ပါ ပစ်ကူခဲ့ပေမယ့် စစ်ကောင်စီဘက်က ၂၀ဦးထက်မနည်းသေဆုံးပြီး PDF ဖက်က ၁ဦးကျဆုံးပြီး ၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆော PDF ဆီက သိရပါတယ်။

ဆောမြို့နယ်၊ တောမကျေးရွာနဲ့ ကျင်းလိမ်ကျေးရွာကြားမှာ မနေ့က စဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီဘက်က အင်အား ၇၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး အကျဆုံးများလို့ လေကြောင်းအကူလာခဲ့တာဖြစ်တယ်လို့ YDF COMMANDO တပ်ရင်းက မိုင်းတာဝန်ခံက ပြောပါတယ်။

"တိုက်ပွဲကတော့ မနေ့ညကတည်းက စဖြစ်တာ ဒီနေ့မနက်မနက် ၁၁ ခွဲလောက်မှ  လေကြောင်းအကူလာတယ်၊ တပ်မ၇၇ ကခြေလျင်စစ်ကြောင်းထိုးတာ ကျွန်တော်တို့ဘက်က မိုင်း၊လက်နက်ကြီး၊အဓိက ထားပြီး သူတို့ကိုခံပစ်တာ အကျအရှုံးက သုံးပုံ နှစ်ပုံဝန်းကျင်ကျတယ်လို့ သိထားရတယ် အတိအကျတော့မသိရသေးဘူး" လို့ ပြောပါတယ်။

ဒီနေ့ ညနေ ၅နာရီဝန်းကျင်မှာ ရဟတ်ယာဉ် ၅မိနစ်ခန့်ဆင်းသက်ခဲ့ပြီး ထိခိုက်သေဆုံးသူများနဲ့ တပ်ရင်းမှူးအဆင့်ရှိသူတစ်ယောက်ကို တင်ခေါ်သွားတယ်လို့ ဆော  PDF က ထုတ်ပြန်ထားပါတယ်။

မြေလတ်အသံ - Myaelatt Athan 

လေကြောင်းနဲ့ပစ်ကူခဲ့တဲ့ ဆောမှာ စစ်ကောင်စီဘက်က ၂၀ဦးထက်မနည်းသေဆုံး လေကြောင်းနဲ့ပစ်ကူခဲ့တဲ့ ဆောမှာ စစ်ကောင်စီဘက်က ၂၀ဦးထက်မနည်းသေဆုံး Reviewed by THITHTOOLWIN on 21:01 Rating: 5

No comments:

Powered by Blogger.