အမည်မသိလူတစ်စုက ရထားလုံခြုံရေး ရဲလေးယောက်ကိုသတ်ပြီး သေနတ်များယူဆောင်သွား



ဓာတ်ပုံ-CJ


14 August 2021 - Kachinwaves 

မြို့ပတ်ရထားတွင် လုံခြုံရေးအဖြစ်လိုက်ပါလာသည့် လက်နက်ကိုင်ရဲခြောက်ဦးကို တစ်တွဲထဲအတူလိုက်ပါစီးလာသူများမှ သေနတ်ဖြင့်ပစ်ပြီး လက်နက်များလည်း ယူဆောင်သွားခဲ့သည်ဟု အနီးတွင်ရှိသည့် ပြည်သူတစ်ဦးထံမှ သိရပါသည်။

ဩဂုတ်လ ၁၄ ရက် ညနေ ၅း၀၀ နာရီခန့်က ရန်ကုန်မြို့ အလုံဘူတာမှအထွက်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု ဆိုပါသည်။

"လေးယောက်သေတယ်လို့ကြားတာပဲ။ သေမှာပေါ့ သူတို့ကအမြဲမူးနေတာလေ။"ဟု အနီးနားက ဒေသခံတစ်ဦးကဆိုပါတယ်။

သေနတ်နှင့်ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင်လေးဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့သည်။

ဒဏ်ရာရသူနှစ်ဦးကို အမှတ်(၂) တပ်မတော်စစ်ဆေးရုံ(ကုတင်- ၅၀၀)ကို ပို့ဆောင်သွား​ကြောင်း သိရသည်။


သတင်း- သံလွင်ခက် - Than Lwin Khet News

Kachinwaves 

https://www.facebook.com/kachinwavesnews

အမည်မသိလူတစ်စုက ရထားလုံခြုံရေး ရဲလေးယောက်ကိုသတ်ပြီး သေနတ်များယူဆောင်သွား အမည်မသိလူတစ်စုက ရထားလုံခြုံရေး ရဲလေးယောက်ကိုသတ်ပြီး သေနတ်များယူဆောင်သွား Reviewed by THITHTOOLWIN on 01:54 Rating: 5

No comments:

Powered by Blogger.